ဥဋ္ဌာန သမ္ပဒါမျိုး ၅-ပါး။ ပစ္စည်းဥစ္စာ တိုးပွားမှု အားထုတ်ရာက မိမိကိုယ်တိုင် အောက်ပါတရားငါးပါးနှင့်ပြည့်စုံစွာ အားထုတ်ရှာဖွေရမည်။

  • (၁) ဥဏသမ္ပတ္တိ - ပြုလုပ်မည့်ကိစ္စ၌ အကျိုးရှိ မရှိကို စိစစ်ဝဖန်ကာ ဉာဏ်ဖြင့်ချိန်ရမည်၊
  • (၂) ဂတိ သမ္ပတ္တိ - ထိုကိစ္စ၌ အနေအထား အသွားအလာ အခင်းအကျင်းတို့ကို အချက်ပိုင်ရမည်၊
  • (၃) ဥပဓိ သမ္ပတ္တိ - ထိုပစ္စည်း၌ လှပခိုင်ခံ့ပြီးလွယ် ခေတ်မှီရေးနှင့် ပြည့်စုံစေရမည်၊
  • (၄) ကာလ သမ္ပတ္တိ - စောလွန်းခြင်း နောက်ကျခြင်း မရှိစရေဘဲ အချိန်သင့်ဖြစ်စေရမည်၊
  • (၅) ပယောဂသမ္ပတ္တိ - မုချအကျိုးရှိရမည်ဟု တစ်ခုတည်းသောဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှု ရှိရမည်။ [၁]


ကိုးကား ပြင်ဆင်ရန်

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း