၂၀၂၃-၂၀၂၄ မျောက်ကျောက် ကပ်ရောဂါ ဖြစ်ပွားမှု

မျောက်ကျောက် ရောဂါ (Mpox) သည် မျောက်များမှတဆင့် စတင် တွေ့ရှိရပြီး လူသို့ ကူးစက်တတ်သည့် ရှားပါးကူးစက် ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်သည်။ မူလက Monkey Pox ရောဂါဟု ခေါ်ဆိုခဲ့ကြသော်လည်း စောဒကတက်မှုများကြောင့် ၂၀၂၂ ခုနှစ် အကုန်တွင် Mpox သို့ ပြောင်းလဲခေါ်ဆိုကြသည်။မျောက်ကျောက်ရောဂါ အစောဆုံး ဖြစ်ပွားမှုအား အာဖရိကတိုက်တွင်သာ တွေ့ရလေ့ရှိသော်လည်း ယခုအခါ ယခင်က ဖြစ်ပွားခဲ့ခြင်းမရှိသော နိုင်ငံအချို့သို့ စတင်ပျံ့နှံ့လျက်ရှိလာ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က နိုင်ငံတကာ စိုးရိမ်ဖွယ်အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် လည်းကောင်း[]၊၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ တို့တွင် လည်းကောင်း အသီးသီး ကြေညာခဲ့သည်။[]

မျောက်ကျောက် ကပ်ရောဂါ
Mpox
A rash caused by mpox
မျောက်ကျောက်ရောဂါကူးစက်ခံထားရသည့် ကလေးငယ်၏ ပုံ (၁၉၇၁)
အသံထွက်
  • အမ်ပေါက်စ်
အထူးပြုကူးစက်ရောဂါ
လက္ခဏာများဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်း။
ရှုပ်ထွေးမှုများsecondary infections, pneumonia, sepsis, encephalitis, and loss of vision with severe eye infection
Usual onset3–17 days post exposure
ကာလမျောက်ကျောက် ရောဂါလက္ခဏာခံစားနေရသူထံ မှ (ပုံမှန်အားဖြင့် (၂) ပတ်မှ (၄) ပတ်အတွင်း) တွင် အခြားသူကို ကူးစက်စေနိုင်သည်။ ရောဂါလက္ခဏာ ပြသခြင်းမရှိသည့်သူများမှ ကူးစက်စေခြင်း ရှိ၊မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
အမျိုးအစားကလပ် ဝမ်း နှင့် ကလပ် တူး
အကြောင်းရင်းမျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ရောဂါတစ်မျိုး
စမ်းသပ်နည်းဗိုင်းရပ်အားစစ်ဆေးခြင်း
ကွဲပြားသောစမ်းသပ်နည်းChickenpox, smallpox
ကာကွယ်ခြင်းသံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့မှုကို ရှောင်ရှားခြင်း၊ဆေးရုံသုံးနှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊အရေပြားခြင်း ထိတွေ့ခြင်းကို ရှောင်ကြဉ်ခြင်း၊အရေပြားအဖုအပိန့်များကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင်လည်း တစ်ခါသုံး လက်အိတ်များကို အသုံးပြုခြင်း၊လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် အယ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် ပုံမှန်ဆေးကြောခြင်း။
ကုသခြင်းမျောက်ကျောက်ရောဂါလက္ခဏာများသည် ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်သည်။စတီးရိုက်ပါဝင်သော ဆေးအမျိုးအစားကို ရှောင်ရှားပြီး အခြား ပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်းခပ်ဆေးတို့ကို အသုံးပြုနိုင်သည်။ ပြင်းထန်သောလူနာများတွင် ကာကွယ်ဆေးထိုးခြင်းမှ ပေါ်ထွက်လာသော ပဋိပစ္စည်း ပရိုတိန်းတစ်မျိုး (Vaccinia immune globulin –VIG) ကို အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထောက်ခံချက်ပေးထားသည်။ ကျောက်ကြီးရောဂါကုသရာတွင် အသုံးပြုသည့် ဆေးတစ်မျိုး (Tecovirimat, TPOXX) ကို မျောက်ကျောက်ရောဂါကုသရာတွင် အသုံးပြုရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ခွင့်ပြုခဲ့သည်။
ဆေးကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများသည် မျောက်ကျောက်ရောဂါ ကူးစက်မှုမှ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်သည်။ ကျောက်ကြီးရောဂါကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ်တစ်မျိုး (MVA-BN, Imvamune, Imvanex of Jyynneo) သည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။ဓါတ်ခွဲဝန်ထမ်းတချို့ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများသည် လက်ရှိအချိန်တွင် မကြာသေးမှီက ထုတ်လုပ်ထားသည့် ကျောက်ကြီးရောဂါကာကွယ်ဆေးအား ထိုးနှံထားပြီးဖြစ်သည်။
ရောဂါလက္ခဏာမျောက်ကျောက်ရောဂါ၏ ထူးခြားချက်က ပေါင်ခြံ၊ ချိုင်း၊ လည်ပင်း စသည့်နေရာများတွင် အကျိတ်များ ထွက်ပေါ်လာသည်။ ရောဂါလက္ခဏာများမှာ ရေကျောက်ရောဂါနှင့် ဆင်တူသည်။သို့သော် မျောက်ကျောက်အရည်ကြည်ဖုများက တစ်လုံးနှင့်တစ်လုံး ဘယ်အချိန်ကြည့်ကြည့် အရွယ်တူ၊ ပုံစံတူများသာဖြစ်သည်။ယင်းအဖုအကွက်များသည် ကိုယ်လုံးပေါ်တွင်ထွက်ခြင်းထက် မျက်နှာ၊ ခြေ၊ လက်တို့ပေါ်တွင် ပိုထွက်တတ်သည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

အဆိုပါရောဂါပိုး ကို ၁၉၅၈ ခုနှစ်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် လေ့လာတွေ့ရှိခဲ့သည်။မျောက်များမှတဆင့် ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးစတင်တွေ့ရှိခဲ့သည့် အတွက် Monkeypox (မျောက်ကျောက်ရောဂါ)ဟု အမည်ပေးခဲ့သည်။စတင် တွေ့ရှိစဥ်က လူသို့ ကူးစက်ခြင်း မရှိခဲ့ပေ။နောက်ပိုင်း အဆိုပါ ရှားပါးကူးစက် ရောဂါသည် အာဖရိကတိုက် ကွန်ဂိုနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ အပူပိုင်းမိုးသစ်တောများတွင် ၁၉၇၀ ပြည့်လွန်နှစ်များက လူများ၌ စတင်ဖြစ်ပွားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ပျောက်ကွယ်သွားခဲ့ပြီးနောက် တစ်ဖန် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တောင်ဆူဒန် နှင့် အခြားအာဖရိကနိုင်ငံများ၌ ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ ၂၀၀၃ ခုနှစ် မေလတွင် အမေရိကန် ပြည်ထောင်စု ဝစ္စကိုဆင်ပြည်နယ် တွင်လည်းကောင်း၊၂၀၂၂ ခုနှစ်အတွင်း အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင်သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြားသို့ ကူးစက်ပျံ့နှံ့ လာခဲ့သည်။[]

 
မျောက်ကျောက်ရောဂါ ပျံ့နှံ့ရာ မြေပုံအညွှန်း .
  အစုလိုက်အပြုံလိုက်သေစေနိုင်သော မျိုရိုးဗီဇ ၁
  အစုလိုက်အပြုံလိုက်သေစေနိုင်သော မျိုရိုးဗီဇ ၂
  မျိုးရိုးဗီဇနှစ်မျိုးလုံးပျံ့နှံ့ရာနိုင်ငံများ
  မျိုးရိုးဗီဇ၂ ဖြစ်ပွားရာနိုင်ငံများ(၂၀၂၂ခုနှစ်)
  သံသယဖြစ်ဖွယ်နိုင်ငံများ

ကူးစက်မှုနည်းလမ်းများ

ပြင်ဆင်ရန်

မည်သူမဆို မျောက်ကျောက်ရောဂါ လက္ခဏာများခံစားနေရသည့် လူများနှင့် အနီးကပ်ကိုင်တွယ်ထိတွေ့ခြင်း သို့မဟုတ် ရောဂါကူးစက်ခံထားရသည့်တိရစ္ဆာန်များအား ကိုင်တွယ်ထိတွေ့ခြင်းရှိသူများသည် ရောဂါကူးစက်ခံရနိုင်ခြေ အများဆုံးဖြစ်သည်။WHO အဖွဲ့အစည်းက မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့် လူတစ်ဦးသည် ရောဂါလက္ခဏာခံစားနေရချိန် (ပုံမှန်အားဖြင့် (၂) ပတ်မှ (၄) ပတ်အတွင်း) တွင် အခြားသူကို ကူးစက်စေနိုင်သည့်အပြင် ရောဂါလက္ခဏာခံစားနေသည့်သူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းမှတဆင့်လည်း ရောဂါကူးစက်ခံရနိုင်ရကြောင်း သတိပေးထားသည်။ရောဂါပိုးသည် အထူးသဖြင့် အနီကွက်၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ (အရည်ပြား အဖုအပိန့်မှ ထွက်သောအရည်၊ ပြည် သို့မဟုတ် သွေး) နှင့် အနာဖေးများမှတဆင့် ကူးစက်စေနိုင်သည့်အပြင် ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးသော ဗိုင်းရပ်စ်ကပ်ညိနေသည့် အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ သို့မဟုတ် စားသောက်ရာတွင် သုံးသည့်ပစ္စည်းများ၊ ပန်းကန်များကို ကိုင်တွယ်ထိတွေ့ခြင်းမှ တစ်ဆင့်လည်း အခြားသူဆီသို့ ကူးစက်စေပါသည်။ခံတွင်းတွင်ရှိသော အနာများ၊ ပြည်တည်နာများမှတစ်ဆင့်လည်း ကူးစက်စေသည်။ရောဂါပိုးသည် တံတွေးမှတစ်ဆင့် ကူးစက်နိုင်သည့်အပြင် ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့ လေ့ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ အတူနေမိသားစုဝင်များနှင့် ၎င်း၏ လိင်ဆက်ဆံဖက်တို့သည် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများသည်။ကိုယ်ဝန်ဆောင်မိခင်များ၏ အချင်းတိုင်မှတစ်ဆင့် သန္ဓေသားဆီသို့ (သို့) မီးဖွားချိန်နှင့် မီးဖွားပြီးချိန်တွင် လည်းကောင်း၊ ရောဂါကူးစက်ခံထားရသည့် မိဘများမှ ကလေးသို့ အရေပြားချင်း ထိတွေ့ခြင်းတို့မှ လည်းကောင်း ရောဂါပိုးကူးစက်ခံရနိုင်သည်။ရောဂါလက္ခဏာ ပြသခြင်းမရှိသည့်သူများမှ ကူးစက်စေခြင်း ရှိ၊မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

ရောဂါလက္ခဏာများ

ပြင်ဆင်ရန်

ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်သည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိသည်။ ထို့နောက် အ‌ရေပြားပေါ်တွင် အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် သို့မဟုတ် အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရသည်။ ထို့နောက် ၎င်းအရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားသည်။ လူနာတစ်ယောက်စီတွင် အဖုအပိန့်များကို အရေအတွက် အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်သည်။ အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။ အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းသည်။လူနာအများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ‌ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးများဖြစ်ပွားပြီး သေဆုံးသည်အထိလည်း ဖြစ်နိုင်သည်။ မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည်။မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်သည်။

ကာကွယ်ဆေးနှင့်ကုသပုံ

ပြင်ဆင်ရန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျောက်ကြီးရောဂါကာကွယ်ဆေး ထိုးထားသူများသည် မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ တစိတ်တပိုင်းကာကွယ်မှုရရှိနိုင်သည်ဟု ကြေညာထားသည်။သို့သော် ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးထားသောကြောင့် မျောက်ကျောက်ရောဂါ ကူးစက်ခံရမှုမှ အကာအကွယ်အချို့ရရှိနေသော်လည်း ၎င်းတို့ကိုယ်တိုင်နှင့် အခြားသူများ ကူးစက်ခံရမှုမရှိအောင် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားသင့်ကြောင်း သတိပေးထားသည်။တစ်ဖက်တွင်လည်း ကျောက်ကြီးရောဂါပပျောက်သွားသည့် (၁၉၈၀) ခုနှစ် နောက်ပိုင်းတွင် ကျောက်ကြီးရောဂါကာကွယ်ဆေးထိုး လုပ်ငန်းသည် ရပ်နားထားခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် ငယ်ရွယ်သူများသည် ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိမနေသေးပေ။လက်ရှိတွင် ကျောက်ကြီးရောဂါကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ်တစ်မျိုး (MVA-BN, Imvamune, Imvanex of Jyynneo) သည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားသည်။ထိုကာကွယ်ဆေးအသစ်မှာမူ တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။ဓါတ်ခွဲဝန်ထမ်းတချို့ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများသည် လက်ရှိအချိန်တွင် မကြာသေးမှီက ထုတ်လုပ်ထားသည့် ကျောက်ကြီးရောဂါကာကွယ်ဆေးအား ထိုးနှံထားပြီးဖြစ်သည်။မျောက်ကျောက်ရောဂါလက္ခဏာသည် ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်သည်။စတီးရိုက်ပါဝင်သော ဆေးအမျိုးအစားကို ရှောင်ရှားပြီး အခြား ပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်းခပ်ဆေးတို့ကို အသုံးပြုနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ထားသည်။ပြင်းထန်သောလူနာများတွင် ကာကွယ်ဆေးထိုးခြင်းမှ ပေါ်ထွက်လာသော ပဋိပစ္စည်း ပရိုတိန်းတစ်မျိုး (Vaccinia immune globulin –VIG) ကို အသုံးပြုရန် ထောက်ခံချက်ပေးထားသည်။ ကျောက်ကြီးရောဂါကုသရာတွင် အသုံးပြုသည့် ဆေးတစ်မျိုး (Tecovirimat, TPOXX) ကို မျောက်ကျောက်ရောဂါကုသရာတွင် အသုံးပြုရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ခွင့်ပြုခဲ့သည်။[]

ရောဂါဖြစ်ပွားမှုအခြေအနေ

ပြင်ဆင်ရန်
မျောက်ကျောက် ကပ်ရောဂါ ဖြစ်ပွားမှု
ခုနှစ် နိုင်ငံ ရောဂါပိုးအမျိုးအစား လူသို့ကူးစက်ခြင်း ရောဂါကြောင့်သေဆုံးမှု သေဆုံးမှုနှုန်း မှတ်စု
၁၉၇၀ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ Clade I မသိရှိရ မသိရှိရ
၁၉၇၁   နိုင်ဂျီးရီးယား Clade II မသိရှိရ မသိရှိရ
၁၉၈၁-၁၉၈၆ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ Clade I ၃၃၈ မသိရှိရ မသိရှိရ
၁၉၉၅-၁၉၉၆ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ Clade I ၅၀၀ နှင့်အထက် မသိရှိရ မသိရှိရ
၂၀၀၁-၂၀၀၄ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ Clade I ၂၇၃၄ မသိရှိရ မသိရှိရ
၂၀၀၃   အမေရိကန် Clade II ၇၁ မရှိ ၀ ရာခိုင်နှုန်း
၂၀၁၅   ဗဟိုအာဖရိကသမ္မတနိုင်ငံ[] Clade I ၁၀ ၂၀ ရာခိုင်နှုန်း
၂၀၁၇-၂၀၂၂   နိုင်ဂျီးရီးယား Clade II ၅၅၈ ၁.၄ ရာခိုင်နှုန်း
၂၀၂၀ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ[] Clade I ၄၆၀၀ ၁၇၁ ၃.၇ ရာခိုင်နှုန်း
၂၀၂၂-၂၀၂၃ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ Clade IIb ၉၃၃၂၇ ၂၀၈ ၀.၂ ရာခိုင်နှုန်း
၂၀၂၃-၂၀၂၄ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
  ဗဟိုအာဖရိကသမ္မတနိုင်ငံ
ကွန်ဂိုသမ္မတနိုင်ငံ
  ကင်ညာ
  ဘူရွန်ဒီ
Clade I
Clade Ib
>၁၈၂၄၅ >၉၁၉ ~၅ ရာခိုင်နှုန်း * ဆက်လက်ဖြစ်ပွားနေဆဲ

အရေးပေါ်အခြေအနေကြညာထားမှု

ပြင်ဆင်ရန်
  1. ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် WHO က နိုင်ငံတကာ စိုးရိမ်ဖွယ်အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၂၃ခုနှစ် မေလ ၁၁ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။
  2. ၂၀၂၄ ခုနှစ် သြဂုတ် ၁၄ရက် တွင် WHO က နိုင်ငံတကာ စိုးရိမ်ဖွယ်အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာသည်။
  1. မျောက်ကျောက်ရောဂါ သိကောင်းစရာIrrawaddy (၂၂ သြဂုတ် ၂၀၂၄)။ ၂၃ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. မျောက်ကျောက်ရောဂါ(Mpox)ကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေ ကြေညာBBC (၁၅ သြဂုတ် ၂၀၂၄)။ ၂၃ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. မျောက်ကျောက်‌ရောဂါ သတိပြုပါMOI Myanmar (၂၁ သြဂုတ် ၂၀၂၄)။ ၂၃ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. Mpox (monkeypox)အမေး၊ အဖြေများWorld Health Organization။ 23 Aug 2024 တွင် ပြန်စစ်ပြီး။
  5. "A Nosocomial Outbreak of Human Monkeypox in the Central African Republic" (2017). Open Forum Infectious Diseases 4 (4): ofx168. doi:10.1093/ofid/ofx168. PMID 29732376. 
  6. Monkeypox - Democratic Republic of the Congo October 2020။ World Health Organization။ 5 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 March 2024 တွင် ပြန်စစ်ပြီး။