(၃)သုတ် ရှိပါသည်။

[၁] အရှင်အာနန္ဒာ၏ မေးလျှောက်ချက်အရ အရှင်သာရိပုတ္တရာက ဣန္ဒြေတို့ အလွန်ကြည်လင်သော မျက်နှာအဆင်း အလွန်စင်ကြယ်, ဖြူစင်တောက်ပသော နေခြင်းသည် စတုတ္ထဈာန်ကို ဝင်စားနေခြင်းကြောင့်ဖြစ်ပုံ-အစရှိသည်တို့ကို မိန့်ကြားတော်မူရာ အရှင်အာနန္ဒာထေရ်က အရှင်သာရိပုတ္တရာထေရ်သည် ဒိဋ္ဌိ, တဏှာ, မာနတို့ကို အချိန်ကြာမြင့်စွာကပင် ပယ်နှုတ်ပြီးဖြစ်သောကြောင့် တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် စတုတ္ထဈာန်ဝင်စားခြင်း, ထခြင်းတို့၌ အကြံအစီ မရှိတော့ပုံကို ပြန်လည် လျှောက်ထားသည့်သုတ်။


[၂] အညီအမျှရှုမှု “ဥပေက္ခာ” ယင်းနှင့် တကွဖြစ်သော ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓနိဿိတ, ဝေါဿဂ္ဂပရိဏာမီဖြစ်သော ဗောဇ္ဈင်ခုနစ်ပါးကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော် ကြီးစွာသော ချမ်းချမ်းသာသာ နေခြင်းငှာ ဖြစ်သည်-အစရှိသည်ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၃] ဥပေက္ခာဈာန်နှင့် တကွဖြစ်သော “သဒ္ဓါအစရှိသော ဣန္ဒငါးပါးတို့ကို ပွားများနေသောရဟန်းကို ဈာန်မှ မဆိတ်သုဉ်းပဲနေသူ- တိုင်းသူပြည်သားတို့ လှူဒါန်းအပ်သောဆွမ်းကို အကျိုး ရှိရှိဘုဉ်းပေးသူ-ဟု ဆိုထိုက်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၁၉၈-၉။ သံ၊မြန်၊၂၊၁၈၈-၉။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-သာရိပုတ္တသံယုတ္တ၊ ၄-ခုမြောက်သုတ်။
  2. -သံ၊၃၊၁၁၆။ သံ၊မြန်၊၃၊၁၂၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၈-နိရောဓဝဂ္ဂ၊ ၉-ခုမြောက်သုတ်။
  3. -အံ၊၁၊၄၄။ အံ၊မြန်၊၁၊၅၃။ -အင်္ဂုတ္တရနိကာယ၊ ဧကကနိပါတ၊ အပရအစ္ဆရာသင်္ဃာတဝဂ္ဂ၊ ၁၁၈-ခုမြောက်သုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ