ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့

ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပနိုင်ငံများကိုပေါင်းစည်းရန်ဆောင်ရွက်နေသောနိုင်ငံတကာအဖွဲ့

၁၉၅၁ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ချုပ်ဆိုခဲ့သည့် စာချုပ်အရ ၁၉၅၂ ခုနှစ် ဩဂုတ်လ ၁ဝ ရက်နေ့တွင် ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

အဖွဲ့၏ လုပ်ငန်းများမှာ ကျောက်မီးသွေးနှင့် သံမဏိ ထုတ်လုပ်မှုကို တိုးမြှင့်ရန်နှင့် ယင်းတို့ကိုအခြေ ပြု၍ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန်ပင် ဖြစ်သည်။ ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့သည် ကျောက်မီး သွေး၊ သံရိုင်းနှင့် သံတိုသံစဘုံ ဈေးကို ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ၎င်း၊ သံမဏိဘုံဈေးကို ၁၉၅၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ၎င်း၊ အထူးသံမဏိဘုံဈေးကို ၁၉၅၄ ခုနှစ် ဩဂုတ်လ ၁၇ရက်နေ့တွင် ၎င်း အသီးသီးဖွင့်လှစ်ခဲ့သည်။ အဖွဲ့၏ လက်အောက်တွင် အဖွဲ့ ဝင်နိုင်ငံများမှ စီးပွားရေးဆိုင်ရာ ဝန်ကြီးများ ပါဝင်သည့်ဝန်ကြီး များ ကောင်စီနှင့်အတိုင်ပင်ခံ ကော်မတီရှိသည်။

ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့တွင် အဖွဲ့ဝင် နိုင်ငံများအဖြစ် ဘယ်လဂျီယမ်၊ ပြင်သစ်၊အနောက် ဂျာမနီ၊ အီတလီ၊ လူဇင်ဘတ်နှင့် နယ်သာလန်တို့ ပါဝင်ပြီး အဖွဲ့၏ ဌာနချုပ်ကို လူဇင်ဘတ်မြို့တွင် ဖွင့်လှစ်ထားရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)