[၁] မွန်မြတ်သော ဘောဇဉ်တို့ဖြင့်ပြည့်သော ထမင်းအိုးကြီးတစ်ရာကို နံက်တစ်ကြိမ်, နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ်အားဖြင့် တစ်နေ့လျှင် သုံးကြိမ်ပေးလှူသော ဒါနကောင်းမှုထက် တစ်နေ့လျှင် တစ်ကြိမ်မျှ နွားနို့တစ်ခါညှစ် (နံ့သာတစ်ကြိမ်ရှု)ရုံ မျှ မေတ္တာဘာဝနာကို ပွားများသောကုသိုလ်က ပို၍ အကျိုးကြီးမား၏။ ထို့ကြောင့် မေတ္တာစေတောဝိမုတ္တိကို ကြိမ်ဖန်များစွာ ကယှဉ်ထားသောရထားနှင့် တည်ရာမြေကြီး ကဲ့သို့ ဖြစ်အောင် ပွားများရမည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-မှတ်သားဖွယ် အကျယ်ဖွင့်ပြချက်ကို လေ့လာနိုင်ပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၄၅၅။ သံ၊မြန်၊၁၊၄၄၄။ သံ၊ဋ္ဌ၊၂၊၂၀၆-၇။ သံ၊ဋီ၊၂၊၁၈၈။

    -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ -ဩပမ္မသံယုတ္တ၊ စတုတ္ထသုတ်။

  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ