တင်အေး၊ ဦး(မြို့မ)

(ဦးတင်အေး (မြို့မ) မှ ပြန်ညွှန်းထားသည်)

၁၉၅၇-၅၈ တွင် အိုးဝေ မဂ္ဂဇင်း ကော်မတီ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၀-၆၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။

ဦးတင်အေး (မြို့မ)

ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း တွင်ပညာ သင်ကြားခဲ့သည်။ မြို့မ ကျောင်းသားဟောင်းများ အဖွဲ့တွင် ရာသက်ပန် အမှုဆောင် တဦး ဖြစ်သည်။ မြို့မ ဦးတင်အေးဟု လူသိများသော ရှေ့နေကြီး တဦး ဖြစ်သည်။ (ကို) အောင်ထွန်း၊ "၈၈ နှစ်၊ မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း" စာအုပ် ရေးသားရာတွင် ကူညီခဲ့မှုဖြင့် ၁၉၉၈ နှစ်ဦးတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသည်။ တောင်ငူထောင်မှ ၂၀၀၃ ဩဂုတ်လဆန်းတွင် ပြန်လွတ်လာသည်။ ထောင်မကျခင် ကတည်းက ခါးနာရောဂါ ရှိခဲ့ပြီး၊ ထောင်တွင်း၌ ပိုမို ဆိုးရွားလာကာ ထောင်မှ လွတ်မြောက်ပြီး ၂ လနီးပါး အကြာ ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ကွယ်လွန်သည်။ သေဆုံးချိန်တွင် အသက် ၇၃ နှစ်ရှိ၍ သားသမီး ၄ ယောက် ကျန်ရစ်ခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. https://www.myanmarisp.com/2009-1/SB/stu0038/[လင့်ခ်သေ]