၁၉၄၆ စစ်ကိုင်းငလျင်များ ("ဝန်းသိုငလျင်များ" ဟုလည်း သိကြ) သည် မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၁၅ နာရီ ၁၇ မိနစ်တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။[၁] ပထမဆုံး လှုပ်ခတ်ခဲ့သည့်ငလျင်သည် ၈.၀ ဖြစ်ပြီး နောက်ထပ်ငလျင်သည် အဓိကငလျင်ဖြစ်ကာ M7.8 ဖြစ်ခဲ့သည်။ ဤငလျင်နှစ်ခုစလုံးသည် ၁၇၆၂ ရခိုင်ငလျင်ဖြစ်ပြီးကတည်းက နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အကြီးမားဆုံး ငလျင်များ ဖြစ်ခဲ့သည်။[၁][၂]

၁၉၄၆ စစ်ကိုင်းငလျင်များ
1946 M8.0 epicenter.
1946 M8.0 epicenter.
၁၉၄၆ စစ်ကိုင်းငလျင်များ (မြန်မာနိုင်ငံ)
UTC အချိန်1946-09-12 15:17:23
 1946-09-12 15:20:28
ISC ဖြစ်ရပ်898579
 898580
USGS-ANSSComCat
ဒေသ ရက်စွဲSeptember 12, 1946
အတိုင်းအတာ8.0 Mw
 7.8 Mw
အနက်35.0 km
 35.0 km
ငလျင်ဗဟို22°21′N 96°14′E / 22.35°N 96.24°E / 22.35; 96.24ကိုဩဒိနိတ်: 22°21′N 96°14′E / 22.35°N 96.24°E / 22.35; 96.24
အက်ကွဲကြောင်းစစ်ကိုင်းပြတ်ရွေ့ကြော
အမျိုးအစားStrike-slip
သက်ရောက်ဧရိယာမြန်မာနိုင်ငံ
စုစုပေါင်းပျက်စီးမှုဘုရားစေတီများစွာ ပျက်စီးခဲ့
ထိခိုက်သေကြေမှုများ0

ပထဝီသွင်ပြင်ဆိုင်ရာ ပြင်ဆင်ရန်

ငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်နှစ်ခုစလုံးသည် စစ်ကိုင်းပြတ်ရွေ့ကြောတွင် ဖြစ်ပွားခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာ့ကျောက်ချပ်လွှာနှင့် Sunda ကျောက်ချပ်လွှာတို့အကြား နယ်နိမိတ်ကို သတ်မှတ်ပေးထားသည်။ စစ်ကိုင်းပြတ်ရွေ့ကြောသည် မြန်မာနိုင်ငံတွင် လှုပ်ရှားမှုအရှိဆုံး ပြတ်ရွေ့ကြော ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများကို လှုပ်ခတ်ကာ ထိခိုက်မှုများဖြစ်စေခဲ့သည့် ပြတ်ရွေ့ကြောတစ်ခု ဖြစ်သည်။[၃]

ငလျင် ပြင်ဆင်ရန်

ပမာဏ M 8.0 ရှိသည့် အဓိကငလျင်သည်စစ်ကိုင်းပြတ်ရွေ့ကြော၏ စစ်ကိုင်းအပိုင်းတစ်လျှောက် လှုပ်ခတ်သွားခဲ့သည်။ ငလျင်ဗဟိုချက်သည် လဲသတောင်၏ တောင်ဘက်တွင်ဖြစ်ခဲ့ပြီး အနက် ၁၅.၀ ကီလိုမီတာတွင် ဖြစ်သည်။[၄][၅] ဒုတိယအကြိမ်လှုပ်ခတ်သည့် ပမာဏ ၇.၈ ရှိသသည့် ငလျင်သည် ပထမငလျင်အပြီး သုံးမိနစ်အကြာတွင် လှုပ်ခတ်ခဲ့ကာ ပထမငလျင်၏ မြောက်ဘက် ၁၅၅ ကီလိုမီတာအကွာတွင် ဖြစ်သည်။ ၎င်း၏ ဟိုက်ပိုစင်တာ (Hypocenter) သည် အနက် ၁၅.၀ ကီလိုမီတာတွင် ဖြစ်သည်။[၄]

 
A pressure ridge along the Sagaing Fault, obstructed by vegetation, outside Mandalay. This section of the fault likely ruptured in the 1946 event.

အခြားဖြစ်ရပ်များ ပြင်ဆင်ရန်

စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်တွင် အခြားငလျင်ကြီးများလည်း ၁၉၄၆ ငလျင်များ၏ ငလျင်ဗဟိုချက်နှင့် နီးကပ်စွာ အကြိမ်များစွာ လှုပ်ခတ်ခဲ့သည်။

  • ၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၂၇: ပမာဏ ၇.၆ ရှိသည့် ငလျင်တစ်ခုဖြစ်ကာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးတွင် လှုပ်ခတ်ခဲ့သည်။[၆]
  • ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်: ပမာဏ ၇.၁ ရှိသည့် ငလျင်တစ်ခု ဖြစ်ကာ မန္တလေးမြို့ အပြင်ဘက်တွင် လှုပ်ခတ်ခဲ့သည်။ လူ ၃၈ ဦး သေဆုံးခဲ့သသည်။[၇]
  • ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်: ပမာဏ ၇.၀ ရှိသည့် ငလျင်တစ်ခု ဖြစ်ကာ ဧရာဝတီမြစ်ဘေးတွင် လှုပ်ခတ်ခဲ့သည်။[၈]
  • ၁၉၉၂ ခုနှစ် ဇွန်လ ၁၅ ရက်: ပမာဏ ၆.၃ ရှိသည့် ငလျင်တစ်ခုဖြစ်ကာ ကသာမြို့အနီးတွင် ဖြစ်ပွားခဲ့သည်။[၉]
  • ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်: ပမာဏ ၆.၈ ရှိကာ မန္တလေးမြို့မြောက်ဘက် ၁၂၀ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့သည်။[၁၀][၁၁] လူ ၂၆ ဦး သေဆုံးခဲ့ကာ ၁၂ ဦး ပျောက်ဆုံးခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ United States Geological Survey။ M8.0 - Myanmar။ 1946-09-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 30, 2020 တွင် ပြန်စစ်ပြီး။
  2. ISC: On-Line Bulletin။ Event 898580 Myanmar။ 2020-10-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2020 တွင် ပြန်စစ်ပြီး။
  3. Aung, Hla Hla (August 2017). "Sagaing Fault". Myanmar Earthquake History: 14. 
  4. ၄.၀ ၄.၁ Hurukawa, Maung Maung, Nobuo, Phyo (14 January 2011). "Two seismic gaps on the Sagaing Fault, Myanmar,derived from relocation of historical earthquakes since 1918". Geophysical Research Letters 38: 3. [လင့်ခ်သေ]
  5. Caltech (25 April 2014). "Active Tectonics and Earthquake Potential of the Myanmar region". Journal of Geophysical Research: Solid Earth: 32–33. 
  6. United States Geological Survey။ Myanmar - M7.6။ August 30, 2020 တွင် ပြန်စစ်ပြီး။
  7. United States Geological Survey။ M6.8 - Myanmar။ 31 August 2020 တွင် ပြန်စစ်ပြီး။
  8. United States Geological Survey။ M7.0 - Myanmar။ 31 August 2020 တွင် ပြန်စစ်ပြီး။
  9. United States Geological Survey။ M6.3 - Myanmar။ 31 August 2020 တွင် ပြန်စစ်ပြီး။
  10. Federico၊ Shireen။ Strong quake in Myanmar။ 29 August 2020 တွင် ပြန်စစ်ပြီး။
  11. United States Geological Survey (11 November 2012)။ M6.8 - Myanmar။ 11 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 August 2020 တွင် ပြန်စစ်ပြီး။