၂၀၀၃ တောင်တွင်းကြီးငလျင်

၂၀၀၃ တောင်တွင်းကြီးငလျင် သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စက်တင်ဘာလ ၂၁ ရက်နေ့ ညသန်းခေါင်အချိန် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ ပမာဏ Mwb6.6 ရှိသည်။

ပထဝီသွင်ပြင်ဆိုင်ရာ ပြင်ဆင်ရန်

ဤငလျင်သည် ပြတ်ရွေ့ကြောပိုင်းတစ်ခုဖြစ်သည့် Gwegyo Thrust တည်ရှိသည့်နေရာတွင် ဖြစ်ပွားခဲ့သည်။ Gwegyo Thrust သည် စစ်ကိုင်းပြတ်ရွေ့ကြောအနီး ပဲခူးရိုးမတောင်ခြေ၏ အရှေ့ဘက်တစ်လျှောက်တွင် တည်ရှိသည်။ ငလျင်၏ ဗဟိုချက်သည် တောင်တွင်းကြီးမြို့အနီး အရှေ့တောင်ဘက်ကို ဗဟိုပြုခဲ့သည်။ ၎င်းနေရာသည် စစ်ကိုင်းပြတ်ရွေ့ကြောမှ ၅၀ ကီလိုမီတာနှင့် ရန်ကုန်မြို့မှ ၃၆၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ဤငလျင်လှုပ်ခါမှုကို ဘန်ကောက်နှင့် ချင်းမိုင်မြို့များကပါ ခံစားခဲ့ရသည်။[၁]

ပျက်စီးမှုနှင့် ဆုံးရှုံးမှုများ ပြင်ဆင်ရန်

အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီး ၄၃ ဦးသည် ထိခိုက်ဒဏ်ရာရခဲ့သည်။ ပျက်စီးဆုံးရှုံးမှုများအနေဖြင့် ဘာသာရေးဆိုင်ရာအဆောက်အဦ ၁၈၀ ကျော်သည် ပျက်စီးခဲ့ပြီး ထိုအထဲမှ မူလတန်းကျောင်းတစ်ခုသည် ပြိုကျသွားခဲ့သည်။ [၂]အရည်များထွက်လာခြင်း၊ သဲများ အရည်ပျော်ခြင်းနှင့် မြေပြိုမှုများ စသည်တို့လည်း ဖြစ်ပွားခဲ့သည်။ [၃]ငလျင်ကြောင့် သေဆုံးသူ နည်းပါးရခြင်းမှာ ဤငလျင်သည် ညသန်းခေါင်အချိန်တွင် လှုပ်ခတ်ခဲ့သည်။ ထိုအတွက်ကြောင့်ပင် စာသင်ကျောင်း ပြိုကျသည့်အခါတွင် မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ခြင်း ဖြစ်သည်။

လှုပ်ခတ်ပြီး အခြေအနေ ပြင်ဆင်ရန်

ထိုဒေသတွင် များစွာသော နောက်ဆက်တွဲငလျင်များသည် လှုပ်ခတ်ခဲ့သည်။ ထိုနောက်ဆက်တွဲငလျင်များထဲမှ လေးခုသည် M5.0 ကျော်ခဲ့သည်။[၄][၅][၆][၇]

ကိုးကား ပြင်ဆင်ရန်

  1. "Myanmar struck by strong earthquake"၊ AFP၊ Sep 22, 2003။ 
  2. Taungdwingyi Earthquake (2003)။ 12 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 July 2021 တွင် ပြန်စစ်ပြီး။
  3. "EARTHQUAKE AND TSUNAMI HAZARD IN MYANMAR" . June 9, 2009 9:4 WSPC/238-JET 00048Journal of Earthquake and Tsunami 3. 
  4. M 5.2 - Myanmar
  5. M 5.3 - Myanmar
  6. M 5.1 - Myanmar
  7. M 5.0 - Myanmar