(၄)သုတ် ရှိပါသည်။

[၁] မြေ, ရေ, လေ, မီး ဘုတ်ကြီးလေးခုတို့၏ ဖြစ်ခြင်း, တည်ခြင်း, ထူးထူးခြားခြား ဖြစ်ခြင်း၊ ထင်ထင်ရှားရှားဖြစ်ခြင်းသည် ဆင်းရဲဒုက္ခဖြစ်ခြင်း, ရောဂါတို့၏တည်ရာဖြစ်ခြင်း, အိုမှု သေမှု၏ ထင်ရှားဖြစ်ခြင်း ဖြစ်ပုံ၊ ယင်းဘုတ်ကြီးလေးခုတို့၏ ချုပ်ခြင်း ငြိမ်းခြင်း, ကွယ်ပျောက်ခြင်းသည် ဆင်းရဲဒုက္ခ၏ ချုပ်ခြင်း ရောဂါတို့၏ ငြိမ်းပျောက်ခြင်း အိုမှု သေမှု၏ ကွယ်ပျောက်ခြင်း ဖြစ်ပုံကို မဟာဘုတ်တစ်ပါးစီကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် အသီးသီး ဟောတော်မူသည့်သုတ်။


[၂] ရုပ်၏ဖြစ်ပေါ်မှုသည် ဒုက္ခ၏ဖြစ်ပေါ်ခြင်းတည်း၊ “ရောဂါများသိုလှောင်ထားရာ ခန္ဓာ့ဂိုထောင်ကြီးပမာ” ရုပ်၏တည်မှုသည် ရောဂါတို့၏တည်မှုတည်း။ ရုပ်၏ထင်ရှားစွာ ဖြစ်မှုသည် ဇရာမရဏ၏ ထင်ရှားစွာ ဖြစ်မှုတည်း၊ ရုပ်၏ချုပ်မှုသည် ဒုက္ခ၏ချုပ်ခြင်းတည်း၊ ရုပ်၏ငြိမ်းပျောက်မှုသည် ရောဂါတို့၏ ငြိမ်းပျောက်မှုတည်း၊ ရုပ်၏ ကင်းပျောက် ချုပ်ငြိမ်းမှုသည် ဇရာမရဏ၏ ကင်းပျောက်ချုပ်ငြိမ်းမှုတည်း အစရှိသည်ဖြင့် ခန္ဓာငါးပါးတို့ကို တစ်ပါးစီတစ်ပါးစီ သုက္ကပက္ခ, ကဏှပက္ခ ဒေသနာတော်နည်းဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၃] အရဟံဂုဏ်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်တော်မူသော ဘုရားရှင် ထင်ရှား ပွင့်တော် မူရာအခါ၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွားများအပ် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ကုန်သော သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ-ဟူသော ဣန္ဒြေငါးပါးတို့ ဖြစ်ပေါ် လာကုန်၏-ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၄] ဘုရားရှင်၏ အဆုံးအမသာသနာတော်၌သာ မဖြစ်ပေါ်ဖူးသေးကုန်သော ပွားများအပ် ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ကုန်သော သဒ္ဓါအစရှိသော ဣန္ဒြေ ငါးပါးတို့ ဖြစ်ပေါ်လာကုန်၏-ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၅]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၃၈၄။ သံ၊မြန်၊၁၊၃၇၁။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၃-ဓာတုသံယုတ္တ၊ ၄-စတုတ္ထဝဂ္ဂ၊ သတ္တမသုတ်။
  2. -သံ၊၂၊၂၆-၇။ သံ၊မြန်၊၂၊၂၆။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ခန္ဓသံယုတ္တ၊ ၃-ဘာရဝဂ္ဂ၊ နဝမသုတ်။
  3. -သံ၊၃၊၂၀၆။ သံ၊မြန်၊၃၊၂၁၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၄-ဣန္ဒြိယသံယုတ္တ၊ ၆-သူကရခတဝဂ္ဂ၊ နဝမသုတ်။
  4. -သံ၊၃၊၂၀၆။ သံ၊မြန်၊၃၊၂၁၂။ -သံယုတ္တနိကာယ၊ ... ဒသမသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ