သစ္စာရွှေစည်ဆရာတော်

(ဥတ္တမ (သစ္စာရွှေစည်) မှ ပြန်ညွှန်းထားသည်)

သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမကို စစ်ကိုင်းတိုင်းဒေသကြီးတန့်ဆည်မြို့နယ်၊ ငါးနုချောင်းအုပ်စု၊ ငါးနုချောင်းရွာ၌ ခမည်းတော်ကြီး ဦးဘသောင် နှင့် မယ်တော်ကြီး ဒေါ်သိန်းကြွယ်တို့က ၁၉၇၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက် (၁၃၃၃ ခု၊ တော်သလင်းလပြည့်ကျော် ၈ ရက်) တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။

သစ္စာရွှေစည်ဆရာတော်
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ကျောင်းတိုက်သစ္စာရွှေစည်ကျောင်းတိုက်၊ ရွှေမင်းဝံရပ်၊ စစ်ကိုင်းမြို့
ကျော်ကြားမှုတရားဟောခြင်း နှင့် ကျမ်းစာပြုစုခြင်း
အခြားအမည်များသစ္စာရွှေစည်ဆရာတော်
ဓမ္မအမည်ဥတ္တမ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား (1971-09-12) စက်တင်ဘာ ၁၂၊ ၁၉၇၁ (အသက် ၅၂)
၁၃၃၃ ခု၊ တော်သလင်းလပြည့်ကျော် (၈)ရက်
စစ်ကိုင်းတိုင်းဒေသကြီးတန့်ဆည်မြို့နယ်၊ ငါးနုချောင်းအုပ်စု၊ ငါးနုချောင်းရွာ
မိဘဦးဘသောင် နှင့် ဒေါ်သိန်းကြွယ်

ကိုယ်ရေးအကျဉ်း ပြင်ဆင်ရန်

၁၃၄၇ ခုနှစ် ကဆုန်လတွင် ရှင်သာမဏေပြုသည်။ ၁၃၄၈ ခုနှစ်တွင် မူလတန်း၊ ၁၃၄၉ ခုနှစ်တွင် ပထမငယ်တန်း၊ ၁၃၅၀ ခုနှစ်တွင် ပထမလတ်တန်း၊ ၁၃၅၁ ခုနှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်သည်။ ၁၃၅၂ ခုနှစ် နတ်တော်လပြည့်ကျော် (၁၂) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးမြစ်သားမြို့၊ မင်းကျောင်းစာသင်တိုက်၌ ဆရာတော် ဘဒ္ဒန္တဒေါက်တာဝေဠုရိယ(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ကို ဥပဇ္ဈယ်ပြုပြီး အရှင်ဉာဏသာမိ (အောင်ပန်းကျမ်းပြု) ၏ အနုသာသနပြုမှုကိုခံယူပြီးလျှင် ရဟန်းအဖြစ်သို့ ရောက်သည်။ ၁၃၆၄ ခုနှစ် တပို့တွဲလ (ရဟန်း(၁၂)ဝါအရ) တွင် ကျန်းမာရေးမကောင်းသဖြင့် (၁)လခန့် ရှင်သာမဏေဘဝဖြင့် နေသည်။ ၁၃၆၄ ခုနှစ် တပေါင်းလပြည့်ကျော် (၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ငါးနုချောင်းရွာ၊ စည်ရာန်ကျောင်းတိုက်၌ ကံများကျောင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုပြီး ဒုတိယအကြိမ် ရဟန်းအဖြစ်သို့ ရောက်သည်။ ယခုအခါ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ် သစ္စာရွှေစည်ကျောင်းတိုက်၌ သီတင်းသုံးနေပါသည်။[၁]

တရားတော်များ ပြင်ဆင်ရန်

ဆရာတော် ဟောကြားခဲ့သော တရားတော်များကို သစ္စာပါရမီ မိသားစု (စင်ကာပူ) က စုစည်းထားရှိပြီး mp3 တရားတော်ပေါင်း ၄၅၉ ပုဒ်ရှိသည်။[၂]ကြည့်ရှုသူ ၂ သိန်း ၈ သောင်းကျော်ရှိသော YouTube Dhamma Channel တွင် ဗီဒီယိုရိုက်ကူးထားသော တရားတော်များကို လွှင့်တင်ထားပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တရားတော်ပေါင်း ၃၀၇ ပုဒ်ရှိသည်။[၃]ကြည့်ရှုသူပေါင်း ၁ သောင်း ၅ ထောင်ခန့်ရှိသည့် သစ္စာရွှေစည် အရှင်ဥတ္တမ YouTube တွင်လည်း တရားတော်များကို လွှင့်တင်ထားသည်။[၄]၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဟောကြားခဲ့သည့် ချမ်းသာချင်ရင် စိတ်ကိုပြင် တရားတော်သည် ကြည့်ရှုကြိမ်ပေါင်း ၂ သိန်း ၂ သောင်းကျော်ရှိပြီး ၂၀၁၁ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့တွင် ဟောကြားခဲ့သည့် သူ့အကြောင်း ကိုယ့်အကြောင်း တရားတော်သည် ကြည့်ရှုကြိမ်ပေါင်း ၁ သိန်း ၈ သောင်းခန့်ရှိသည်။[၅][၆]

၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းတွင် စနေ၊​ တနင်္ဂနွေနှင့် ဥပုသ်နေ့တိုင်း ညစဉ်တရားပွဲများကို တရားတော်များ ပြန့်ပွားစေရန် ဆရာတော်၏ ဒါယကာများအသုံးပြုသည့် Facebook Account တွင် တိုက်ရိုက်လွှင့်ကာ ဟောကြားလျက် ရှိသည်။[၇]ထို Account တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက် မှတ်တမ်းအရ နောက်လိုက် ၂ သိန်းခန့် ရှိသည်။

တရားစာအုပ်များ ပြင်ဆင်ရန်

ဆရာတော် ရေးသားခဲ့သော တရားစာအုပ်များကို သစ္စာပါရမီ မိသားစု (စင်ကာပူ) က စုစည်းထားရှိသည်။[၈]

  1. ဧည့်သည်နှင့်တူသော အရာများ
  2. စကားတို့၏ အစွမ်း
  3. ဆင်းရဲအစ ချစ်ခြင်းက
  4. ရွဲကုန်သည်ထက် ပိုမိုက်သူများ
  5. စွန့်နိုင်သလောက် ချမ်းသာမည်
  6. ရန်သူအကြိုက် လိုက်ကြမှာလား
  7. သူ့အကြောင်း ကိုယ့်အကြောင်း
  8. သတိပဋ္ဌာန်ဂုဏ်ရည်
  9. ရှောင်လွဲမရသောအရာ
  10. ဗောဓိပက္ခယတရားတော် အပိုင်း (၁) - အပိုင်း (၇)
  11. သာသနာ၏ ရတနာများ
  12. ခေါင်းဆောင်ကြီးနှစ်ဦး
  13. သုခ ၁၂ ပါး
  14. ကျူသီး ဝါးသီး (သို့မဟုတ်) လောဘ ဒေါသ မောဟ
  15. ဒါနပါရမီ
  16. သီလပါရမီ
  17. နေက္ခမ္မပါရမီ
  18. ပညာပါရမီ
  19. ဝီရိယပါရမီ
  20. ခန္တီပါရမီ
  21. သစ္စာပါရမီ
  22. အဓိဋ္ဌာန်ပါရမီ
  23. မေတ္တာပါရမီ
  24. ဥပေက္ခာပါရမီ
  25. နှလုံးသွင်းမှန်ပါစေ
  26. ကိုဗစ်ကာလဓမ္မကထာ


ကိုးကား ပြင်ဆင်ရန်