၂၀၁၆ အာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ
(၂၀၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ မှ ပြန်ညွှန်းထားသည်)
၂၀၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ သည် ၂၀၁၆ ခုနှစ်အာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအတွက် ကျင်းပသော ခြေစစ်ပွဲ ဖြစ်သည်။ ထို ၂၀၁၆ ခုနှစ်ပြိုင်ပွဲ၏ခြေစစ်ပွဲတွင် ၂၀၁၄ ခုနှစ်ပြိုင်ပွဲ၏အုပ်စုအဆင့်တွင် နောက်ဆုံးအဆင့်သာရသော လာအိုအသင်းနှင့် ၂၀၁၄ ခုနှစ်ပြိုင်ပွဲတွင် အုပ်စုအဆင့်သို့ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိသော ကျန်အာဆီယံနိုင်ငံများ ပါဝင်ယှဉ်ပြိုင်ကြကာ ခြေစစ်ပွဲစဉ်များကို အောက်တိုဘာလ ၁၅ ရက်မှ ၂၁ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ က အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည်။ ခြေစစ်ပွဲတွင် ထိပ်ဆုံးရ ၁ သင်းတည်းသာ ၂၀၁၆ ခုနှစ်အာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲနောက်ဆုံးအဆင့် သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
ကျင်းပခဲ့သည့်ကွင်းများ
ပြင်ဆင်ရန်ဖနွမ်းပင်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ | |
---|---|
ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်း | RSN အားကစားကွင်း |
ပရိသတ်ဝင်ဆံ့မှု: ၅၀၀၀၀ | ပရိသတ်ဝင်ဆံ့မှု: ၅၀၀၀ |
ရလဒ်များ
ပြင်ဆင်ရန်စံတော်ချိန်မှာ ကမ္ဘောဒီးယားစံတော်ချိန် (UTC+7) ဖြစ်သည်။
အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
ကမ္ဘောဒီးယား (H) | ၃ | ၃ | ၀ | ၀ | ၈ | ၃ | +၅ | ၉ |
လာအို | ၃ | ၂ | ၀ | ၁ | ၇ | ၆ | +၁ | ၆ |
ဘရူနိုင်း | ၃ | ၁ | ၀ | ၂ | ၅ | ၈ | −၃ | ၃ |
အရှေ့တီမော | ၃ | ၀ | ၀ | ၃ | ၄ | ၇ | −၃ | ၀ |
(H)=အိမ်ရှင်
၁၅ အောက်တိုဘာ ၂၀၁၆ ၁၅:၃၀ |
ဘရူနိုင်း | ၂–၁ | အရှေ့တီမော | ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်း၊ ဖနွမ်းပင်မြို့ |
---|---|---|---|---|
၁၅ အောက်တိုဘာ ၂၀၁၆ ၁၈:၃၀ |
ကမ္ဘောဒီးယား | ၂–၁ | လာအို | ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်း၊ ဖနွမ်းပင်မြို့ |
---|---|---|---|---|
၁၈ အောက်တိုဘာ ၂၀၁၆ ၁၅:၃၀ |
လာအို | ၂–၁ | အရှေ့တီမော | ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်း၊ ဖနွမ်းပင်မြို့ |
---|---|---|---|---|
၁၈ အောက်တိုဘာ ၂၀၁၆ ၁၈:၃၀ |
ဘရူနိုင်း | ၀–၃ | ကမ္ဘောဒီးယား | ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်း၊ ဖနွမ်းပင်မြို့ |
---|---|---|---|---|
၂၁ အောက်တိုဘာ ၂၀၁၆ ၁၈:၃၀ |
ဘရူနိုင်း | ၃–၄ | လာအို | RSN အားကစားကွင်း၊ ဖနွမ်းပင်မြို့ |
---|---|---|---|---|
၂၁ အောက်တိုဘာ ၂၀၁၆ ၁၈:၃၀ |
ကမ္ဘောဒီးယား | ၃–၂ | အရှေ့တီမော | ကမ္ဘောဒီးယား အိုလံပစ် အားကစားကွင်း၊ ဖနွမ်းပင်မြို့ |
---|---|---|---|---|
ခြေစစ်ပွဲအောင်မြင်ခဲ့သည့်အသင်းများ
ပြင်ဆင်ရန်အသင်းများ | ယခင်ပါဝင်ခဲ့မှု | ခြေစစ်ပွဲအောင်မြင်သည့်ပုံစံ |
---|---|---|
မြန်မာ | ၁၁ ကြိမ် | အိမ်ရှင် |
ဖိလစ်ပိုင် | ၁၀ ကြိမ် | အိမ်ရှင် |
ထိုင်း | ၁၁ ကြိမ် | ယခုပြိုင်ပွဲ၏လက်ရှိချန်ပီယံ |
မလေးရှား | ၁၁ ကြိမ် | ၂၀၁၄ ခုနှစ်ပြိုင်ပွဲ၏ဒုတိယ |
ဗီယက်နမ် | ၁၁ ကြိမ် | ၂၀၁၄ ခုနှစ်ပြိုင်ပွဲ၏ထိပ်ဆုံး ၄ သင်းဝင်အသင်း |
အင်ဒိုနီးရှား | ၁၁ ကြိမ် | ၂၀၁၄ ခုနှစ်ပြိုင်ပွဲ၏ အုပ်စုအဆင့် (အဆင့် ၅) |
စင်ကာပူ | ၁၁ ကြိမ် | ၂၀၁၄ ခုနှစ်ပြိုင်ပွဲ၏ အုပ်စုအဆင့် (အဆင့် ၆) |
ကမ္ဘောဒီးယား | ၆ ကြိမ် | ခြေစစ်ပွဲအောင်အသင်း |