ဧကဝဿသိက္ခာပုဒ်
အမှု—တနှစ်တည်း၌ ၂-ပါး ရဟန်းပြုပေးမှု။
အမှုသည်—ဘိက္ခုနီအများ။[၁]
နှစ်စဉ် ၁-ပါးကျ ပြုမပေးရသဖြင့် တစ်နှစ်ခြားပြီးလျှင် နောက်တနှစ်၌ သိက္ခမာန် ၂-ပါးကို ဆရာလုပ်နိုင်သူတို့က ဥပဇ္ဈာယ်လုပ်၍ ရဟန်းပြုပေးကြလေရာ ရှေ့သိက္ခာပုဒ်လာ ဝတ္ထုအတိုင်း နေရာကျောင်း မလောက်သောကြောင့် လူတို့က စ၍ ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
ပြင်ဆင်ရန်ယာ ပန ဘိက္ခုနီ ဧကံ ဝဿံ ဒွေ ဝုဋ္ဌာပေယျ, ပါစိတ္တိယံ။
မြန်မာပြန်
ပြင်ဆင်ရန်တနှစ်ထည်း၌ သိက္ခမာန် ၂-ပါးကို ရဟန်းပြုပေးသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ်အာပတ်သင့်၏။ [ဤသိက္ခာပုဒ် ၂-ပါး အလိုအားဖြင့် ၂-နှစ်မှ တစ်ပါးသာရဟန်းပြုပေးကောင်းတော့သည်။]
ကုမာရီဘူတဝဂ်ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။