ဦးမှာကြက်ရင်၊ ဝမ်းမှာဝက်ကျော၊ ပဲ့မှာဆန်ကော

ဦးမှာကြက်ရင်၊ ဝမ်းမှာဝက်ကျော၊ ပဲ့မှာဆန်ကော သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ် ပြင်ဆင်ရန်

လောင်းလှေထွင်းရာတွင် လှေဦးသည် ကြက်ရင်ကဲ့သို့ ခပ်မောက်မောက် ခပ်ချွန်ချွန် ရှိရမည်၊ လှေဝမ်းသည် ဝက်၏ ကျောကဲ့သို့ အလယ်တွင် အနည်းငယ် ခုံးသယောင်ရှိပြီး ဘေးနှစ်ဖက် ခပ်ပြေပြေ ရှိရမည်၊ ပဲ့သည် ဆန်ကောကဲ့သို့ ဝိုင်းနေရမည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။