[၁] ကောသလနိုင်ငံ သာဝတ္ထိမြို့ မိဂါရမာတုပြသာဒ်အောက်ထပ် အခန်းငါးရာ၌ သီတင်းသုံးနေကြသည့် နေ့ပိုင်းတစ်ချိန်လုံးအိပ်စက်ကြပြီး ညနေပိုင်း၌ အိပ်ရာမှထ၍ အာမိသကထာကို ပြောဆိုနေကြသော ရဟန်းသစ်တို့အား အရှင်မောဂ္ဂလ္လာန်ထေရ်ကို ထိုရဟန်းများထိတ်လန့်ကြောက်ရွံ့အောင်ပြုစေသဖြင့် ကြောက်ရွံ့ ထိတ်လန့်နေကြသည့် အခါ ဘုရားရှင်က “နိဗ္ဗာန်အကျိုးငှာ ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ကြရန်၊ သေမင်း ၏အလိုသို့ မလိုက်ပါနိုင်ကြစေရန်၊ တဏှာ၏နယ်ပယ်ကို လွန်မြောက်စေရန်၊ ဗုဒ္ဓုပ္ပါဒ နဝမခဏ (လူအခွင့် အရေး)ကို လက်မလွတ် မဆုံးရှုံးစေရန်၊ မေ့လျော့ခြင်းသည် အညစ်အကြေးများ ဖြစ်ပုံ၊ မမေ့မလျော့ခြင်း အာသဝက္ခယဉာဏ်ဖြင့် မိမိ၏စိတ်နှလုံး၌ စူးဝင်နေသော မြားငြောင့်ကို နှုတ်ပယ်နိုင်ရေးအတွက် ကမ္မဋ္ဌာန်းအလုပ် အားထုတ်ကြရန်” ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဇေတဝနဝိဟာရနှင့် မိဂါရမာတုပသာဒတို့၌ ဘုရားရှင် အလှည့်အလည် သီတင်းသုံးတော်မူပုံ၊ မိဂါရမာတုပါသာဒအကြောင်း အရှင်မောဂ္ဂလ္လာန် တန်ခိုးဖြင့်တုန်လှုပ်စေပုံ၊ သုတ်တော်အဆုံး၌ ရဟန်းတော်ငါးရာတို့ အရဟတ္တဖိုလ် ဆိုက်ရောက်ပုံတို့ကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၃၂၈။ သုတ္တနိ၊မြန်၊၃၀၉-၃၁၀။ သုတ္တနိ၊ဋ္ဌ၊၂၊၇၀-၃။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၂-စူဠဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ