(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်ဥပဝါဏမထေရ်၏ လျှောက်ထားချက်အရ “ဥပဝါဏ ... ဒုက္ခကို ဖဿဟူသော အကြောင်းတရားကို စွဲ၍ဖြစ်သောတရားဟု ငါဘုရား ဟောတော်မူ၏၊ ဤသို့ပြောဆို သူသည် ငါဘုရားဟောတော်မူသည့်အတိုင်း ပြောဆိုသူမည်၏၊ ငါဘုရားကိုစွပ်စွဲရာလည်း မရောက်၊ ငါဘုရား၏တရားကို အစဉ်လိုက်၍ ပြောဆိုရာလည်း ရောက်၏။ အကြောင်းနှင့် တကွ အယူသို့ကျရောက်ခြင်းသည် ပညာရှိတို့ကဲ့ရဲ့ဖွယ် တစုံတခုသို့လည်း မရောက်နိုင်၊ ဥပဝါဏ... ဒုက္ခကို ကိုယ်တိုင်ပြုအပ်၏-ဟု ပညတ်သော သမဏဗြာဟ္မဏများ၊ ဒုက္ခကို သူတပါးတို့သည် ပြုအပ်၏-ဟု ပညတ်သော သမဏ ဗြာဟ္မဏများ၊ ဒုက္ခကို ကိုယ်တိုင်လည်း ပြုအပ်၏, သူတပါးတို့လည်း ပြုအပ်၏-ဟု ပညတ်သော သမဏဗြာဟ္မဏများ၊ ဒုက္ခကို ကိုယ်တိုင်ပြုအပ်သည်လည်း မဟုတ်, သူတပါးတို့ပြုအပ်သည်လည်းမဟုတ် အကြောင်းကင်း၍ဖြစ်၏ဟု ပညတ်သော သမဏဗြာဟ္မဏများ ထိုသမဏဗြာဟ္မဏတို့သည် ဖဿကိုထား၍ ခံစားကြကုန်လတ္တံ့ ဟူသော ဤအကြောင်းမျိုးသည် မရှိ”ဟု အကျယ်ဟောတော်မူသည့်သုတ်။


[၂] အရှင်ဥပဝါဏမထေရ်၏ လျှောက်ထားချက်အရ “ဝိဇ္ဇာဖြင့် စရဏဖြင့် ဝိဇ္ဇာ စရဏဖြင့် ဝဋ်ဒုက္ခ၏အဆုံးကို ပြုနိုင်သည်ဖြစ်ငြားအံ့၊ ဤသို့ဖြစ်လျှင် ပြင်းစွာစွဲလမ်းမှု ဥပါဒါန်ရှိသည်ဖြစ်၍ သာလျှင် ဝဋ်ဒုက္ခဆုံး၏အဆုံးကို ပြုနိုင်သည်ဖြစ်ရာ၏၊ ဝိဇ္ဇာ စရဏမရှိဘဲ ဝဋ်ဒုက္ခ၏အဆုံးကို ပြုနိုင်သည်ဖြစ်လျှင် ပုထုဇဉ်ပုဂ္ဂိုလ်သည် ဝဋ်ဒုက္ခ၏ အဆုံးကို ပြုနိုင်သည်ဖြစ်ရာ၏၊ ပုထုဇဉ်ပုဂ္ဂိုလ်သည် ဝိဇ္ဇာစရဏနှင့် ကင်း၍ဖြစ်၏။ စရဏနှင့် မပြည်စုံသူသည် အမှန်သဘောကို (မဂ်ဉာဏ်ဖြင့်) မသိ, မမြင်နိုင်၊ စရဏနှင့် ပြည့်စုံသူသည်သာ အမှန်သဘောကို (မဂ်ဉာဏ်ဖြင့်) သိနိုင် မြင်နိုင်၏၊ အမှန်သဘောကို (မဂ်ဉာဏ်ဖြင့်) သိနိုင်, မြင်နိုင်သူသည်သာ ဝဋ်ဒုက္ခ၏အဆုံးကို ပြုနိုင်၏”ဟု အရှင်သာရိပုတ္တရာ ဟောတော်မူသည့်သုတ်။

(ထေရ၊၂၅၆။ အပ၊၁၊၇၈။ ထေရ၊ဋ္ဌ၊၁၊၃၉၃-၉။ အပ၊ဋ္ဌ၊၂၊၃၈-၉။) [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၂၇၆-၇။ သံ၊မြန်၊၁၊၂၆၂-၃။ သံ၊ဋီ၊၂၊၇၁။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၃-ဒသဗလဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. -အံ၊၁၊၄၈၂-၃။ အံ၊မြန်၊၁၊၄၉၆-၇။ အံ၊ဋ္ဌ၊၂၊၃၅၁-၂။ အံ၊ဋီ၊၂၊၃၅၁။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ စတုတ္ထပဏ္ဏာသက၊ (၁၈)၃-သဉ္စေတနိယဝဂ္ဂ၊ ပဉ္စမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ