ဥပဒေများ(၁၉၈၄) ပြင်ဆင်ရန်

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမအစည်းအဝေးနှင့် သတ္တမ အစည်းအဝေးတို့က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်ကောင်စီဥက္ကဋ္ဌက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ၁၉၈၄-ခုနှစ်အတွင်း အာဏာတည်သည့် ဥပဒေများမှာ ဘွိုင်လာဥပဒေ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေ၊ စည်ပင်သာယာရေးဥပဒေနှင့် လျှပ်စစ်ဥပဒေတို့ ဖြစ်ကြသည်။

ဘွိုင်လာဥပဒေ ပြင်ဆင်ရန်

ဘွိုင်လာဥပဒေကြမ်းကို တတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမအစည်းအဝေးက ၁၉၈၄ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၄ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌက လက်မှတ်ရေးထိုးကာ ဘွိုင်လာဥပဒေအဖြစ် ထုတ်ပြန်ခဲ့သည်။ ဘွိုင်လာဥပဒေတွင် အခန်းကိုးခန်းနှင့် ပုဒ်မပေါင်း ၄၂-ခု ပါရှိသည်။

  • အခန်း(၁)တွင် အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊
  • အခန်း(၂)တွင် ပိုင်ရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊
  • အခန်း(၃)တွင် စစ်ဆေးရေး မှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊
  • အခန်း(၄)တွင် စစ်ဆေးရေးမှူးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊
  • အခန်း(၅)တွင် အသုံးပြုခွင့်လက်မှတ်၊ ယာယီအသုံးပြု ခွင့်လက်မှတ် ပျက်ပြယ်ခြင်း၊
  • အခန်း (၆)တွင် အယူခံခြင်း၊
  • အခန်း (၇)တွင် ပြစ်မှုနှင့် ပြစ်ဒဏ်၊
  • အခန်း (၈)တွင် ကင်းလွတ်ခွင့်နှင့်
  • အခန်း (၉)တွင် အထွေထွေဟူ၍ ပါရှိသည်။


အခန်း(၁)တွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်များ ပါရှိသည်။ အခန်း (၁) ပုဒ်မ(၁)တွင် ဥပဒေ၏ အမည်ကို ဘွိုင်လာဥပဒေဟု သတ်မှတ်ထားသည်။ ပုဒ်မ (၂)တွင် ပုဒ်မခွဲ (က)မှ ပိုဒ်မခွဲ (ည)အထိ ပါရှိပြီး ဘွိုင်လာ၊ ရေနွေးငွေ့ပိုက်၊ ရေသွင်းပိုက်၊ မတော်တဆ ထိခိုက်မှု ဖြစ်ပွားခြင်း၊ စစ်ဆေးရေးမှူးချုပ်၊ စစ်ဆေးရေးမှူး၊ ခွင့်ပြုဖိအား၊ အသုံးပြုခွင့်လက်မှတ်၊ ယာယီအသုံးပြုခွင့်လက်မှတ်၊ ပိုင်ရှင်ဟူသော စကားရပ်များ၏ အဓိပ္ပာယ်များကို ဖော်ပြထားသည်။

အခန်း(၂)တွင် ပိုင်ရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြထားသည်။ အခန်း (၂) ပုဒ်မ (၃)မှ ပုဒ်မ (၁၁)အထိ ပိုင်ရှင်၏ တာဝန်များကို ပြဋ္ဌာန်းထားပြီး ပုဒ်မ (၁၂)မှ ပုဒ်မ (၁၄)အထိ ပိုင်ရှင်၏ လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားသည်။ အခန်း(၃)တွင် စစ်ဆေးရေးမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြထားသည်။ အခန်း(၃)ပုဒ်မ (၁၅)မှ ပုဒ်မ(၂ဝ) အထိ စစ်ဆေးရေးမှူး၏ တာဝန်များကို ပြဋ္ဌာန်းထားပြီး ပုဒ်မ (၂၁)မှ ပုဒ် (၂၂)အထိ စစ်ဆေးရေးမှူး၏ လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားသည်။ အခန်း(၄)တွင် စစ်ဆေးရေးမှူးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြထားသည်။ အခန်း (၄) ပုဒ်မ (၂၃)မှ (၂၅) အထိ စစ်ဆေးရေးမှူးချုပ်၏ တာဝန်များကို ပြဋ္ဌာန်းထားပြီး ပုဒ်မ (၂၆)မှ ပုဒ်မ (၂၈) အထိ စစ်ဆေးရေးမှူးချုပ်၏ လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားသည်။ အခန်း(၅)တွင် အသုံးပြုခွင့် လက်မှတ်၊ ယာယီအသုံးပြုခွင့် လက်မှတ် ပျက်ပြယ်ခြင်းကို ဖော်ပြထားသည်။ အခန်း (၅) ပုဒ်မ(၂၉)တွင် ပုဒ်မခွဲ (က)မှ ပုဒ်မခွဲ(စ)အထိ ပြဋ္ဌာန်းထားသည်။ အခန်း (၆)တွင် အယူခံခြင်းကို ဖော်ပြထားသည်။ အခန်း(၆)တွင် အယူခံခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ (၃ဝ)မှ ပုဒ်မ (၃၃) အထိ ပြဋ္ဌာန်းထားသည်။ အခန်း (၇)တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ဖော်ပြထားသည်။ အခန်း (၇)တွင် ပုဒ်မ (၃၄)မှ ပုဒ်မ (၃၈)အထိ ပြဋ္ဌာန်းထားပြီး ပုဒ်မအလိုက် ဘွိုင်လာဥပဒေအရ အနည်းဆုံး ထောင်ဒဏ်တနှစ်မှ အများဆုံး ထောက်ဒဏ်နှစ်နှစ်အထိ လည်းကောင်း၊ အနည်းဆုံး ဒဏ်ငွေကျပ် သုံးရာမှ အများဆုံး ဒဏ်ငွေကျပ် နှစ်ထောင်အထိ လည်းကောင်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။


အခန်း(၈)တွင် ကင်းလွတ်ခွင့်ကို ဖော်ပြထားသည်။ ပုဒ်မ (၃၉)မှ ပုဒ်မ (၄ဝ)အထိ ပြဋ္ဌာန်း ထားပြီး အခန်း(၉)တွင် အထွေထွေ ပြဋ္ဌာန်းချက်များကို ဖော်ပြထားသည်။ ဘွိုင်လာဥပဒေသည် နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများအရ လိုအပ်ချက်နှင့်အညီ ပြဋ္ဌာန်းထားခြင်းဖြစ်သဖြင့် လုပ်သားပြည်သူတို့အား ဘွိုင်လာကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ နိုင်ငံတော်အတွက် အခွန်အကောက်များ မှန်ကန်စွာ ရရှိခြင်း၊ နိုင်ငံတော် စက်မှုဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်းစသည့် အကျိုး ကျေးဇူးများ ဖြစ်ပေါ်စေသည်။

ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေ ပြင်ဆင်ရန်

ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေကြမ်းကို ၁၉၈၄ -ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပခဲ့သော တတိယအြကိမ် ပြည်သူ့လွှတ်တော် သတ္တမအစည်းအဝေးက အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေ (ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၆) အဖြစ် နိုင်ငံတော်ကောင်စီ ဥက0x033ဋ္ဌက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ဘာသာရပ်ဝင် ကိုယ်ပိုင်သင်တန်း ဥပဒေသည် မျက်မှောက် ကာလတွင် ဖွင့်လှစ်လျက်ရှိသော ကျူရှင် သင်တန်းကျောင်းများကို စနစ်တကျ 0x100ကီး0x100ကပ် ထိန်းကွပ်ရန် ပြဋ္ဌာန်းလိုက်သော ဥပဒေဖြစ်သည်။ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေတွင် အခန်း ခြောက်ခန်းနှင့် ဥပဒေပုဒ် ၃၁ ခု ပါရှိသည်။ အခန်း (၁)တွင် အမည်နှင့် အဓိပ0x053ါယ် ဖော်ပြချက် အခန်း(၂)တွင် မှတ်ပုံ တင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အခန်း (၃)တွင် ကိုယ်ပိုင်သင်တန်း အတွက် လိုအပ်ချက်များ၊ အခန်း(၄)တွင် တားမြစ်ချက်များ၊ အခန်း(၅)တွင် ပြစ်ဒဏ်များနှင့် အခန်း(၆)တွင် အထွေထွေဟူ၍ ပါရှိသည်။ အခန်း(၁)အမည်နှင့် အဓိပ0x053ါယ်ဖော်ပြချက်တွင် ကိုယ်ပိုင် သင်တန်း၊ ဘော်ဒါဆောင်၊ သင်တန်းေ0x100ကး၊ 0x100ကီး0x100ကပ်ရေးမှူး၊ တည်ထောင်ဖွင့်လှစ်သူနှင့် သင်တန်းဆရာဟူသော စကားရပ် များကို အဓိပ0x053ါယ်ဖွင့်ဆို ထားသည်။ အခန်း(၂) မှတ်ပုံတင်ခြင်းနှင့် ပယ်ဖျက်ခြင်းတွင် ကိုယ်ပိုင် သင်တန်း တည်ထောင်ဖွင့်လှစ်လိုသူက ဖြစ်စေ၊ သင်တန်းဆရာ အဖြစ် ဆောင်ရွက်လိုသူက ဖြစ်စေ သတ်မှတ်ချက်နှင့်အညီ တင်သွင်းလာသာ လျှောက်လွှာများကို စိစစ်ခွင့်ပြုရေးကိစ0x038၊ မှတ်ပုံတင်ခြင်း၊ ပယ်ဖျက်ခြင်း ကိစ0x038များကို ပြဋ္ဌာန်းထားသည်။ အခန်း (၃) ကိုယ်ပိုင်သင်တန်းအတွက် လိုအပ်ချက် များတွင် သင်0x100ကားခွင့် ရှိသည့် ဘာသာရပ် အရေအတွက်၊ သင်တန်းသားဦးရေ၊ သင်0x100ကားခွင့်ရှိသည့် အ0x100ကိမ်၊ သင်တန်း ေ0x100ကးနှင့် သင်တန်း၏ အဆောက်အအုံ၊ နေရာထိုင်ခင်းတို့ အပြင် သင်တန်းဆရာ၏ အရည်အချင်း သတ်မှတ်ချက်၊ သင်တန်း မှတ်ပုံတင်ရေးကိစ0x038များ ပြဋ္ဌာန်ထားသည်။ အခန်း (၄) တားမြစ်ချက်များတွင် ကိုယ်ပိုင်သင်တန်းများ တည်ထောင်ဖွင့်လှစ်သူများအနေဖြင့် ဥပဒေအရ တိကျစွာ ဖွင့်လှစ်ရန်နှင့် ရှောင်0x100ကဉ်ရမည့် အချက်များကို တားမြစ်ထား သည့် ပြဋ္ဌာန်းချက်များ ပါရှိသည်။ အခန်း (၅) ပြစ်ဒဏ်များတွင် ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ပါက ချမှတ်မည့် ပြစ်ဒဏ်များကို ဖော်ပြထားရာ အနည်းဆုံး ထောင်ဒဏ်နှစ်နှစ်မှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ လည်းကောင်း၊ အနည်းဆုံးဒဏ်ငွေ ကျပ်ငါးထောင်မှ အများဆုံးဒဏ်ငွေ ကျပ်သုံးသောင်းအထိ လည်းကောင်း၊ ပုဒ်မအလိုက် ပြဋ္ဌာန်း ထားသည်။ အခန်း (၆) အထွေထွေ ပြဋ္ဌာန်းချက်များတွင် ဥပဒေပါ ပြဋ္ဌာန်းချက်မှ ကင်းလွတ်ခွင့် ပြုထားသည့် သင်တန်းများကိစ0x038၊ ပညာရေးဝန်0x100ကီးဌာနက သင်တန်းများကို စိစစ်ခြင်း ကိစ0x038၊ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လက်တွေ့ အကောင်အထည် ဖော်ရာတွင် လက်စွဲပြုရမည့် လုပ်ထုံးလုပ်နည်းများ ကိစ0x038နှင့် ယခင်က ရှိခဲ့သော ကိုယ်ပိုင်ကျောင်းနှင့် ပတ်သက်သည့် ဥပဒေများကို ရုပ်သိမ်းခြင်းကိစ0x038များ ပါရှိသည်။ ၁၉၈၄ ခုနှစ် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ဥပဒေသည် အချိန်အခါနှင့်ကိုက်ညီခြင်း၊ နိုင်ငံတော်၏ ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ ရေးဆွဲထားခြင်း၊ ပညာရေးကို ဘန်းပြ၍ စီးပွားရေး သောင်းကျန်းသူများကို ထိန်းချုပ်ပေးခြင်း၊ ကျောင်းသူကျောင်းသားများနှင့် မိဘများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ခြင်း စသည့် ဂုဏ်အင်္ဂါများနှင့် ပြည့်စုံ ညီညွတ်သည့် ဥပဒေ ဖြစ်သည်။

စည်ပင်သာယာရေး ဥပဒေ ပြင်ဆင်ရန်

တတိယအ0x100ကိမ် ပြည်သူ့လွှတ်တော် သတ0x048မ အစည်းအဝေးက အတည်ပြု ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု ဆိုရှယ်လစ်သမ0x057တမြန်မာနိုင်ငံတော် စည်ပင်သာယာရေး ဥပဒေ (၁၉၈၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်-၅)ကို နိုင်ငံတော်ကောင်စီ ဥက0x033ဋ္ဌက ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် လက်မှတ် ရေးထိုးထုတ်ပြန်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့သည် ရန်ကုန် မြို့တော်ကို နိုင်ငံတော်၏ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ် လာစေရန် မြို့တော်နေ လုပ်သားပြည်သူများအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် သန့်ရှင်းရေ၊ ရေဖြန့်ဝေရေး၊ လမ်းများ ပြုပြင်ထိန်းသိမ်းရေး၊ ဈေးများ စနစ်တကျရှိရေး စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့၏ ဖွဲ့စည်းပုံကို ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ပြန်လည်ဖွဲ့စည်းရန် လိုအပ်သည့်အတွက် စည်ပင်သာယာရေး ဥပဒေကို ပြဋ္ဌာန်းရခြင်း ဖြစ်သည်။ ထိုဥပဒေသည် ရန်ကုန်မြို့တော် တစ်ခုတည်းသာမက နိုင်ငံတော်အတွင်းရှိ ပြည်နယ်၊ တိုင်းနှင့် မြို့နယ်များတွင် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းတာဝန်ကို သီးခြား စည်ပင်သာယာရေးကောင်စီဖြင့် အစားထိုး ဖွဲ့စည်းဆောင်ရွက် စေသင့်သည်ဟု တွေ့ရှိလျှင် နိုင်ငံတော်ကောင်စီက သီးခြား ကော်မတီဖြင့် အစားထိုး ဖွဲ့စည်းသတ်မှတ်နိုင်မည် ဖြစ်သည်။ သို့သော် ပြည်သူ့ကောင်စီများ၏ စည်ပင်သာယာရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက် များကို ပယ်ဖျက်ခြင်း မပြုပဲ ဆက်လက်ထားရှိမည် ဖြစ်သည်။ စည်ပင်သာယာရေးဥပဒေတွင် အခန်းသုံးခန်း ပါရှိသည်။ အခန်း (၁) အမည်နှင့် အဓိပ0x053ါယ် ဖော်ပြချက်တွင် စည်ပင် သာယာရေး ဥပဒေဟု ခေါ်တွင်စေရန်နှင့် ကော်မတီဆိုသည့် စကားရပ်ကို ရှင်းလင်း ဖော်ပြထားသည်။ အခန်း (၂) ဖွဲ့စည်းခြင်းတွင် စည်ပင်သာယာရေးအဖွဲ့ စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းခြင်း၊ ကော်မတီ၏ ဥက0x033ဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများ၊ မြို့တော်ဝန် သတ်မှတ်ခြင်း၊ စည်ပင် သာယာရေးအဖွဲ့ကို 0x100ကီး0x100ကပ်ခြင်း၊ စည်ပင်သာယာရေး နယ်နိမိတ်ကို သတ်မှတ်ခြင်းနှင့် ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် စသည်ဖြင့် ဥပဒေများ ပြဋ္ဌာန်းထားသည်။ အခန်း (၃) အထွေထွေတွင်မူ ဥပဒေပါ ပြဋ္ဌာန်းချက် များကို ဆောင်ရွက်နိုင်ရန် ဝန်0x100ကီးအဖွဲ့သည် အမိန့်များ၊ ညွှန်0x100ကားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင် သည်ဟူ၍ ပါရှိသည်။

လျှပ်စစ် ဥပဒေ ပြင်ဆင်ရန်

တတိယအ0x100ကိမ် ပြည်သူ့လွှတ်တော် သတ0x048မ အစည်း အဝေးက အတည်ပြုပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု ဆိုရှယ်လစ် သမ0x057တမြန်မာနိုင်ငံတော် လျှပ်စစ်ဥပဒေ (၁၉၈၄ ခုနှစ် ပြည်သူ့ လွှတ်တော် ဥပဒေအမှတ်-၇)ကို နိုင်ငံတော်ကောင်စီဥက0x033ဋ္ဌက ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် လက်မှတ် ရေးထိုး ထုတ်ပြန်သည်။ ၁၉၁ဝ ပြည့်နှစ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြဋ္ဌာန်း ခဲ့သည့် လျှပ်စစ်ဥပဒေဟောင်းသည် လက်ရှိ အခြေအနေနှင့် ဆီလျော်မှု မရှိတော့သည့်အပြင် တိုးတက်ပြောင်းလဲနေသည့် စက်မှုပိုင်းဆိုင်ရာ နည်းစနစ်များ လျှပ်စစ် ပစ0x038ည်းကိရိယာများ အရ အချို့သော ပုဒ်မများကို ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်ရန် လိုအပ်လျက်ရှိသည်။ ထိုပြင် လျှပ်စစ်ဥပဒေဟောင်း သည် အနှစ်သာရအားဖြင့် ပုဂ0x035လိကပိုင် လျှပ်စစ် လုပ်ငန်း များကို ထိန်းချုပ်သည့် သဘောသာရှိပြီး နိုင်ငံတော်က ကျင့်သုံးလျက်ရှိသည့် မူဝါဒများနှင့်လည်း ကိုက်ညီခြင်း မရှိတော့ချေ။ အထူးသဖြင့် ဥပဒေဟောင်းတွင် ပါရှိသည့် လုပ်ပိုင်ခွင့်များနှင့် ပြစ်ဒဏ် သတ်မှတ်ချက်များသည် လက်ရှိ အခြေအနေနှင့် ဆီလျော်မှုမရှိသည့်အတွက် ပြင်ဆင်ရန် လိုအပ် လျက်ရှိသည်။ ထေို့0x100ကာင့် ခေတ်နှင့်လည်းကောင်း၊ လက်ရှိ အသုံးပြု နေသည့် လျှပ်စစ်ပိုင်းဆိုင်ရာ နည်းစနစ်များ၊ လျှပ်စစ်ပစ0x038ည်း ကိရိယာများနှင့် ဆီလျော်မှု ရှိစေရန်အတွက်လည်းကောင်း မြန်မာနိုင်ငံ တဝန်းလုံးတွင် လျှပ်စစ်ဓာတ်အားကို စူးစမ်း ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်နှင့် ယင်းလုပ်ငန်းများကို လျှပ်စစ်အ0x1150x048ရာယ် ကင်းရှင်းစွာ လုပ်ကိုင် ဆောင်ရွက်ရန် လျှပ်စစ်ဥပဒေကို ပြဋ္ဌာန်းရခြင်း ဖြစ်သည်။ လျှပ်စစ်ဥပဒေ0x100ကမ်းတွင် အခန်းပေါင်း ၁ဝ ခန်း ပါဝင်သည်။ အခန်း (၁) သည် အမည်နှင့် အဓိပ0x053ါယ် ဖော်ပြ ချက်ဖြစ်ပြီး အခန်း (၂)သည် လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့်များ ဖြစ်၏။ အခန်း (၃)မှာ လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့်ရရှိသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း (၄)နှင့်(၅)တို့သည် စစ်ဆေးရေးမှူးနှင့် စစ်ဆေးရေးမှူးချုပ်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖော်ပြထားသည်။ အခန်း (၆)တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ဖော်ပြထားပြီး၊ အခန်း (၇)မှာ လျေော်0x100ကးသတ်မှတ်ခြင်းများကို ဖော်ပြထား သည်။ အခန်း (၈)တွင် အ0x100ကံပေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အခန်း (၉)တွင် လျှပ်စစ်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် လျှပ်စစ်စစ်ဆေးမှု နည်းစနစ်များကို သတ်မှတ်ထားပြီး၊ အခန်း (၁ဝ)တွင် အထွေ ထွေ စသည်ဖြင့် အသီးသီး ဖော်ပြထားသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)