ဦးဇိနစေတီတော်
ဦးဇိနစေတီတော် သည် မော်လမြိုင်မြို့ အရှေ့ဘက် တောင်ရိုးတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]
ဦးဇိနစေတီတော် | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 16°28′23″N 97°37′46″E / 16.4731674°N 97.6294996°Eကိုဩဒိနိတ်: 16°28′23″N 97°37′46″E / 16.4731674°N 97.6294996°E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
တိုင်း | Mon State |
နိုင်ငံ | Myanmar |
လက်ရှိအခြေအနေ | active |
ဗိသုကာ | |
စတင်သည့်နှစ် | 19th century |
သမိုင်းကြောင်း
ပြင်ဆင်ရန်ရှေးအခါက ထိုဘုရားကို ကျိုက်ပတန် (ဘုရားဖြူ) ဟု မွန်ဘာသာဖြင့် ခေါ်ခဲ့သည်။ ဦးဇိန တည်ခဲ့သည့် စေတီဟောင်းသည် အသောကမင်းကြီးတည်ထားခဲ့သည့် ဆံတော်ကိန်းဝပ်လျက်ရှိသည့် စေတီဟု ယုံကြည်မှုများလည်း ရှိသည်။ (မော်လမြိုင်ရာဇဝင်၊ စာမျက်နှာ ၁၇၂) [၁]
ပြုပြင်မွမ်းမံမှုများ
ပြင်ဆင်ရန်မြန်မာ သက္ကရာဇ် ၁၂၃၅ ခုနှစ်တွင် မော်လမြိုင်မြို့ခံ သူဌေးဦးမိုးသည် ပျက်စီးနေသည့် စေတီတော်ကို ပြုပြင်ခဲ့သည်။ သို့ရာတွင် စေတီတော်သည် ငှက်ပျောဖူးအထိ ပြင်ပြီးမှ ပြိုကျခဲ့သည်။ ထို့ကြောင့် ဒုတိယအကြိမ် ထပ်မံ ပြုပြင်ခဲ့သည်။ ဒုတိယအကြိမ်တွင်လည်း ငှက်ပျောဖူးအထိ ပြီးသည့်အခါ ပြိုကျခဲ့ပြန်သည်။ တတိယအကြိမ်တွင်မူ သံခွေပတ်များဖြင့် တည်ခဲ့သဖြင့် အောင်မြင်ခဲ့သည်။ ထီတော်တင်ပွဲကို လေးလကြာ ကျင်းပခဲ့သည်။[၁]