ဥဒယဂီရိ (Odia:ଉଦୟଗିରି) သည် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တွင် တည်ရှိသည့် အကြီးများဆုံး ဗုဒ္ဓစေတီပုထိုးတစ်ခု ဖြစ်သည်။[၁] ဤစေတီ၏ အနီးအနားတွင် Lalitgiri နှင့် Ratnagiri ရှိ စေတီပုထိုးများ တည်ရှိနေကြပြီး "Ratnagiri-Udayagiri-Lalitgiri " တို့၏ စိန်တြိဂံနေရာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။[၂] ရှေးခေတ်မှတ်တမ်းများတွင် ဤစေတီများထဲမှ တစ်ခု သို့မဟုတ် အားလုံးသည် Pushpagiri ဝိဟာရ ဟု ထင်မြင်မှုများ ရှိခဲ့ကြသည်။ သို့သော် ယခုကာလတွင်မူ စေတီတော်သည် သိသာစွာပင် မတူညီသည့် နေရာတွင် တည်ရှိလျက် ရှိသည်။ ထိုနေရာတွင် တွေ့ရှိရသည့် လူ့အသုံးအဆောင်ပစ္စည်းတွင် ဖော်ပြထားချက်အရ ဥဒယဂီရိစေတီတော်၏ သမိုင်းဝင်ဘွဲ့အမည်သည် "မဒဝပူရမဟာဝိဟာရ" ဖြစ်သည်။[၃] ဤနေရာသည် ဗုဒ္ဓဘာသာသာသနာ့နယ်မြေတစ်ခု ဖြစ်ကာ Ratnagiri နှင့်Lalitgiri ရှိ နယ်မြေများထက် ရှေးကျသည်။[၁]

ဥဒယဂီရိ
ଉଦୟଗିରି
အဓိကစေတီတော်ကြီး
ဥဒယဂီရိ၊ ဩရိဿ သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
ဥဒယဂီရိ၊ ဩရိဿ
အိန္ဒိယနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
ဥဒယဂီရိ၊ ဩရိဿ သည် Odisha တွင် တည်ရှိသည်
ဥဒယဂီရိ၊ ဩရိဿ
ဥဒယဂီရိ၊ ဩရိဿ (Odisha)
အချက်အလက်များ
တည်နေရာIndia
ကိုဩဒိနိတ်20°38′30″N 86°16′09″E / 20.6416°N 86.2692°E / 20.6416; 86.2692ကိုဩဒိနိတ်: 20°38′30″N 86°16′09″E / 20.6416°N 86.2692°E / 20.6416; 86.2692
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
ပြည်နယ်ဩရိဿပြည်နယ်
နိုင်ငံအိန္ဒိယနိုင်ငံ
လက်ရှိအခြေအနေထိန်းသိမ်းထား

တည်နေရာ ပြင်ဆင်ရန်

ဥဒယဂီရိသည် Jajpur ခရိုင်ရှိ Cuttack ၏ အရှေ့မြောက်ဘက် ၇၀ ကီလိုမီတာ (၄၃ မိုင်) နှင့် Bhubaneswar ၏ အရှေ့မြောက်ဘက် ၉၀ ကီလိုမီတာ (၅၆ မိုင်) အကွာရှိ တောင်ခြေတွင် တည်ရှိသည်။[၃] Ratnagiri နှင့် Udaygiri တို့မှ ၁၁ ကီလိုမီတာအကွာတွင်ရှိ၍ Lalitgiri မှ ၇ ကီလိုမီတာအကွာတွင် တည်ရှိသည်။ [၁][၂] ယခုအချိန်တွင် Puspagiri ဟု သတ်မှတ်ထားသည့် နေရာသည် Udaygiriမှ ၁၈ ကီလိုမီတာကွာဝေးပြီး "တြိဂံ" နေရာနှင့် အနီးဆုံးလည်း ဖြစ်သည်။

ရှာဖွေမှုများ ပြင်ဆင်ရန်

 
Buddha, flanked by Manjusri (left), holding an upraised sword (his attribute) and a chauri, partially broken off. To the right is Avalokiteshvara, holding a lotus and chauri.

ရုပ်ပုံများ ပြင်ဆင်ရန်

စာပေများ ပြင်ဆင်ရန်

  • Hoiberg၊ Dale; Ramchandani၊ Indu (2000)။ Students' Britannica India။ Popular Prakashan။ ISBN 978-0-85229-760-5CS1 maint: ref=harv (link)
  • Session၊ Indian Art History Congress (2000)။ Proceedings of Indian Art History Congress။ Indian Art History Congress။CS1 maint: ref=harv (link)

ပိုမိုဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Udayagiri။ Government of Odisha, Department of Tourism။ 20 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2020 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Kumar၊ Arjun။ "Sounds of silence at Buddhist sites in Odisha, Ratnagiri-Udayagiri-Lalitgiri"၊ 22 March 2012။ 
  3. ၃.၀ ၃.၁ Excavations – 2000–2005 – OrissaVarious Udaygiri-2, dt. Jajpur။ Archaeological Survey of India။ 11 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2015 တွင် ပြန်စစ်ပြီး။