အရှင်ဥပ္ပလဟတ္ထိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုအချိန်တွင် အရှင်ဥပ္ပလဟတ္ထိယထေရ် သည် ဝိဝရပြည်တွင် ပန်းသည်တစ်ဦးဖြစ်၏။ ပန်းသည်သည် မြတ်စွာဘုရားကို ဖူးမြင်ရ၏။ ထို့နောက် မြတ်စွာဘုရားအား ကြာပန်းစည်းကို ပေးလှူခဲ့၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပန်းလှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ကိုးဆယ့်လေးကမ္ဘာကို အစပြုကာ ယခုမလ္လာမင်းဖြစ်ဆဲ ဘဝကိုထား၍ “နဇ္ဇသမ” ဟု တူညီသော အမည်ဖြင့် အကြိမ်ငါးရာ မင်းဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဥပ္ပလဟတ္ထိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဘိက္ခဒါယိဝဂ်