ဦးသံမှို (၁၁၉၇ - ၁၂၆၆) သည် လက်ရုံးရည်နှလုံးရည် ပြည့်စုံသည့် ကျမ်းပြုစာဆိုတော်တစ်ဦး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဦးသံမှိုကို သက္ကရာဇ် ၁၁၉၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်နေ့တွင် တနင်္လာနေ့တွင် ကျောက်ဆောက်မြို့အနီး ရွာသာရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးရွှေရေး - ဒေါ်ဝိုင်း ဖြစ်သည်။

ငယ်စဉ်က ကျောက်ဆောက်မြို့ အနောက်တောင် ခရီး ၂ မိုင်အကွာရှိ ဆီမီးကန်ရွာ ကျီးကျောင်းဆရာတောထံ၌ ပညာသင်ကြားလျက် “ရှင်ကိတ္တိ” ဟူသည့် ဘွဲ့ဖြင့် သာမဏေဝတ်ခဲ့သည်။ စာပေလေ့လာသင်ကြားရာ ပျို့၊ ကဗျာ၊ လင်္ကာများကို ကောင်းမွန်စွာ တတ်ကျွမ်းသည်။

ထို့နောက်တွင် တောင်သာမြို့ အရှေ့တောင် ဒန့်တိုင်ရွာ တောင်ကျောင်းဆရာတော်ထံတွင် ပညာများ ဆက်လက်ဆည်းပူးကာ မြင်းခြံမြို့ ကိုးဆောင်တိုက်ဆရာတော်ထံတွင် ရဟန်းပြုခဲ့သည်။ ထို့နောက် မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး ခင်မကန်တိုက်တွင် စာပေများ ပို့ချခဲ့သည်။

သက္ကရာဇ် ၁၂၂၅ ခုနှစ်တွင် လူဝတ်လဲကာ မင်းတုန်းမင်း၏ သားတော်ကြီး ဇလွန်မြို့စားထံတွင် ခစားခဲ့သည်။ မြင်ကွန်းမြင်းခုန်အရေးတွင် ဇလွန်မြို့စား ကံတော်ကုန်ပြီးနောက် မြင်ကွန်းမြင်ခုန်မင်းသားတို့သည် အကြီး’တော်အရာဖြင့် ချီးမြှောက်ကာ “ဓမ္မရာဇာမင်းကြီး” ဟူသည့် ရွှေတံဆိပ် ပေးခအပ်ခဲ့သည်။

ထို့နောက်တွင် မင်းတုန်းမင်းသည် အမျက်တော် ရှိခဲ့ပြီး ဒန့်တိုင်ဆရာတော်၊ ကိုးဆောင်ဆရာတော်တို့က လျှောက်ထားသဖြင့် ရာဇဝတ်မှုမှ ကင်းလွတ်ခဲ့သည်။

ဦးသံမှိုသည် မန္တလေးတွင် မနေလိုဘဲ ရန်ကုန်မြို့သို့ စုန်ဆင်းခဲ့၍ ပြည်မြို့နှင့် မင်းလှမြို့များတွင် အတန်ကြာ နေထိုင်ခဲ့သည်။ ၁၂၃၄ ခုနှစ်တွင် ရန်ကုန်မြို့၌ ပုဂံမင်း၏ သမီးတော်နှင့် အိမ်ထောင်ဖက်၍ နေခဲ့သည်။ မြင်ကွန်းမင်းသားညီနောင် လွတ်မြောက်ရေးကိုလည်း အထူးကြိုးစားဆောင်ရွက်ခဲ့သည်။[၁]

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

ဦးသံမှိုသည် ၁၂၆၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် သောကြာနေ့တွင် ရန်ကုန်မြို့၊ ၁၉ လမ်း မန်ကျည်းတန်းရပ် နေအိမ်၌ ကွယ်လွန်ခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဦးသံမှိုသည် အောက်ပါကျမ်းများကို ရေးသားပြုစုခဲ့သည်။

၁။ ဗျိုင်းစေခန်းသာချင်း၊

၂။ အမွေခန်းဖြတ်စာ၊

၃။ တိဂုံဆံတော်ရှင်ငှက်မြတ်နားသမိုင်း၊

၄။ သလက္ခရကျောက်စာသမိုင်း၊

၅။ နောင်တော်ကြီးထီးတော်သမိုင်း၊

၆။ ကျိုက္ကစံဘုရားသမိုင်း၊

၇။ ငါးထပ်ကြီးဘုရားသမိုင်း၊

၈။ ဗောဓိမဉ္ဇူသာစာတမ်း၊

၉။ သင်္ဂြိုဟ်နိသျသစ်၊

၁၀။ ဂုဏတ္ထဇောတိကျမ်း၊

၁၁။ သဒ္ဒါအမေး အဖြေကျမ်း၊

၁၂။ အဘယကာရီကျမ်း၊

၁၃။ စလင်းကျောင်းတိုက်သိမ်ကမ္ဗည်းကျောက်စာ၊

၁၄။ မေတ္တာစာ၊ လေးချိုး၊ ဒွေးချိုး စသည်များ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁ခုနှစ်)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များအတ္ထုပ္ပတ္တိပေါင်းချုပ်။ ၃၅၇၊ဗိုလ်အောင်ကျော်လမ်း၊ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၅၀၊ ၂၅၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)