ဥပဝါနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

တံခွန်အလှူပြုခြင်း ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ ဥပဝါနထေရ်သည် ဟံသာဝတီအမည်ရှိသည့် မြို့တွင် သူခစားအမှုလုပ် ဖြစ်၏။ ပဒုမုတ္တရမြတ်စွဘုရားသည် ပရိနိဗ္ဗာန်စံဝင်သောအခါ လူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း မြတ်စွဘုရား၏ ဓာတ်တော်များကို စေတီပုထိုးတည်ရန် ပြုလုပ်နေကြ၏။ ထိုသို့ ပြုလုပ်နေသည်ကို ဥပဝါနထေရ်သည် မြင်၏။

ထို့နောက် ဥပဝါနထေရ်သည် လျှော်ဖွပ်ထားသော အပေါ်ရုံပုဆိုးကို တံခွန်ပြုလုပ်ကာ ကောင်းကင်သို့ ပစ်တင်၏။ ထိုအခါ အဘိသမ္မတအမည်ရှိသည့် နတ်စစ်မှူးသည် တံခွန်ကို ယူကာ ကောင်းကင်၌ ဆောင်သွား၏။ ထိုအခါ တံခွန်သည် လေထဲ၌ တဖျပ်ဖျပ်လွန့်လူးနေသည်ကို ဥပဝါနထေရ်မြင်ရသဖြင့် လွန်ကဲစွာ ရွှင်မြူးဝမ်းမြောက်ခြင်း ဖြစ်ပေါ်၏။[၁]

တံခွန်လှူရခြင်း၏ အကျိုးကျေးဇူး ပြင်ဆင်ရန်

ထို့နောက် ဥပဝါနထေရ်သည် ရဟန်းတစ်ပါးထံသို့ ချဉ်းကပ်ကာ တံခွန်လှူရခြင်း၏ အကျိုးကို မေး၏။ ထိုအခါ ရဟန်းသည် ဥပဝါနထေရ်ဖြစ်သည့် သူခစားအား အင်္ဂါလေးပါးရှိသော သူရဲ၊ ခြောက်သောင်းသော တရိယ၊ ခါးသေး ရင်ချီသော ရှစ်သောင်းခြောက်ထောင်သော မိန်းမများ တို့သည် သင့်အား ခြံရံလတ္တံ့။ ထို့ပြင် ကမ္ဘာသုံးသောင်းပတ်လုံး နတ်ပြည်တွင် စံရလတ္တံ့။ သိကြားမင်းအဖြစ်ကို အကြိမ်ရှစ်ဆယ် ရလတ္တံ့။ အကြိမ်တစ်ထောင် စကြဝတေးမင်းဖြစ်လတ္တံ့။ ပဒေသရာဇ်မင်းအဖြစ်မူ မရေတွက်နိုင်အောင် ဖြစ်လတ္တံ့ဟု မိန့်တော်မူ၏။

ထို့နောက် ကမ္ဘာတစ်သိန်းအထက်တွင် ပွင့်တော်မူမည့် ဂေါတမမြတ်စွာဘုရားထံတွင် ရဟန်းပြု၍ ဥပဝါန အမည်ဖြင့် ရဟန်းဖြစ်မည်ဟု မိန့်တော်မူ၏။

ထိုကဲ့သို့ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်တွင် တံခွန်ကို လှူခဲ့သည့်အ ကျိုးကြောင့် ဥပဝါနထေရ်သည် ထိုအချိန်မှစကာ အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။[၁]

ဂေါတမမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ဂေါတမမြတ်စွာဘုရားလက်ထက်တွင် ဥပဝါန အမည်ဖြင့် ရဟန်းပြုတော်မူ၏။ ဥပဝါနထေရ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဘူတိဝဂ်