[၁] ဥပစာလာဘိက္ခုနီသည် သစ်ပင်တစ်ပင်၏အောက်၌ နေ့သန့်နေစဉ် မာရ်နတ် ရောက်လာပြီး “အထက်နတ်ပြည် ၅-ထပ်တို့တွင် မည်သည့်နတ်ပြည်၌ မွေ့လျော် ခံစားလိုပါသနည်း”ဟု မေးလျှောက်ရာ ဥပစာလာဘိက္ခုနီက “ထိုနတ်ပြည် ၅-ထပ်တို့သည် ကာမဂုဏ်အနှောင်အဖွဲ့တို့ဖြင့် နှောင်ဖွဲ့ထားသဖြင့် မစ္စုမာရ်, ကိလေသမာရ်, ဒေဝပုတ္တမာရ်တို့၏အလိုသို့ လိုက်ပါကြရကုန်၏၊ ၃၁-ဘုံဟူသောလောကကြီးသည် ကိလေသာမီးတို့ဖြင့် တငြီးငြီးထိန်ပြောင် တောက်လောင်ပူလှိုက် တုန်လှုပ်နေပေ၏။ မာရ်နတ်၏ဖြစ်ရာမဟုတ် ပုထုဇဉ်တို့ မမှီဝဲအပ်သောနိဗ္ဗာန်၌သာ စူးစူးစိုက်စိုက် လွန်စွာ နှစ်ခြိုက်မွေ့လျော်၏”အစရှိသည်ဖြင့် မာရ်နတ်အား မိန့်ကြားသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၁၃၄။ သံ၊မြန်၊၁၊၁၂၉။ သံ၊ဋ္ဌ၊၁၊၁၇၇။ သံ၊ဋီ၊၁၊၂၂၆။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၅-ဘိက္ခုနီသံယုတ္တ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ