ဧကူပေါသထိကာထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ရှေးအတိတ်ဘဝ ပြင်ဆင်ရန်

ဤဘဒ္ဒကမ္ဘာမှ ရေတွက်သော် ကိုးဆယ့်တစ်ကမ္ဘာအထက် ကာလတွင် ဖြစ်၏။ ဧကူပေါသထိကာထေရီသည် အိုးရွက်သည်မ ဖြစ်ခဲ့၏။ နေထိုင်ရာမြို့ဖြစ်သည့် ဗန္ဓုမတီမြို့တွင် ဗန္ဓုမာမည်သော မင်းသည် ဥပုသ်ဆောက်တည်လျက် ရှိသည်ကို မြင်၏။ ထို့သို့ မြင်ပြီးနောက် အိုးရွက်သည်မသည်လည်း ဥပုသ်ဆောက်တည်ခဲ့လေသည်။

ထိုသို့ ဥပုသ်ဆောက်တည်ခဲ့သည့် ကုသိုလ်ကံကြောင့် သေလွန်သည့်အခါ တာဝတိံသာ နတ်ပြည်သို့ ရောက်ခဲ့၏။ ခြောက်ဆယ့်လေးယောက်သော နတ်မင်းတို့၏ မိဖုရား ဖြစ်ခဲ့၏။ ခြောက်ဆယ့်သုံးယောက်သော စကြဝတေးမင်းတို့၏ မိဖုရား ဖြစ်ခဲ့၏။ ဤဘဝတွင် ခုနစ်နှစ်အရွယ်တွင် ရဟန်းပြု၍ လခွဲမရောက်မီပင် အရဟတ္တဖိုလ်သို့ ရောက်ရှိခဲ့သည်။

ထိုသို့ ဥပုသ်ပြုခဲ့သော ဘဝမှ စ၍ ဧကူပေါသထိကာထေရီသည် မကောင်းသူတို့ ရောက်ရှိရာ ဒုဂ္ဂတိ ဘဝသို့ မရောက်ခဲ့ရပေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ခုဒ္ဒကနိကာယ်၊ ထေရီအပဒါန်ပါဠိတော်၊ ဧကူပေါသထိကဝဂ်