၂၀၁၄ ယင်ကျန်းငလျင် သည် တရုတ်နိုင်ငံ၊ ယူနန်စီရင်စု၊ ယင်ကျန်းမြို့တွင် မေလ ၂၄ ရက်နေ့ မနက် ၄ နာရီ ၄၉ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တစ်ခု ဖြစ်သည်။ [၂] ငလျပ်ပမာဏသည် ၅.၆ ရှိပြီး ပြင်းအားကို Mercalli ပြင်းအားစကေးသည် ၇ (အလွန်ပြင်း) ဖြစ်ခဲ့သည်။[၃] ငလျင်ဗဟိုချက်သည် ကချန့်မြို့ (Kachang) တွင် ဖြစ်သည်။ ယူနန်စီရင်စုငလျင်ဌာနက ငလျင်ကြီးလှုပ်ခတ်ပြီးနောက်တွင် ငလျင်ငယ် ၁၄ ကြိမ် လှုပ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။[၄][၅]

၂၀၁၄ ယင်ကျန်းငလျင်
၂၀၁၄ ယင်ကျန်းငလျင် သည် ယူနန်ပြည်နယ် တွင် တည်ရှိသည်
၂၀၁၄ ယင်ကျန်းငလျင်
UTC အချိန်2014-05-23 20:49:21
ISC ဖြစ်ရပ်604653261
USGS-ANSSComCat
ဒေသ ရက်စွဲ24 May 2014 (2014-05-24)
ဒေသ အချိန်04:49
အတိုင်းအတာ5.6 Mw
အနက်၁၂.၀ ကီလိုမီတာ (၇ မိုင်)
ငလျင်ဗဟို25°00′N 97°48′E / 25.0°N 97.8°E / 25.0; 97.8ကိုဩဒိနိတ်: 25°00′N 97°48′E / 25.0°N 97.8°E / 25.0; 97.8 (Yingjiang County, Yunnan Province)
သက်ရောက်ဧရိယာChina
စုစုပေါင်းပျက်စီးမှု367 million CNY[၁]
အများဆုံးပြင်းအားVII (Very strong)
ထိခိုက်သေကြေမှုများ15 injured

ငလျင်သည် လူပေါင်း ၂၃၈၀၀ ဦးအပေါ်သက်ရောက်မှု ရှိခဲ့ကာ အိမ်ပေါင်း ၉၄၁၂ လုံးသည် ပျက်စီးခဲ့ရသည်။[၄] လူပေါင်း ၈၀၀၀ ကျော်ကို ပြောင်းရွှေ့ခဲ့ရပြီး ငလျင်ဗဟိုချက်အနီးရှိ နေရာများတွင် လျှပ်စစ်ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယူနန်ဒေသသည် ငလျင်လှုပ်ရှားရာနေရာတစ်ခု ဖြစ်သည်။ Eurasian ကျောက်ချပ်လွှာနှင့် အိန္ဒိယကျောက်ချပ်လွှာနှစ်ခုအကြား အသက်ဝင်တုန်ခါလျက်ရှိသည့် ရှုပ်ထွေးသည့်နေရာတွင် တည်ရှိသည်။[၄]

ကူညီကယ်ဆယ်မှုများ ပြင်ဆင်ရန်

နေရပ်ကို စွန့်ခွာခဲ့ရသူများ ၈၄၆၅ ဦးအတွက် ပြန်လည်နေရာချထားသည့်စခန်းနေရာ သုံးခုကို ထားရှိခဲ့သည်။ စီရင်စုငလျင်ဌာနသည် ကွင်းဆင်းလေ့လာခြင်း၊ စုံစမ်းခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆုံးဖြတ်ခြင်း စသည်တို့အတွက် အဖွဲ့ဝင် ၅၀ ဦးကို စေလွှတ်ခဲ့သည်။ ယူနန်စီရင်စုဆောက်လုပ်ရေးဌာနသည် တဲများ ၁၆၀၀ လုံး၊ စောင် ၂၀၀၀၊ ခေါက်ထားနိုင်သည့် အိပ်ရာ ၁၀၀၀ ခုကို ငလျင်ဒဏ်ခံ ဒေသများသို့ ပို့ဆောင်ခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Strong dangerous earthquake along the Myanmar China (Yunnan) border - 15 people injured and a lot of damage (2014-05-23)။ 17 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 July 2021 တွင် ပြန်စစ်ပြီး။
  2. 5.6-magnitude quake hits SW China's YunnanPeople's Daily။ 24 May 2014 တွင် ပြန်စစ်ပြီး။
  3. M5.8 - 27km NNW of Pingyuan, China။ United States Geological Survey။ 4 August 2014 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named shanghaidaily
  5. You must specify title = and url = when using {{cite web}}. (in Russian)။ ITAR-TASS။ 24 May 2014 တွင် ပြန်စစ်ပြီး။