ဥနဂလဝေဟေရ ရာဇမဟာဝိဟာရ၊ ဟင်ဂုရက်ဂိုဒါ

ဥနဂလဝေဟေရ ရာဇမဟာဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ ဟင်ဂူရက်ဂိုဒါတွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ၎င်းသည် ဟင်ဂူရက်ဂိုဒါ၏ တောင်ဘက် ၆ ကီလိုမီတာ (၃.၇ မိုင်) နှင့် ပိုလွန်နရုဝ၏ မြောက်ဘက် ၇ ကီလိုမီတာ (၄.၃ မိုင်) အကွာတွင် တည်ရှိသည်။ ၎င်းနေရာသည် ကျောင်းတော်ပရဝုဏ်များစွာနှင့် အပျက်အစီးများစွာ တည်ရှိသည့် နေရာတစ်ခု ဖြစ်သည်။ ထိုနေရာသည် အနုရာဒခေတ်ကာလ၏ အစောပိုင်းကာလတွင် တည်ရှိခဲ့ကြသည်ဟု ယုံကြည်ကြသည်။

Unagalawehera Rajamaha Viharaya, Hingurakgoda
උණගලාවෙහෙර රාජමහා විහාරය, හිඟුරක්ගොඩ
ဥနဂလဝေဟေရ ရာဇမဟာဝိဟာရ၊ ဟင်ဂုရက်ဂိုဒါ သည် သီရိလင်္ကာနိုင်ငံ တွင် တည်ရှိသည်
ဥနဂလဝေဟေရ ရာဇမဟာဝိဟာရ၊ ဟင်ဂုရက်ဂိုဒါ
သီရိလင်္ကာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာHingurakgoda,Sri Lanka
ကိုဩဒိနိတ်08°00′49.2″N 80°59′23.1″E / 8.013667°N 80.989750°E / 8.013667; 80.989750ကိုဩဒိနိတ်: 08°00′49.2″N 80°59′23.1″E / 8.013667°N 80.989750°E / 8.013667; 80.989750
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Polonnaruwa
စီရင်စုNorth Central Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple

ရှေးဟောင်းစေတီတော် ပြင်ဆင်ရန်

ဥနဂလဝေဟေရစေတီတော်သည် ပိုလွန်နရုဝမြို့ပြင်ပရှိ ဒုတိယမြောက်အကြီးဆုံး စေတီတော်ဖြစ်သည်။ စေတီတော်သည် ၃၀ မီတာ (၉၈ ပေ) မြင့်သည်။[၁][၂] သမိုင်းဒဏ္ဍာရီများအရ ထုံးကျောက်ဖြင့် ဆောက်လုပ်ထားပြီး အလွှာများသည် ထူထဲသည်။ ထိုအချိန်က ဝိဟာရကို "ဟုနုဂယ်ဝေဟေရ" ဟု ခေါ်ခဲ့ကြသည်။ နောက်ပိုင်းတွင် "ဥနဂလဝေဟေရ" ဟု သိကြသည်။ အခြားသော ရင်းမြစ်များအရ စေတီတော်ကို 'Uunagal Vehera' ဟု သိခဲ့ကြသည်။ ဘုရင် ဒုဋ္ဌဂါမဏိလက်ထက်တွင် ထိုဒေသကို Jayabima ဟု သိကြပြီး စေတီတော်ကို Jayabim ဝိဟာရဟု သိခဲ့ကြသည်။

ရှေးဟောင်းကျောင်းဝင်း ပြင်ဆင်ရန်

ဘုရင် Dappula IV (923-935 AD) လက်ထက်တွင် ဤကျောင်းတော်ကို Puvaram (Purvarama) Rajamaha Viharaya ဟု သိကြသည်။ ဤကျောင်းတော်သည် Ritigala ကျောင်းတော်နှင့် ဆက်နွှယ်မှု ရှိခဲ့သည်။ ထိုအချိန်က ကျောင်းတော်တည်ရှိသည့် မြေနေရာကို Hinginiwella ဟု သိခဲ့ကြသည်။

နှစ်စဉ်ကျင်းပသည့် ကျောင်းတော်၏ ပန်းအလှူပွဲတော် ပြင်ဆင်ရန်

ကျောင်းတော်တွင် ပန်းအလှူပွဲတော်ကို နှစ်စဉ်ကျင်းပပြီး ၎င်းပွဲတော်ကို Araliya Mal Poojawa ဟု ခေါ်သည်။ ဤပွဲတော်သည် သီရိလင်္ကာ၏ ပထမဆုံးသော ကျောင်းတော်ပန်းလှူပွဲ ဖြစ်သည်။ ကျောင်းတော်သို့ ပန်းပေါင်းတစ်သန်းလှူဒါန်းမှုကို ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Unveiling of the Pinnacle of a newly built Unagalawehera Stupa။ news.lk (26 June 2018)။ 26 June 2018 တွင် ပြန်စစ်ပြီး။
  2. Old Stupa Unagala Vehera။ sundaytimes.lk (27 July 2021)။ 27 July 2021 တွင် ပြန်စစ်ပြီး။
  3. Araliya Mal Poojawa။ alt.army.lk (12 June 2019)။ 12 June 2019 တွင် ပြန်စစ်ပြီး။