[၁] ဘုရားရှင် ရာဇဂြိုဟ်မြို့တော် ဂိဇ္ဈကုဋ်တောင်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်၏ အလုပ်အကျွေးဖြစ်သော မဏ္ဍိကာ၏သား ဥပကက ဘုရားရှင်အား ထိပါးပုတ်ခတ်ရန် ပြောဆိုသောစကားဖြင့်ပင် “သင်သည် သူတစ်ပါးကို ထိပါးချုပ်ချယ်သူဖြစ်သည်၊ သူတစ်ပါးအား ထိပါး ချုပ်ချယ်သောစကားကို ပြောဆိုသောသင်သည် ကုသိုလ်တရားတို့ကို မဖြစ်စေသူ ဖြစ်သည်၊ ကုသိုလ်တရားတို့ကို မဖြစ်စေခြင်းကြောင့် “သင်သည် ကဲ့ရဲ့ထိုက် အပြစ်ရှိသူ ဖြစ်သည်”ဟု မိန့်တော်မူလျှင် ဥပကက “ရေပေါ်သို့ တက်လာသောငါးကို ဖမ်းဆီးသူဥပမာဖြင့် ဘုရားရှင်အား လျှောက်ထားပါသည်။ ဥပက ငါဘုရားသည် အကုသိုလ်, အကုသိုလ်မည်ခြင်းအကြောင်း, အကုသိုလ်ကို ပယ်အပ်ပုံ, အကုသိုလ်ကို ပယ်ခြင်းအကြောင်း၊ ကုသိုလ်, ကုသိုလ်မည်ခြင်း အကြောင်း, ကုသိုလ်ကို ပွားများသင့်ပုံ, ကုသိုလ်ကို ပွားများခြင်း၏အကြောင်းတို့ကို ဟောကြားတော်မူအပ်သော ပုဒ်, ဝါကျ, ဓမ္မဒေသနာတို့ အတိုင်းအရှည်မရှိအောင် များပြားလှပုံကို ဘုရားရှင်က မိန့်ကြားတော်မူပါသည်။ ဥပကသည် ဘုရားရှင်၏ တရားဒေသနာတော်ကို ဝမ်းမြောက်ဝမ်းသာ နာယူပြီး မိမိနှင့် ဘုရားရှင်တို့ အပြန်အလှန် ပြောဆိုကြပုံကို အဇာတသတ်မင်းအား လျှောက်ထားသည့်အခါ အဇာတသတ် မင်းက ကြိမ်းမောင်းပြီး ဥပကအား နှင်ထုတ်ပုံကို ပြဆိုသည့်သုတ်။ [၂]

ဥပကကြည့်


ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၅၀၁-၂။ အံ၊မြန်၊၁၊၁၁၆-၇။ အံ၊ဋ္ဌ၊၂၊၃၆၂။ အံ၊ဋီ၊၂၊၃၆၀။ ။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၁၉)၄-ဗြာဟ္မဏဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ