၃၆-ကောင် ထီ ဆိုသည်မှာ ပေါက်လျှင် (၂၇) ဆ ရသည့် တစ်နေ့နှစ်ကြိမ်ဖွင့် ပုဂ္ဂလိကထီတစ်မျိုး ဖြစ်သည်။ ပေါက်ကောင်ကို ဒိုင်လူကြီးမှရွေးကာ ထီရုံရှေ့ရှိတိုင်တွင် သံသေတ္တာဖြင့် တင်ထားပြီး အတိတ်ပေးသည်။ ထိုအတိတ်ကို အဓိပ္ပာယ်ကောက်၍လည်းကောင်း၊ မိမိနှစ်သက်ရာ ပေါက်ကောင်ကို ခန့်မှန်း၍လည်းကောင်း နီးစပ်ရာ ဒိုင်များထံတွင် ထိုးရသည်။ ရှမ်းပြည်နယ်တွင် အထူးခေတ်စားခဲ့ပြီး အစိုးရလိုင်စင်ယူ၍ ထီဖွင့်ခွင့် ရနိုင်သည်။

ထီဖွင့်ခြင်း ပြင်ဆင်ရန်

တစ်နေ့လျှင် နှစ်ကြိမ်ဖွင့်ပြီး နေ့ဘက်အတွက် မနက် (၉) နာရီ၊ ညဘက်အတွက် ည (၉) နာရီကို အသုံးများသည်။ နေ့ဘက်တွင်ဖွင့်သည့်ထီကို နေ့ကိန်း ဟု လည်းကောင်း၊ ညဘက်ဖွင့်သည့်ထီကို ညကိန်း ဟု လည်းကောင်း ခေါ်ဝေါ်သည်။ [၁]

မူလဒိုင်အပြင် မူလဒိုင်မှဖွင့်သည့် ပေါက်ကောင်အတိုင်း အလျော်အစားပြုလုပ်သည့် အုပ်ဒိုင်ဟူ၍လည်း ရှိသေးသည်။

ထီဖွင့်ပုံ ပြင်ဆင်ရန်

၃၆-ကောင် နတ် (ထွန်းအောင်ကျော်နတ်) ကို တိုင်တည်ကာ ဒိုင်လူကြီးမှ အကောင်တစ်ကောင်ကို ရွေးသည်။ ထို့နောက် သံသေတ္တာ၌ထည့်ကာ ထီရုံရှေ့ရှိ ကျစ်ဆံနီနတ်ရုပ်တိုင်ထိပ်၌ ကြိုးဖြင့်ဆွဲကာ တင်လိုက်သည်။ တိုင်အား အစောင့်ထားကာ ပေါက်ကောင်နှင့်ပတ်သက်သည့်အတိတ် ပေးသည်။ ထိုအတိတ်ကို မသိမီလိုက်ပါက ထီဒိုင်များထံမှလည်း မေးမြန်းနိုင်သည်။

ထီဖွင့်ချိန်ရောက်သော် ဒိုင်လူကြီးမှ သံသေတ္တာကိုချကာ ပေါက်ကောင်ကို အများမြင်အောင် ပြရသည်။ ထိုအကောင်မှ ငုတ်တုပ်ကောင် ဖြစ်သွားပြီး နောက်တစ်ကြိမ်ဖွင့်မည့်ထီအတွက် အသုံးပြုတော့မည် မဟုတ်ပေ။

အတိတ်ကောက်ပုံ ပြင်ဆင်ရန်

ဒိုင်လူကြီးပေးသည့် အတိတ်ကိုကောက်ကာ ထိုးသူများရှိသော်လည်း အများစုမှာ လတ်တလောအဖြစ်အပျက်တို့ကိုလည်းကောင်း၊ အိပ်မက်ကိုလည်းကောင်း အတိတ်ကောက် ထိုးသူများဖြစ်သည်။

အိပ်မက်ကောက်ပုံနှင့်ပတ်သက်၍ ထွန်းအောင်ကျော်နတ်ပေးသည့်အိပ်မက်မှာ ပြတ်သားထင်ရှားပြီး ဖွင့်ကောင်အဖြစ် တိုက်ရိုက်ယူနိုင်ကြောင်း၊ မပြတ်သားသည့် အိပ်မက်မှာမူ ကျစ်ဆံနီနတ်ပေးသော အိပ်မက်ဖြစ်ကာ ကိုယ်စားလှယ်ကောင်၊ သက်ပြောင်းကောင် ဟု သွယ်ဝိုက်ယူရကြောင်း သိရသည်။ [၂]

၃၆-ကောင် ရုပ်များ ပြင်ဆင်ရန်

  • မြင်း
  • တော
  • ရွှေနဂါး
  • လိပ်ပြာ
  • ဆတ်
  • မြွေ
  • မျောက်
  • ပင့်ကူ
  • ဗျိုင်း
  • သီလ
  • ငန်း
  • ခရု
  • ဆင်
  • ရွှေငါး
  • ကြက်
  • လိပ်
  • ကျီး
  • ငှက်
  • ကျား
  • ဝက်
  • ဒေါင်း
  • ယုန်
  • ခွေး
  • ပုစွန်
  • နဂါးပျံ
  • ဆိတ်
  • နွား
  • အိမ်
  • တီ
  • ငွေငါး
  • ခို
  • ဖား
  • ပျား
  • ကျောက်
  • ကြွက်
  • ငါးရှဉ့်

ကိုးကား ပြင်ဆင်ရန်

  1. သော်တာဆွေ။ "ကျွန်တော့်ဘဝ ဇာတ်ကြောင်း"
  2. မဟာဝန် ဆရာခင်။ "၃၆ ကောင်ထီ"။ မြို့လယ် ပုံနှိပ်တိုက်၊ မန္တလေး။ ၁၈၅၁။