[၁] ရဟန္တာဖြစ်သော ရဟန်းတော်တစ်ပါး ကောသလတိုင်း တောအုပ်တစ်ခုအတွင်း၌ နေ့သန့်စဉ် အိပ်ပျော်နေသဖြင့် အကျိုးစီးပွားလိုလားသော တောစောင့်နတ်က အိပ်ခြင်း၏အကျိုးမရှိပုံ, သဒ္ဓါတရားပွားများသင့်ပုံအစရှိသည်ဖြင့် အကျိုးအပြစ်ကိုပြ၍ နိုးစေရာ ရဟန်းတော်က-ကိလေသာအနှောင်အဖွဲ့မှလွတ်ပြီးသောရဟန်း, အစင်ကြယ် ဆုံးဖြစ်သော စတုသစ္စဉာဏ်နှင့် ပြည့်စုံသောရဟန်း, အာသဝေါတရားတို့ကုန်ပြီးသော ရဟန်း, ထက်သန်သောလုံ့လဖြင့် နိဗ္ဗာန်သို့စေလွှတ်အပ်ပြီးသော စိတ်ရှိသောရဟန်းတို့အား နေ့အခါအိပ်ပျော်ခြင်းဖြင့် ပူပန်မှုမရှိနိုင်ပုံကို မိန့်ကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ရဟန္တာပုဂ္ဂိုလ်အား ကိုယ်ပင်ပန်းမှု “ကာယဒရထရှိပုံနှင့် အာတုရ (ကျင်နာမှု)သုံးမျိုးနှင့် မှတ်သားဖွယ်များ ဖွင့်ပြထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၁၉၉-၂၀၀။ သံ၊မြန်၊။ ၁၈၆-၇။ သံ၊ဋ္ဌ၊၁၊၂၆၂-၄။ သံ၊ဋီ၊၁၊၂၉၇-၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၉-ဝနသံယုတ္တ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ