၁၉၃၀ ပဲခူးငလျင်
၁၉၃၀ ခုနှစ် ပဲခူးငလျင် ('ဆွာငလျင်၊ ပဲခူးငလျင် စသဖြင့်လည်း ခေါ်ကြ) သည် မေလ ၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ပြင်းအား ၇.၃ နှင့် ၇.၅ အကြား ရှိသည်။[၄][၅] ဤငလျင်သည် နိုင်ငံရှိ ၁၉၂၉ နှင့် ၁၉၃၁ အကြား လှုပ်ခတ်ခဲ့သည့် ငလျင်များတွင် ပျက်စီးမှုအများဆုံး ငလျင်တစ်ခု ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင် ပြင်းထန်သည့် ပျက်စီးမှုများစွာ ဖြစ်ပွားခဲ့သည်။ လူပေါင်း ၅၅၀ ကျော် သေဆုံးခဲ့ရသည်။ သို့သော် စုစုပေါင်းသေဆုံးမှုသည် ၅၀၀၀ မှ ၇၀၀၀ အထိ မြင့်များနိုင်သည်။[၃] ငလျင်၏ အရှိန်ကြောင့် မြန်မာကမ်းရိုးတန်းတွင် အလယ်အလတ်ရှိသည့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ထိုဆူနာမီများကြောင့် အသေးစားပျက်ဆီးမှုများသာ ဖြစ်ပေါ်ခဲ့သည်။(ညအချိန် ၈နာရီ၁၈မိနစ်)
UTC အချိန် | 1930-05-05 13:46:01 |
---|---|
ISC ဖြစ်ရပ် | 907352 |
USGS-ANSS | ComCat |
ဒေသ ရက်စွဲ | May 5, 1930 |
ဒေသ အချိန် | 20:18:?? Myanmar Standard Time |
အတိုင်းအတာ | 7.5 Mw[၁] 7.2 Ms[၂] |
ငလျင်ဗဟို | 17°51′36″N 96°25′48″E / 17.860°N 96.430°Eကိုဩဒိနိတ်: 17°51′36″N 96°25′48″E / 17.860°N 96.430°E |
အက်ကွဲကြောင်း | Sagaing Fault |
အမျိုးအစား | Strike-slip |
သက်ရောက်ဧရိယာ | Burma |
အများဆုံးပြင်းအား | IX (Devastating tremor) IX (Violent) |
ဆူနာမီ | 1.06 m (Local) |
ထိခိုက်သေကြေမှုများ | 500–7,000 fatalities,[၃] 58 fatalities confirmed in Yangon |
ငလျင်
ပြင်ဆင်ရန်ဤငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြော၏ ပဲခူးဒေသရှိ အလျား ၁၃၁ ကီလိုမီတာ (၈၁ မိုင်) အရှည်ကြောင့် ဖြစ်ပေါ်လာသည့် ငလျင်ဖြစ်သည်။[၆] ငလျင်သည် ပဲခူးမြို့၏ မြောက်ဘက် ၂၀ ကီလိုမီတာ (၁၂ အကွာ) ရှိ မြန်မာနိုင်ငံတောင်ဘက် ပင်လယ်ကမ်းရိုးတန်းအထိပါ ရိုက်ခတ်မှု ရှိခဲ့သည်။ ငလျင်ဗဟိုချက်သည် ပဲခူးမြို့အနီး မြောက်ဘက်တွင် တည်ရှိသည်။[၇] ဤငလျင်သည် ခုနစ်လ ကြာမြင့်ပြီးနောက်တွင် နောက်ဆက်တွဲအနေဖြင့် ၁၉၃၀ ဖြူးငလျင်ကို ဖြစ်ပေါ်စေခဲ့သည်။ အမြင့်ဆုံးသော ရွေ့လျားမှုသည် ၃ မီတာ (၉.၈ပေ) ဖြစ်သည်။[၈]
သက်ရောက်မှု
ပြင်ဆင်ရန်ပြင်းထန်စွာ လှုပ်ခတ်မှုများသည် ပဲခူးမြို့၏ နေရာအတော်များများကို ဖျက်ဆီးပစ်ခဲ့သည်။ မျက်မြင်များ၏ တွေ့ရှိချက်များအရ ငလျင်လှုပ်ခတ်မှုကြောင့် တင်းနစ်ကွင်းတစ်ခု၏ မျက်နှာပြင်များသည် လှိုင်းများသဖွယ် ပြန့်ကြဲသွားခဲ့သည်။ မြေပြင်၏ လျင်မြန်သည့် လှုပ်ရှားမှုအရှိန်သည် မြေအပြင်ပေါ်ရှိ လူအများကို အထက်သို့ပင် မြောက်တက်သွားစေခဲ့သည်။ မီးလောင်ကျွမ်းမှုများလည်း ဖြစ်ပေါ်စေခဲ့ကာ မြို့အား ပျက်စီးမှု ဖြစ်စေခဲ့သည်။ ထို့အပြင် ငလျင်လှုပ်ခတ်ပြီး အနည်းငယ်သောအချိန်တွင် သဲနှင့် ရေကဲ့သို့သော အရာများကို အက်ကွဲကြောင်းများမှ ထုတ်လွှတ်ခဲ့သည်။ မြို့အထဲရှိ လူအများသည် ဆူညံသည့်အသံများကို ကြားခဲ့ရသည်။ ပဲခူးမြို့ရှိ ထင်ရှားသည့် ဘာသာရေးဆိုင်ရာ အဆောက်အဦတစ်ခုဖြစ်သည့် ရွှေမော်ဓောဘုရားသည်လည်း ဆိုးရွားစွာပျက်စီးခဲ့သည်။ စေတီတော်၏ ထက်ဝက်သည် ပြိုကျခဲ့ကာ အောက်ခြေရှိ လူအချို့သည် သေဆုံးခဲ့ရသည်။ ပဲခူးမြို့တွင် သေဆုံးသူသည် စုစုပေါင်းခန့်မှန်းခြေ ၅၀၀ ခန့် ရှိသည်။[၉] အသက်ရှင်သန်ကျန်ရစ်သူများက ပြောပြသည်မှာ ငလျင်သည် ပြင်းထန်စွာနှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး တစ်ကြိမ်နှင့်တစ်ကြိမ်အကြား အနည်းငယ်သာ ကွာခြားသည်။ ဒုတိယအကြိမ်သည် အပြင်းဆုံးဖြစ်သည်။ ငလျင်လှုပ်ခတ်မှုသည် စက္ကန့် ၃၀ သာ ကြာမြင့်ခဲ့သည်။
တာဝတွင် လူအချို့သည် သေဆုံးခဲ့ရပြီး အဆောက်အဦးနှစ်ခု ပျက်စီးခြင်း၊ လမ်းများနှင့် ဘုရားများ ပျက်စီးခြင်းနှင့် မြေသားကွေးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ခရမ်းမြို့တွင် ဆေးရုံတစ်ခုသည် တစ်စိတ်တပိုင်း ပျက်စီးသွားခဲ့ပြီး၊ အခြားအဆောက်အဦများနှင့် ဗလီတစ်ခုလည်း ပျက်စီးခဲ့သည်။ အက်ကွဲကြောင်းများနှ အရည်များပန်းထွက်လာခဲ့ကာ မြို့၏ အစိတ်အပိုင်းများကို မီးလောင်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထို့အပြင် ရေကြီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ဤငလျင်ကြောင့် လူ ၁၂ ဦးမှ ၁၆ ဦးအကြား သေဆုံးခဲ့သည်။
သုံးခွမြို့သည် စစ်ကိုင်းပြတ်ရွေ့ကြော၏ ထိပ်ပိုင်းတည်ရှိရာနေရာဖြစ်ကာ ဤမြို့တွင်လည်း ငလျင်ကြောင့် အဓိကပျက်စီးမှုများကို ခံစားခဲ့ရသည်။ ရထားလမ်းကြောင်းပေါ်ရှိ အက်ကွဲကြောင်းများမှ ဖြစ်ပေါ်ခဲ့ကာ ရထားလမ်းတံတားများသည် နစ်မြုပ်သွားခဲ့ရသည်။ ရထားလမ်းကြောင်းများသည်လည်း မူလနဂိုတည်ရှိနေသည့် ပုံစံမှ ရွေ့လျားကာ နေရာပြောင်းလဲသွားခဲ့သည်။ အခြားသော မြို့များ၌ ခံစားခဲ့ရသကဲ့သို့ပင် ဤမြို့တွင်လည်း အင်္ဂတေအဆောက်အဦအများဆုံး ပြိုကျခြင်း၊ ဆိုးရွားစွာပျက်စီးခြင်းများ ခံစားခဲ့ရသည်။
ရန်ကုန်မြို့တွင်လည်း ငလျင်ကြောင့် ရွှေတိဂုံစေတီတော်သည် ပျက်စီးခဲ့ရသည်။[၁၀] ပဲခူးမြို့မှာကဲ့သို့ပင် ငလျင်ကြောင့် အဓိကအဆောက်အဦ ၅၀ ကျော်ကို ပျက်စီးစေခဲ့သည်။ သေဆုံးမှု စုစုပေါင်းသည် ၅၀ မှ ၅၈ ဦးအထိ ရှိမည်ဟု ဆိုကြသည်။ သတင်းစာများ၌မူ ၂၀၀ ရှိသည်ဟု ဆိုသည်။[၁၁] အင်္ဂတေအဆောက်အဦများ ပြိုပျက်မှုကြောင့် နောက်ထပ် လူ ၂၀၄ ဦးသည် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ အထိအခိုက် အများဆုံးနေရာမှာ မြို့၏ တောင်ဘက်ပိုင်းဖြစ်သည်။ ထိုနေရာသည် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် တည်ရှိသည့် နေရာဖြစ်သည်။ [၁၂] ဗြိတိသျှဘူမိလေ့လာရေးအဆောက်အဦနှင့်အတူ Dalhousie လမ်းပေါ်ရှိ နေရာအတော်များများတွင် ပျက်စီးမှုများ ရှိခဲ့သည်။ ထိုအဆောက်အဦ၏ အတွင်းပိုင်းတွင် ဓာတ်ခွဲခန်းနှင့် ပြတိုက်တစ်ခု ရှိကာ ၎င်းတို့သည် ပျက်စီးခဲ့ရသည်။ တရုတ်လမ်းတစ်လျှောက်တွင် ရှိသည့် အိမ်များနှင့် များစွာသော အဆောက်အဦများသည် ငလျင်လှုပ်ခါမှုကြောင့် ပြန်လည်ပြင်ဆင်၍ မရအောင်ပျက်စီးခဲ့ရသည်။[၁၃]
ငလျင်လှုပ်ခတ်မှုသည် ပြင်းထန်အားပါသည့်အတွက် ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံများတွင်ပါ လှုပ်ခါမှုကို ခံစားခဲ့ရသည်။ ငလျင်၏ သက်ရောက်လှုပ်ခါမှု ဧရိယာသည် စုစုပေါင်း စတုရန်းမိုင် ၂၂၀၀၀၀ (၅၇၀၀၀၀ စတုရန်းကီလိုမီတာ) ကျော် ရှိသည်။[၁၁]
ပြင်းအား
ပြင်ဆင်ရန်ငလျင်ဒဏ်အပြင်းထန်ဆုံးခံစားခဲ့ရသည့် ဧရိယာတွင် လှုပ်ခတ်မှုသည် ရိုစီဖလိုရယ်စကေးအရ ၉ မှ ၁၀ အထိ ရှိခဲ့သည်။ ပြတ်ရွေ့ကြောတစ်လျှောက်တွင် လှုပ်ခတ်ခဲ့သည့် ဧရိယာသည် ၃၇၅ စတုရန်းမိုင် (၉၇၀ စတုရန်းကီလိုမီတာ) ရှိသည်။ ထိုဧရိယာအတွင်းရှိ အဆောက်အဦးများသည် တစ်စိတ်တပိုင်း သို့မဟုတ် အလုံးစုံ ပျက်စီးခဲ့ရသည်။ ပဲခူးမြို့သည် ငလျင်အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့သည့် ဧရိယာ၏ မြောက်ဘက်တွင် တည်ရှိသည်။ မြေအား ကွင်းဆင်းလေ့လာကြည့်သည့်အခါတွင် ငလျင်ကြောင့် မြေသားများ ကွဲအက်မြင့်မောက်လာခြင်းများ ရှိခဲ့သည်။[၁၃]
ပြင်းအားအဆင့် ၈ ရှိသည့် ငလျင်လှုပ်ခတ်မှုကို ကျောက်တန်း၊ သုံးခွ၊ ခရမ်းနှင့် ကဝ စသည့် မြို့များတွင် ခံစားခဲ့ရသည်။ အိမ်အများစုသည် ပျက်စီးခဲ့ရသည်။ အိမ်ထောင်ပရိဘောဂပစ္စည်းများသည် မြေပေါ်သို့ ပြုတ်ကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ငလျင်လှုပ်ခတ်မှုသည် ကြီးမားသည့် မြေစိုင်များကို ပွတ်တိုက်မှုများ ဖြစ်ပေါ်စေခဲ့ကာ မြစ်များ၏ အနီးအနားရှိ မြေအပိုင်းများသည် မြစ်ထဲသို့ ပြုတ်ကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။[၁၃]
တောင်ငူနှင့် ရန်ကုန်ဒေသတို့သည် ငလျင်ပြင်းအား ၆ မှ ၇ အထိ ရှိခဲ့သည်။ ထိုဒေသရှိ ဟောင်းနွမ်းယိုယွင်းနေပြီဖြစ်သည့် အဆောက်အဦးများသည် ပျက်စီးခဲ့ရသည်။ အုတ်ဖြင့်ပြုလုပ်ထားသည် နံရံများနှင့် မီးခိုးတိုင်များသည် ငလျင်လှုတ်ခတ်မှုကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ များစွာသော အဆောက်အဦတို့သည်လည်း ဆိုးဆိုးရွားရွား ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကာ ထိုအဆောက်အဦးများအတွင်း လူဝင်ရောက်ရန် လုံခြုံမှုမရှိသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။[၁၃]
ဆူနာမီ
ပြင်ဆင်ရန်ငလျင်ကြောင့် ကမ်းရိုးတန်းတစ်လျှောက်တွင် အမြင့် ၁.၀၆ မီတာ (၃ ပေ ၆ လက်မ) ရှိသည့် ဆူနာမီလှိုင်းလုံးများ ဖြစ်ပေါ်ခဲ့သည်။[၁၄] ဆူနာမီလှိုင်းများသည် စစ်တောင်းမြစ်တွင် ဖြစ်ပေါ်လာကာ လှိုင်းလုံးသွားရာလမ်းတစ်လျှောက်ရှိ ရွာများကို ရေနစ်မြုပ်မှုများ ဖြစ်စေခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့် သင်္ဘောအချို့သည်လည်း အထက်သို့ ၄ ပေ မြင့်တက်သွားမှုများ ရှိခဲ့သည်။ ရေလှိုင်းများသည် သင်္ဘဘောများကို တွန်းတိုက်မှုများ ဖြစ်စေခဲ့ပြီး ဆိပ်ကမ်းကို ထိခိုက်ကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။[၁၃]
ရေရှည်သက်ရောက်မှုများ
ပြင်ဆင်ရန်စစ်ကိုင်းပြတ်ရွေ့ကြောသည် ရွေ့လျားနေသည့် ပြတ်ရွေ့ကြောတစ်ခုဖြစ်ကာ ၎င်းသည် မြန်မာနိုင်ငံတစ်လျှောက် ရွေ့လျားကာ ကပ္ပလီပင်လယ်ပြင်ကို ဗဟိုပြုဖြန့်ကြက်တည်ရှိ၍ မြောက်ဘက် collision zone သို့ ချိတ်ဆက်ထားသည်။ ၎င်း၏ တည်နေရာရွေ့လျားမှုသည် မြန်မာနိုင်ငံနှင့် Sunda ကျောက်ချပ်လွှာများအကြားတွင် တည်ရှိသည်။ ၎င်းကျောက်ချပ်လွှာများသည် တစ်နှစ်လျှင် ၁၈ မှ ၄၉ မီလီမီတာနှုန်းဖြင့် ရွေ့လျားလျက်ရှိသည်။ ပြတ်ရွေ့ကြာသည်မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြစ်သည့် ၁၂၀၀ ကီလိုမီတာကျော် အလျားကို ရွေ့လျားလျက်ရှိသည်။ ၎င်းသည် ကပ္ပလီပင်လယ်ပြင်အတွင်းသို့ တိုးဝင်လျက်ရှိသည်။ စစ်ကိုင်းပြတ်ရွေ့ကြသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ကာ လှုပ်ရှားမှုအများဆုံးလည်း ဖြစ်သည်။ ဤပြတ်ရွေ့ကြောသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကဲ့သို့သော အဓိကမြို့ကြီးများကို နီးကပ်စွာဖြတ်သန်းရွေ့လျားလျက်ရှိသည်။ သမိုင်းမှတ်တမ်းများ၌လည်း ကြီးမား၍ ပျက်စီးမှုများစွာကို ဖြစ်စေခဲ့သော ငလျင်များစွာတို့သည် ဤပြတ်ရွေ့ကြောပေါ်တွင်ပင် ဖြစ်ပွားခဲ့သည်။
ဆက်စပ်ဖြစ်ရပ်များ
ပြင်ဆင်ရန်ပဲခူးငလျင်သည် မြန်မာနိုင်ငံတွင် ၁၉၂၉ မှ ၁၉၃၂ အထိ ဖြစ်ပွားခဲ့သည့် ပျက်စီးမှုများစွာဖြစ်ပေါ်စေခဲ့သည့် ငလျင်များထဲမှ တစ်ခုဖြစ်သည်။
လှုပ်ခတ်အပြီး
ပြင်ဆင်ရန်ဤငလျင်လှုပ်ခတ်ပြီးနောက် လများတွင် များစွာသော လှုပ်ခတ်မှုများ ရှိခဲ့သည်။ စက်တင်ဘာလ ၁၆ ရက် ညနေ ၅ နာရီခွဲအချိန်တွင် လှုပ်ခတ်မှုတစ်ခု ရှိခဲ့ကာ ဖဒိုရဲစခန်း၏ အုတ်နံရံကို ပျက်စီးစေခဲ့သည်။[၁၃]
ဒီဇင်ဘာ ၄ ရက် ငလျင်
ပြင်ဆင်ရန်ပဲခူးငလျင်လှုပ်ခတ်ပြီး ၇ လ အကြာတွင် ပြင်အား ၇.၃ ရှိသည့် ငလျင်သည်တစ်ခုသည် မြောက်ဘက် ၄၈.၂ ကီလိုမီတာခန့်တွင် လှုပ်ခတ်ခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ လူပေါင်း ၃၆ ဦး သေဆုံးခဲ့ရသည်။ ပြတ်ရွေ့ကြောတစ်လျှောက်ရှိ နိမ့်ကျသွားမှုကြောင့် ရထားလမ်းတစ်လျှောက်တွင်လည်း လမ်းများကွေ့ကောက်သွားခဲ့ရသည်။ ဖြူးမြို့တွင် အဓိကပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ မေလတွင် ဖြစ်ပေါ်ခဲ့သည့် လှုပ်ခတ်မှုနှင့် ဆင်တူသည့် လှုပ်ခတ်မှု ဖြစ်သည်။
နောက်ဆက်တွဲခြိမ်းခြောက်မှုများ
ပြင်ဆင်ရန်ကမ္ဘာမြေသိပ္ပံပညာရှင်များသည် ၅၀ ကီလိုမီတာ (၃၁ မိုင်) အရှည်ရှိသည့် လှုပ်ရှားပြတ်ရွေ့ကြောအပိုင်း (seismic gap) ကို စစ်ကိုင်းပြတ်ရွေ့ကြာပေါ်တွင် တွေ့ရှိခဲ့ကြသည်။
ရုပ်ပုံများ
ပြင်ဆင်ရန်-
ရွှေမော်ဓောဘုရား၊ ဤဘုရားသည် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည်။
-
ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ရွှေမော်ဓောဘုရား၏ အပျက်အစီးစေတီအပိုင်းအစ
-
၁၉၀၀ ခုနှစ်က ရိုက်ကူးယူခဲ့သည့် ရွှေတိဂုံစေတီတော် (ငလျင်ကြောင့် မပျက်စီးမီက ရိုက်ကူးထားသည့် ပုံဖြစ်သည်။)
ကိုးကား
ပြင်ဆင်ရန်- ↑ M 7.5 - Myanmar။ USGS။ 26 April 2021 တွင် ပြန်စစ်ပြီး။
- ↑ "Seismic moment catalog of large shallow earthquakes, 1900 to 1989" (1992). Bulletin of the Seismological Society of America 82 (3): 1306–1349.
- ↑ ၃.၀ ၃.၁ "5,000 to 7,000 Killed in Burmese Quake; Tidal Wave Wrecks Port; Rangoon Hard Hit"၊ New York Times၊ 7 May 1930၊ စာ- 1။
- ↑ Event 907352 Myanmar။ 2020-10-14 တွင် ပြန်စစ်ပြီး။
- ↑ Significant Earthquakes Full Search, sort by Date, Country။ 2020-10-14 တွင် ပြန်စစ်ပြီး။
- ↑ "Two seismic gaps on the Sagaing Fault, Myanmar, derived from relocation of historical earthquakes since 1918" (2011). Geophysical Research Letters 38 (1): n/a. doi: . Bibcode: 2011GeoRL..38.1310H.
- ↑ Yu, Wang (2014). "Active tectonics and earthquake potential of the Myanmar region". Journal of Geophysical Research: Solid Earth 119 (4). doi: . Bibcode: 2014JGRB..119.3767W.
- ↑ Yu, Wang (2011). "Earthquakes and slip rate of the southern Sagaing fault: insights from an offset ancient fort wall, lower Burma (Myanmar)". Geophysical Journal International 185 (1): 49–64. doi: . Bibcode: 2011GeoJI.185...49W.
- ↑ On This Day | The 1930 Earthquake Which Flattened Bago (in en-US) (2019-05-05)။ 2020-10-14 တွင် ပြန်စစ်ပြီး။
- ↑ May 5, 1930 – the last time Yangon rocked (2016-12-09)။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-10-14 တွင် ပြန်စစ်ပြီး။
- ↑ ၁၁.၀ ၁၁.၁ NCEI Global Historical Hazard Database (in en)။ 2020-10-14 တွင် ပြန်စစ်ပြီး။
- ↑ Aung, Hla Hla (2012). "Reinterpretation of historical earthquakes during 1929 to 1931, Myanmar". Solid Earth Science 31. doi: . Bibcode: 2012aogs...31...43A.
- ↑ ၁၃.၀ ၁၃.၁ ၁၃.၂ ၁၃.၃ ၁၃.၄ ၁၃.၅ Brown, Coggin. "A PRELIMINARY NOTE ON THE PEGU EARTHQUAKE OF MAY 5TH 1930". Geological Survey of India LXV.
- ↑ NCEI Global Historical Hazard Database (in en)။ 2020-10-14 တွင် ပြန်စစ်ပြီး။