ဥယျောဇနသိက္ခာပုဒ်
အမှု—ရဟန်းတပါးကို ဆွမ်းခံခေါ်သွားပြီးနောက်ဘာမျှပေးဘဲ ပြန်လွှတ်မှု။
အမှုသည်—ရှင်ဥပနန္ဒ။
အရှင်ဥပနန္ဒ၏ မတရားမှု
ပြင်ဆင်ရန်အရှင်ဥပနန္ဒသည် နောင်တော်၏ တပည့်ရဟန်းတပါးကို “လိုက်ခဲ့ ရွာသို့ ဆွမ်းခံဝင်ချေရအောင်”ဟု အဖေါ်ခေါ် သွား၍ ရွာသို့ရောက်သောအခါ အဖေါ်ပါနေသဖြင့် သူပြောချင်တာကို မပြောရသောကြောင့် “ငါ့ရှင်...ပြန်တော့, ငါ့မှာသင်နှင့် အတူဖြစ်နေလို့ စကားပြောရတာ-ထိုင်နေရတာ မချမ်းသာဘူး။ ငါ့တယောက်တည်းနေရတာက ကောင်းသေးတယ်”ဟု ပြော၍ စားသောက်ဘွယ် တစုံ တရာကိုမျှ မပေးဘဲ ပြန်လွှတ်လိုက်လေသည်။ ထိုကိုယ်တော်ကလေးမှာ ဆွမ်းခံဘို့ရာလည်း အချိန်မရှိတော့၊ ဆွမ်းစားကျောင်းမှာလည်း အားလုံး ဆွမ်းစားပြီး နေကြသဖြင့် ဆွမ်းအငတ်ခံရှာရလေ၏။ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် သိတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ယော ပန ဘိက္ခု ဘိက္ခုံ ‘‘ဧဟာဝုသော, ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ ပဝိသိဿာမာ’’တိ တဿ ဒါပေတွာ ဝါ အဒါပေတွာ ဝါ ဥယျောဇေယျ ‘‘ဂစ္ဆာဝုသော, န မေ တယာ သဒ္ဓိံ ကထာ ဝါ နိသဇ္ဇာ ဝါ ဖာသု ဟောတိ, ဧကကဿ မေ ကထာ ဝါ နိသဇ္ဇာ ဝါ ဖာသု ဟောတီ’’တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။[၁]
မြန်မာပြန်
ပြင်ဆင်ရန်“ရဟန်းတပါးကို ရွာသို့ (သို့မဟုတ်-နိဂုံးသို့) ဆွမ်းခံဝင်ချေကြစို့”ဟု ခေါ်သွားပြီးလျှင် ထိုအဖေါ် ရဟန်းအား ခဲဘွယ် ဘောဇဉ်တစုံတရာကို ပေးပြီး၍ဖြစ်စေ, မပေးဘဲဖြစ်စေ, “ငါ့ရှင်-ပြန်တော့၊ သင်နှင့်အတူနေ၍ စကားပြောရ-ထိုင်နေရတာ မချမ်းသာဘူး ငါ့တယောက်ထည်း နေရတာက ချမ်းသာသေးတယ်”ဟု ပြော၍ ပြန်လွှတ်အံ့။ ထိုပြန်လွှတ်ရာ၌ မိမိတယောက်ထည်း ပြောချင်ရာ ပြောဘို့-နေချင်သလိုနေဘို့-ကျင့်ချင်သလိုကျင့်ဘို့ အကြောင်းမှ တပါး, (၂-ပါးအတူ ဆွမ်းခံလျှင် မပြည့်စုံမည်ကို စိုးရခြင်းစသော) အခြားသင့်တော်သော အကြောင်းမရှိဘဲ ပြန်လွှတ်လျှင် အာပတ် သင့်၏။[၁]