၂၀၀၉ ကပ္ပလီကျွန်းများငလျင်

၂၀၀၉ ကပ္ပလီကျွန်းများငလျင် သည် အိန္ဒိယနိုင်ငံ၊ ကပ္ပလီကျွန်းများတွင် ဩဂုတ်လ ၁၁ ရက်၊ 19:55 UTC အချိန်တွင် ဖြစ်ပွားခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။[၁] ပမာဏ 7.5 Mw ရှိသည်။ ဤငလျင်သည် ၂၀၀၄ ခုနှစ် အိန္ဒိယသမုဒ္ဒရာငလျင်နှင့်ဆူနာမီ ဖြစ်ပြီးအချိန်ကတည်းက ဆိုပါက ထိုဒေသတွင် အပြင်းထန်ဆုံးငလျင်ဖြစ်ခဲ့သည်။[၂] ငလျင်ဗဟိုချက်သည် Port Blair မြို့၏ မြောက်ဘက် ၂၆၀ ကီလိုမီတာတွင် ဖြစ်သည်။ ငလျင်တုန်ခါမှုများကို အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ထိုင်းနိုင်ငံများကပါ ခံစားခဲ့ရသည်။[၃] ပစိဖိတ်ဆူနာမီသတိပေးစင်တာက အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများကို ဆူနာမီစောင့်ကြည့်ရန် အသိပေးချက်ထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းအသိပေးချက်ကို အဆင့်မြှင့်တင်ခဲ့သည်။[၄] ပျက်စီးမှုများနှင် ထိခိုက်မှုများ မရှိခဲ့ပေ။ အဆောက်အဦများကို အသေးစားပျက်စီးမှုများသာ ဖြစ်ခဲ့သည်။[၂] ဤငလျင်လှုပ်ခတ်နေသည့် တစ်ချိန်တည်းတွင်ပင် ၂၀၀၉ ရှိဇုအိုကငလျင် သည်လည်း ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်းတောင်ဘက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည်။

၂၀၀၉ ကပ္ပလီကျွန်းများငလျင်
၂၀၀၉ ကပ္ပလီကျွန်းများငလျင် သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
၂၀၀၉ ကပ္ပလီကျွန်းများငလျင်
UTC အချိန်2009-08-10 19:55:38
ISC ဖြစ်ရပ်15190110
USGS-ANSSComCat
ဒေသ ရက်စွဲ၁၁ ဩဂုတ် ၂၀၀၉ (၁၁ ဩဂုတ် ၂၀၀၉)
ဒေသ အချိန်01:25
အတိုင်းအတာ7.5 Mw
အနက်၃၃.၁ ကီလိုမီတာ (၂၀.၆ မိုင်)
ငလျင်ဗဟို14°00′47″N 92°55′23″E / 14.013°N 92.923°E / 14.013; 92.923ကိုဩဒိနိတ်: 14°00′47″N 92°55′23″E / 14.013°N 92.923°E / 14.013; 92.923
သက်ရောက်ဧရိယာIndia
အများဆုံးပြင်းအားVIII (Severe)
ထိခိုက်သေကြေမှုများNone

ကိုးကား ပြင်ဆင်ရန်

  1. Big quake hits off India's Andamans, no tsunami။ Reuters (11 August 2009)။ 31 August 2010 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ "Quake triggers tsunami fears"၊ Times of India၊ 12 August 2009။ 2009-08-12 တွင် ပြန်စစ်ပြီး 
  3. Magnitude 7.5 – Andaman Islands, India regionUnited States Geological Survey (10 August 2009)။ 13 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-08-12 တွင် ပြန်စစ်ပြီး။
  4. Tsunami watch issued for five countries canceledCNN (10 August 2009)။ 1 September 2010 တွင် ပြန်စစ်ပြီး။