ဦးရည်စိန်၏ လက်ရွေးစင်စာတမ်းများ (စာအုပ်)

မြန်မာ့သမိုင်းအဖွဲ့ဝင် ဦးရည်စိန် (၁၉၂၄-၂၀၀၅) ၏ သမိုင်းဘာသာရပ် ဆိုင်ရာ သုတေသန စာတမ်းများကို ဦးသော်ကောင်း က စုစည်း ထားခြင်း ဖြစ်ပြီး ဤစာအုပ်တွင် ပျူခေတ်မှ စ၍ ၂၀ ရာစုနှစ်ဦးပိုင်းအထိ မြန်မာ-တရုတ်ဆက်ဆံရေးသမိုင်းကြောင်းများကို တရုတ်မှတ်တမ်း အထောက်အထားများ ဆိုင်ရာ အင်္ဂလိပ်စာတမ်း (၇)ပုဒ်၊ မြန်မာစာတမ်း (၂၁) ပုဒ်၊ စုစုပေါင်း (၂၈)ပုဒ် ပါဝင်သည်။

ဦးရည်စိန်၏ လက်ရွေးစင် စာတမ်းများ

ယင်း စာတမ်းများသည် ရှေးဟောင်း ပျူနိုင်ငံ၊ ပျူလူမျိုးတို့၏ အကြောင်းအရာများကို ရှေးတရုတ် မှတ်တမ်း အထောက်အထားများ တွင် ဖော်ပြထားချက်များ၊ တိုင်းရင်းသား လူမျိုးများ အကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေး သမိုင်း အကြောင်းအရာ တို့ကို တရုတ်မှတ်တမ်း အထောက်အထားများစွာတို့မှ သုတေသနပြု မှတ်တမ်း တင်ထားသည့် စာတမ်းများ ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. "Book Catalogues"၊ Vol.7 No.17၊ 25 Jan 2012။ ၂၀၁၂-၀၈-၀၄ တွင် ပြန်စစ်ပြီး