ဦးသူတော်နှင့် ကျပ်တလုံး
shwehmoneaလေမောင်ပြုံးsoeLinနူိင်ငံတိုင်ကုမဏီပိုင်ရှင်
ဦးသူတော်နှင့် ကျပ်တလုံး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
ဦးသူတော်နှင့် ကျပ်တလုံး
ပြင်ဆင်ရန်အခေါင်ပရမေ တောင်ရွှေတွင်းရယ်က၊ နေရင်းမှာ မပျော်မွေ့သော်ကြောင့်၊ ဆင်ရွေ့ခဲ့အောက်တိုင်းနယ်၊
ငှက်ပျောသီးကိုလ၊ တောကြီးရာရှာဖွေလို့၊ နားမနေ ဝါးတွေခုတ်ရာက၊ မလုပ်နိုင် အားအန် နွဲ့သော်ကြောင့်၊ ဖျားပြန်ခဲ့တယ်။
အရာခံ ပြာတာ လုပ်ရာက၊ ဟာဟုတ်ပေါင် ရောင်တလုံးကိုဖြင့်၊ ကတုံးပြောင်ကဒိပ်ကယ်နှင့်၊ ကျောင်းရိပ်သို့မှီတာတွယ်၊ ပိတ်ထပ် နှင့်အမြန်။
ကျပ်တလုံးငယ်နှင့်၊ ရပ်သုံးဆယ် နဂရံက၊ အတန်တန် ဆန်ခံလို့ရတော့၊ သီလရင်ဖြူဖြူလတ်ကဲ့သို့၊ စရပ်မှာအကြံပြုပါလို့၊ အဝတ်ဖြူဇွတ်ယူလို့၊ လုသည့်နှယ် အရွယ်တူ မယ်သူမညုရစ်ပါနှင့်၊ ဖိုးသူ့ကဗြဲ။
မှတ်ချက်
ပြင်ဆင်ရန်ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။