ဦးဘတူ သည် ကိုလိုနီခေတ် မြန်မာ့သမိုင်းနှင့် နိုင်ငံရေးတွင် ဘုရင်ခံ၏ အတိုင်ပင်ခံ အကြံပေး အဖွဲ့ဝင်၊ "တူသာသင်း" (ဦးဘတူ၊ ဦးဘိုးသာ၊ ဦးသင်း) အဖွဲ့ဝင်အဖြစ် သမိုင်းမှတ်တမ်းတင်ခြင်း ခံရသည်။ ဝိုင်အမ်ဘီအေ အသင်းကြီးသည် မူလ ရည်မှန်းချက် ဖြစ်သော အမျိုး ဘာသာ သာသနာ ကိစ္စများတွင် သာမက နိုင်ငံရေး ကိစ္စများကို ဝင်ရောက် ဆောင်ရွက်လာရာ နိုင်ငံရေး မဆောင်ရွက်လိုသူ လူကြီးအဖွဲ့နှင့် နိုင်ငံရေးကို ဆက်လက် ဆောင်ရွက်လိုသူ လူငယ်အဖွဲ့ ကွဲပြားလာသည်။ လူကြီးအဖွဲ့ကို "တူ သာ သင်း" (ဦးဘတူ၊ ဦးဖိုးသာ၊ ဦးသင်း) တို့က ဦးဆောင်ခဲ့သည်။