ဥတ္တရာပုရပိုက်နက္ခတ်မှာ ၄ လုံး၊ ၂ လုံးစီ ခြေဖဝါးနှင့် တူ၏။ ပြုဗ္ဗာပုရပိုက်နက္ခတ်နှင့် ပေါင်း၍ အင်းပျဉ်သဏ္ဌာန် လေးလုံးရှိကြောင်း ဆိုသည်။ ထိုနက္ခတ်ကို အဟိပြနနတ်မင်း၊ သို့မဟုတ် အဟိဗုဓနတ်မင်း အစိုးရကြောင်းလည်းဆိုသည်။ ဗျိုင်းတာရာနှင့် ယှဉ်၍ သွား၏။[]

၂၆။ ဥတ္တရဘဒ္ဒပဒါ = ဥတ္တရဘဒြပိုဒ်နက္ခတ်

ပြင်ဆင်ရန်

ရာဇမတ္တဏ်ကျမ်း၌ “ဥတ္တရဘဒ္ဒပဒါ၊ အဟိပြုနော”ဟူ၍ နက္ခတ်ပရိယာယ် နှစ်ပုဒ်ပြဆိုပြီး အဘိဓာန်ဋီကာ၌ကား ပြုဗ္ဗာဒြပိုက်နက္ခတ်နှင့်အတူ ရောနှောလျက် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ ထိုနက္ခတ်၏ လုံးရေသင်္ချာနှင့် အဆင်းသဏ္ဌာန်ကို နက္ခတ် ကျမ်းများက ပြုဗ္ဗဘဒြပိုဒ်နက္ခတ်၏ လုံးရေနှင့် သဏ္ဌာန် အတိုင်း ပြဆိုပါသည်။

ထိုနက္ခတ်ကို အဟိပြန နတ်မင်းက အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ဆိုပြီး ဂြဟသျှန္တီကျမ်း ကမူ အဟိဗုဇနတ် မင်းက ပိုင်ဆိုင်ကြောင်း ပြဆိုပေသည်။ []

  1. http://martikar.pikay.org/2012/10/blog-post_5851.html
  2. နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)