အမှု—သိပ်ကြီးသော ရေသနုပ်ကို ပြုလုပ်၍ဝတ်မှု။

အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ []

ရေသနုပ် ခွင့်ပြုတော်မူရခြင်း

ပြင်ဆင်ရန်

ဝိသာခါသည် ဘုရားအထံ၌ ဆုရှစ်ပါးကို တောင်းသောအခါ ပြည့်တန်ဆာမတို့က ခနိုးခန့း ပြောင်လှောင်လိုက် ကြကြောင်းကိုလည်းကောင်း, မာတုဂါမတို့၏ ကိုယ်တုံးလုံးနေ ခြင်းသည် စက်ဆုပ်ရွံဖွယ် မတင့်တယ်ကြောင်းကိုလည်းကောင်း, လျှောက်ထား၍ “ဘိက္ခုနီအား အမြဲရေသနုပ် လှူလိုပါကြောင်းကိုလည်း ဆုတစ်ပါးအဖြစ်ဖြင့် ထည့်သွင်း လျှောက်တောင်းလေသည်၊ ထိုအခါ ဗုဒ္ဓမြတ်စွာသည် ဘိက္ခုနီတို့အား ရေသနုပ်ကို မဟာဝါ-စီဝရက္ခန္ဓက၌ အမြဲခွင့်ပြုတော်မူခဲ့၏။

ထိုသို့ ခွင့်ပြုလိုက်လျှင်ပင် ဆဗ္ဗဂ္ဂီဂိုဏ်းဝင် ဘိက္ခုနီတို့သည် အတိုင်းအရှည် ပမာဏမထားဘဲ အလွန်ရှည်လျား ကြီးမားသော ရေသနုပ်ကို ချုပ်လုပ် ဆောင်ထား၍ ရှေ့ရောနောက်ပါ တွဲလျားချလျက် ဟိုဟိုဒီဒီ လှည့်လည် ကြသည်ကို အမြင်မတော်သော ဘိက္ခုနီတို့က ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ပြင်ဆင်ရန်

ဥဒကသာဋိကံ ပန ဘိက္ခုနိယာ ကာရယမာနာယ ပမာဏိကာ ကာရေတဗ္ဗာ, တတြိဒံ ပမာဏံ, ဒီဃသော စတဿော ဝိဒတ္ထိယော သုဂတဝိဒတ္ထိယာ, တိရိယံ ဒွေ ဝိဒတ္ထိယော။ တံ အတိက္ကာမေန္တိယာ ဆေဒနကံ ပါစိတ္တိယံ။

မြန်မာပြန်

ပြင်ဆင်ရန်

ရေသနုပ်ကို ချုပ်လုပ်စေသောဘိက္ခုနီသည် ပမာဏနှင့် ယှဉ်သော ရေသနုပ်ကိုသာ ချုပ်လုပ်စေရမည်၊ ထိုရေသနုပ်၏ ပမာဏကား-ဘုရားရှင်၏ လက်သန်း အထွာတော်ဖြင့် အလျား ၄-ထွာ, အနံ ၂-ထွာတည်း၊ ထိုပမာဏကို လွန်စေသော ဘိက္ခုနီမှာ ပို့သမျှကို ဖြတ်ပစ်ရခြင်းရှိသော ပါစိတ်အာပတ်သင့်၏။

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး