ဥဿင်္ကိတသုတ်
ဥဿင်္ကိတသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးနှင့် ပြည့်စုံသောရဟန်းသည် ရဟန္တာပင် ဖြစ်လျှင်းမူလည်း “ယုတ်မာသောရဟန်း” ဟူ၍ ရွံရှာအပ် ယုံမှားအပ်သူဖြစ်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁]
ဥဿင်္ကိတသုတ်
ပြင်ဆင်ရန်ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသောရဟန်းသည် ရဟန္တာပင် ဖြစ်လျှင်းမူလည်း “ယုတ်မာသောရဟန်း” ဟူ၍ ရွံရှာအပ် ယုံမှားအပ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်း ဟူမူ -
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် -
- ပြည့်တန်ဆာမ(အိမ်) လျှင် ကျက်စားရာရှိ၏။
- မုဆိုးမ(အိမ်) လျှင် ကျက်စားရာရှိ၏။
- အပျိုကြီး(အိမ်) လျှင် ကျက်စားရာရှိ၏။
- ပဏ္ဍုတ်(အိမ်) လျှင် ကျက်စားရာရှိ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ရဟန္တာပင် ဖြစ်လျှင်းမူလည်း “ယုတ်မာသောရဟန်း” ဟူ၍ ရွံရှာအပ် ယုံမှားအပ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။[၁]