(၂)သုတ် ရှိပါသည်။

[၁] ရဟန်းတို့ တဏှာသည် ရောဂါတည်း၊ တဏှာသည် အိုင်းအမာတည်း၊ တဏှာသည် ငြောင့်တံသင်းတည်း၊ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ငါဘုရားသည် တဏှာမရှိဘဲ ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေ၏၊ ရဟန်းတို့ ထိုသို့ဖြစ်သောကြောင့် ရဟန်းသည်လည်း တဏှာမရှိပဲ ငြောင့်တံသင်း ကင်းသည်ဖြစ်၍ နေလိုခဲ့မူ -မျက်စိ၊ အဆင်း၊ စက္ခုဝိညာဏ်၊ စက္ခုသမ္ဖဿ၊ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို အထင်မမှားရာ၊ မျက်စိ -စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ၌ အထင်မမှားရာ၊ မျက်စိ-စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာမှ ငါ့ဥစ္စာဟု အထင်မမှားရာ၊ ထို့အတူ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်-ဟူသော အဇ္ဈတ္တိကာယတန၊ ဗဟိဒ္ဓါယတန၊ ဝိညာဏ၊ ဖဿ၊ ဖဿကြောင့်ဖြစ်သော ဝေဒနာ-ဟု တစ်မျိုး တစ်မျိုးလျှင် လေးဝါရစီနှင့် ဝါရအားလုံးတို့၌ အထင်မမှားသင့်ပုံကို ဟောတော်မူပါသည်။

ထိုသို့ (အာယတန ၁၂-ပါး၊ ဝိညာဏ် ၁၂-ပါး၊ ဖဿ ၁၂-ပါး၊ ဝေဒနာ ၁၂-ပါးတို့၌)အထင်မမှားသောရဟန်းသည် လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း၊ မစွဲလမ်းသည်ရှိသော် မတောင့်တ၊ မတောင့်တသည်ရှိသော် ယခုဘဝ၌ပင် ငြိမ်းအေး၏၊ အာသဝေါကင်းကွာ ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။


[၂] အထက်သုတ်အတိုင်းပင် အထင်မမှားသင့်ပုံကို ဟောတော်မူပြီး -အထင် မှားခံရသော မျက်စိ-အစရှိသည်သည် ထိုထင်မြင်ယူဆချက်မှ တမျိုးတဖုံအားဖြင့် ဖြစ်တတ်၏၊ တမျိုးတဖုံအားဖြင့် ဖြစ်လေ့ရှိသည်ဖြစ်၍ ဘဝတို့၌ ငြိကပ်တတ်သော သတ္တဝါအပေါင်းသည် ဘဝကိုသာလျှင် နှစ်သက်၏။ ရဟန်းတို့ ခန္ဓာ, ဓာတ်, အာယတန ရှိသမျှကို ရှိသမျှ၌ ရှိသမျှမှလည်း အထင်မမှားရာ၊ ခန္ဓာ, ဓာတ်, အာယတနကို ငါ့ဥစ္စာဟုလည်း အထင်မမှားရာ၊ ဤသို့ အထင်မမှားသောရဟန်းသည် လောက၌ အဘယ်အရာကိုမျှ မစွဲလမ်း မတောင့်တ သည်ရှိသော် ယခုဘဝ၌ပင် ငြိမ်းအေး၍ ရဟန္တာဖြစ်၏-ဟု ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၂၈၉။ သံ၊မြန်၊၂၊၂၈၁။ သံ၊ဋ္ဌ၊၃၊၂၆။ သံ၊ဋီ၊၂၊၂၉၉။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၉)၄-ဆန္နဝဂ္ဂ၊ သတ္တမသုတ်။
  2. -သံ၊၂၊၂၉၀။ သံ၊မြန်၊၂၊၂၈၂။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၉)၄-ဆန္နဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ