(၃)သုတ် ရှိပါသည်။

[၁] ရှာမှီးခြင်းသုံးမျိုးတို့ကို -ထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊ ပိုင်းခြား၍ သိခြင်းငှာ၊ ကုန်ခမ်းစေခြင်းငှာ၊ ပယ်ခြင်းငှာ -ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓနိဿိတ, ဝေါဿဂ္ဂပရိဏာမိဖြစ်သော၊ ရာဂ, ဒေါသ, မောဟ ဝိနယပရိဂေါသာနဖြစ်သော၊ အမတောဂဓ, အမတပရာယန, အမတပရိယောသာနဖြစ်သော၊ နိဗ္ဗာနနိန္န၊ နိဗ္ဗာနပေါဏ, နိဗ္ဗာနပဗ္ဘာရဖြစ်သော အဋ္ဌင်္ဂိကအရိယာမဂ်ကို ပွားများရမည်-ဟု အသီးသီး ဟောတော်မူသည့်သုတ်။

ဤဗြဟ္မစရိယဧသနာသည် မိစ္ဆာဒိဋ္ဌိဗြဟ္မစရိယကို ဟောတော်မူကြောင်း အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ပြထားပါသည်။


[၂] ရှာမှီးခြင်း “ဧသနာ”သုံးမျိုးတို့ကို၎င်း၊ ဧသနာသုံးမျိုးတို့၏ ဖြစ်ခြင်းအကြောင်းကို၎င်း၊ ဧသနာတို့၏ ချုပ်ရာနိဗ္ဗာန်ကို၎င်း၊ ဧသနာတို့၏ ချုပ်ရာနိဗ္ဗာန်ရောက်ကြောင်း အရိယာမဂ်ကို၎င်း ပိုင်းခြား၍သိသော သမာဓိ, ပညာ, သတိရှိသော မြတ်ဗုဒ္ဓ၏ တပည့် သာဝကသည် ဧသနာတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ ကိလေသ ပရိနိဗ္ဗာန်, ခန္ဓပရိနိဗ္ဗာန် ဝင်စံရပေ၏-ဟု ဘုရားရှင် ဟောတော်မူပုံကို ခုဇ္ဇုတ္တရာက သာမာဝတီမိဖုရား အမှူးရှိသော မိဖုရားတို့အား ဟောပြသည့်သုတ်။

အဋ္ဌကထာ၌-ဧသနာသုံးမျိုး အကျယ်နှင့် မဂ်ဖြင့်ပယ်ပုံတို့ကို ဖွင့်ပြထားပါသည်။


[၃] ကာမေသနာ, ဘဝေသနာ, ဗြဟ္မစရိယေသနာ-ဟူသော ရှာမှီးခြင်း “ဧသနာ” သုံးမျိုးတို့ကို ငါ၏ အယူသာမှန်၏၊ အခြားသူတို့ အယူသည် အချီးနှီးသာတည်း-ဟု မှားမှား ယွင်းယွင်း သုံးသပ်သည်ရှိသော် အကျိုးမဲ့အားလုံးတို့၏ အကြောင်းဖြစ်သော ဒိဋ္ဌိ, လောဘ-အစရှိသော ကိလေသာတို့ တိုးပွားလာကုန်၏။ ရာဂအားလုံးတို့မှ တပ်မက်ခြင်းကင်းသော တဏှာ၏ကုန်ရာ အရဟတ္တဖိုလ် ရှိသော ရဟန္တာပုဂ္ဂိုလ်အား ရှာမှီးခြင်းတို့ကို စွန့်လွှတ်အပ်ကုန်ပြီ၊ မိစ္ဆာအယူ၏ အကြောင်းတို့ကို နှုတ်ပယ်အပ်ကုန်ပြီ၊ ရှာမှီးခြင်းတို့၏ ကုန်ခြင်းကြောင့် ရဟန်းတော်သည် အလိုအာသာမရှိ တွေးတောမှု မရှိသူ ဖြစ်၏-ဟု ဘုရားရှင် အထံတော်မှ နာယူခဲ့သော တရားတော်ကို သာမာဝတီမိဖုရား အမှူးရှိသော ပရိသတ်အား ခုဇ္ဇုတ္တရာ ဟောကြားသည့်သုတ်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၅၀။ သံ၊မြန်၊၃၊၅၃။ သံ၊ဋ္ဌ၊၃၊၁၇၄။ သံ၊ဋီ၊၂၊၄၁၂။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁-မဂ္ဂသံယုတ္တ၊ ၇-ဧသနာဝဂ္ဂ၊ ပဌမသုတ်။
  2. -ဣတိဝုတ်၊၂၂၈။ ဣတိဝုတ်၊မြန်၊၂၁၂။ ဣတိဝုတ်၊၄။၁၈၆-၇။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ တိကနိပါတ၊ ပဌမဝဂ်၊ ပဉ္စမသုတ်။
  3. -ဣတိဝုတ်၊၂၂၈။ ဣတိဝုတ်၊မြန်၊၂၁၂။ ဣတိဝုတ်၊ဋ္ဌ၊၁၈၈။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ တိကနိပါတ၊ ပဌမဝဂ်၊ ဆဋ္ဌသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ