ဥဿရရာဇမဟာဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ ဟင်ဂုရနမြို့တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ သီရိလင်္ကာအစိုးရက ကျောင်းတော်ကို ရှေးဟောင်းသုတေသနနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းကြေညာချက်ကို အစိုးရဂေဇတ်အမှတ် ၁၈၉၅ တွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၌ ကြေညာခဲ့သည်။[၁]

Uththara Jayamaha Vihara
උත්තර ජයමහා විහාරය
The rock inscription inside the Image house of the Vihara
အချက်အလက်များ
တည်နေရာHingurana
ကိုဩဒိနိတ်07°13′17.8″N 81°40′45.7″E / 7.221611°N 81.679361°E / 7.221611; 81.679361ကိုဩဒိနိတ်: 07°13′17.8″N 81°40′45.7″E / 7.221611°N 81.679361°E / 7.221611; 81.679361
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Ampara
စီရင်စုEastern Province
နိုင်ငံSri Lanka
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument (26 December 2014)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple

ကျောင်းတော် ပြင်ဆင်ရန်

ကျောင်းတော်သည် ဂယ်အိုယသကြားစက်ရုံ၏ အနောက်ဘက်၊ ဟင်ဂုရနအဝိုင်းမှ ၁ ကီလိုမီတာ (၀.၆၂ မိုင်) အကွာတွင် တည်ရှိသည်။ ဥဿရရာဇမဟာဝိဟာရကို ဘုရင် Saddha Tissa (137 BC – 119 BC) လက်ထက်က တည်ဆောက်ခဲ့သည်ဟု ယုံကြည်ရသည်။[၂] လက်ရှိအချိန်တည်ရှိနေသည့် ခေတ်သစ်ကျောင်းဆောင်သည် Digamadulla မင်းလက်ထက်က တည်ဆောက်ခဲ့သည်ဟု ယုံကြည်ကြသည်။ [၃]မကြာသေးခင်က ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ရာတွင် ရှေးခေတ်လက်ရာများကို လျော့ပါးသွားစေခဲ့သည်။ ရှေးဟောင်းလက်ရာများမထဲမှ ကျောက်စာများရေးသားထားသည့် ကိုရဝက်ဂါလာကျောက်တုံး (Korawak Gala)၊ ကျောက်စက်ရေများကျနေသည့်ဂူများ၊ ကျောက်စာတိုင်အပိုင်းများနှင့် အခြားသော ရှေးဟောင်းလက်ရာများကို ဖော်ထုတ်ခွဲခြားနိုင်ခဲ့သည်။

ကျောက်စာများ ပြင်ဆင်ရန်

ခရစ်နှစ်မတိုင်မီက အစောပိုင်းဗြဟ္မဏီဘာသာစကားဖြင့် ရေးထိုးထားသည့် ကျောက်စာများကို ဘုရားကျောင်းဆောင်ရှိရာ ကျောင်း၏ ကျောက်သားမျက်နှာပြင်တွင် တွေ့ရသည်။[၄] ကိုကျောက်စာများကို ၁၉၇၁ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနက ကူးယူခဲ့သည်။[၅]

ခေတ်ကာလ - ဘီစီ ၂ ရာစု၊
အက္ခရာအစောပိုင်းဗြဟ္မဏီ
ဘာသာစကား - Old Sinhalese
စာသား - "Mahamata-Utara-jhita-Racitaya lene"
ဘာသာပြန် - ဥတ္တရဝန်ကြီး၏ သမီး၊ ရာတီကာဂူ

ကိုးကား ပြင်ဆင်ရန်

  1. "PART I : SECTION (I) — GENERAL Government Notifications" (26 December 2014). The Gazette of the Democratic Socialist Republic of Sri Lanka 1895. [လင့်ခ်သေ]
  2. අම්පාරේ හිඟුරාන උත්තර ජයමහා විහාරස්ථානය (In Sinhala)Associated Newspapers of Ceylon Limited (5 October 2017)။ 8 October 2017 တွင် ပြန်စစ်ပြီး။
  3. Hingurana Uththara Jayamaha Viharaya Archaeological Site – හිඟුරාන උත්තර ජයමහා විහාරය පුරාවිද්‍යා භූමිය။ amazinglanka။ 3 September 2017 တွင် ပြန်စစ်ပြီး။
  4. Uththara Jayamaha Viharaya။ LankaPradeepa။ 30 September 2020 တွင် ပြန်စစ်ပြီး။
  5. Dias, Malini (1991)။ Epigraphical notes (Nos 1 -18) (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Colombo 7: Department of Archaeology။ p. 4။CS1 maint: location (link)