ဤမြေပုံသည် အီတလီလူမျိုး Amerigo Vespucci နှင့် ဘယ်လ်ဂျီယံလူမျိုး Gerardus Mercator တို့၏ ကမ္ဘာ့မြေပုံဖြစ်သည်။
Sculpture of a male nude
၁၅၀၄ တွင် ထုလုပ်ခဲ့သော မိုက်ကယ်အင်ဂျီလို၏ ဒေးဗစ်ရုပ်တု
Portrait of a young woman, with a subtle smile, well-groomed and calm.
လူသိများလှသော လီယိုနာဒို ဒါဗင်စီ၏ မိုနာလီဆာ ပန်ချီကား

၁၆ ရာစုနှစ် သည် ဂျူလီယန် ပြက္ခဒိန်အရ ၁၅၀၁ ခုနှစ်မှ ၁၆၀၀ အထိဖြစ်သည်။ သမိုင်းပညာရှင်များအရ ၁၆ ရာစုသည် အနောက်တိုင်း ယာဉ်ကျေးမှု တိုးတက်ချိန်ဖြစ်သည်။ စပိန်နှင့် ပေါ်တူဂီတို့သည် ပင်လယ်ရေလမ်းကြောင်းဖြင့် ကမ္ဘာအနှံ့ ခရီးဆန့်ခဲ့ကြသည်။ ကမ္ဘာသစ်၏ နယ်မြေများသည် စပိန်နှင့် ပေါ်တူဂီ ကိုလိုနီများဖြစ်လာခဲ့သည်။ ပေါ်တူဂီသည် အာရှနှင့် အာဖရိက၏ အဓိက ပင်လယ်ကုန်သည် ဖြစ်လာခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် Ottoman အင်ပါယာသည် ဆက်လက်ကြီးထွားသည်။ ကော်ပါးနီးကပ်သည် နေဗဟိုပြုစကြဝဠာကို အဆိုပြုခဲ့ရာ ပြင်းထန်စွာ ဆန့်ကျင်ခံရသည်။ နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ဆူပါနိုဗာ SN 1572 ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်သည် တော်လမီနှင့် အရစ္စတိုတယ်တို့အား နက္ခတ္တဗေဒနယ်ပယ်တွင် သိပ္ပံတော်လှန်ရေးဆီသို့ ဦးတည်စေခဲ့သည်။

Lua error in မော်ဂျူး:Navbox at line 15: table index is nil.