ဦးထောင်ဘိုသည် မန္တလေးနန်းတွင်းမှ ဆင်းသက်လာသူ ဖြစ်ပြီး၊ ရွှေတိဂုံ ခြေရင်း ဇရပ် တစ်ဆောင်၌ ပထမဆုံး သွားစိုက်ဆိုင် ဖွင့်လှစ်ခဲ့သော ပထမဆုံး သွားစိုက်ဆရာကြီးတစ်ဦး ဖြစ်သည်။ ရွှေတိဂုံ တောင်ဘက်မုခ်ရှိ ဦးထောင်ဘိုလမ်း မှာ မြန်မာလူမျိုးများထဲမှ ပထမဆုံး သွားစိုက်ဆရာကြီး ဦးထောင်ဘိုကို ဂုဏ်ပြု မှည့်ခေါ်ထားခြင်း ဖြစ်သည်။[၁]

၁-၇-၁၉၆၃ ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ၌ သွားစိုက်ဆရာကြီး ဦးထောင်ဘို၏ နာရေးကြော်ငြာကို အောက်ပါအတိုင်း တွေ့ရသည်။
ဦးထောင်ဘို(အသက် ၇၈)
ရန်ကုန်မြို့၊ ဦးထောင်ဗိုလ်လမ်း၊ အမှတ်(၁၀)နေ ဒေါ်စောရင်တို့၏ ခင်ပွန်း၊ သွားစိုက်ဆရာ ဦးဝင်းမောင် ဒေါ်သီတို့၏ ဖခင်၊ မြန်မာ သွားစိုက်ဆရာကြီး ဦးထောင်ဗိုလ်သည် ဝါဆိုလဆန်း ၁၀ ရက် တနင်္ဂနွေနေ့ (၃၁-၆-၆၃) နံနက် ၅ နာရီ ၃၀ အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်ပါ၍ ကြွင်းကျန်သော ရုပ်ကလာပ်ကို ၂-၇-၆၃ အင်္ဂါနေ့ ၁ နာရီအချိန်တွင် အထက်ပါ နေအိမ်မှ ကြံတောသုဿန်သို့ ပို့ဆောင်၍ မီးသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေး ဆွေမျိုးမိတ်သင်္ဂဟများအား သိစေအပ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၂။