၉၆၉ လှုပ်ရှားမှု

မြန်မာနိုင်ငံတွင်ပြုလုပ်သော အမျိုးသားရေးလှုပ်ရှားမှု


၉၆၉ လှုပ်ရှားမှု သည် မြန်မာနိုင်ငံတွင်း အစ္စလာမ် ပြန့်ပွားမှုကို ဆန့်ကျင်သော အမျိုးသားရေး လှုပ်ရှားမှုတစ်ခု ဖြစ်သည်[၁][၂][၃] ၉၆၉ ဂဏန်း အမှတ်တံဆိပ်သည် ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော် ၉ ပါး၊ ဓမ္မတရားတော်၏ ဂုဏ်တော် ၆ ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော် ၉ ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါး ကို ရည်ညွှန်းသည့် သင်္ကေတအမှတ်တံဆိပ် ဖြစ်သည်။[၁][၂][၄]

၉၆၉ လှုပ်ရှားမှု
၉၆၉ အမှတ်တံဆိပ် သင်္ကေတ
ဦးဆောင်သူအရှင်ဝီရသူ
အမျိုးအစားအမျိုးသားရေး အဖွဲ့အစည်း
ရင်းမြစ် မြန်မာ
နိုင်ငံရေးခံယူချက်အစ္စလာမ် ဆန့်ကျင်ရေး၊ ဗုဒ္ဓဘာသာ ပြန်လည်နိုးကြားစေရေး
ဘာသာတရားဗုဒ္ဓဘာသာ

ဤလှုပ်ရှားမှုအား မွတ်ဆလင်ဆန့်ကျင်ရေး အဖြစ် နိုင်ငံတကာက သိရှိလက်ခံထားကြသည်။[၅][၆][၇][၈] လှုပ်ရှားမှုကို ထောက်ခံသော အချို့သော မြန်မာဗုဒ္ဓဘာသာဝင်များကမူ မွတ်ဆလင်ဆန့်ကျင်ရေးဆိုသည်ကို ငြင်းဆိုကြသည်။ ရခိုင်လူမျိုးများအား ခြိမ်းခြောက်နေသော ဘင်္ဂါလီလူမျိုးများအား ဦးတည်သည့် ကာကွယ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်သည်ဟု ဆရာတော် ဦးဝီရသူက ဆိုသည်။[၉] ဤလှုပ်ရှားမှုသည် သာသနာရေးဝန်ကြီးဌာန၏ အရာထမ်းတစ်ဦးဖြစ်သူ ဦးကျော်လွင်က ၁၉၉၀ ဝန်းကျင်တွင် ရေးသားခဲ့သော စာအုပ်မှ အခြေခံခဲ့သည်ဟု Alex Bookbinder က The Atlantic မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ အရှေ့တောင်အာရှဒေသတွင် မွတ်ဆလင်များသည် "In the Name of Allah, the Compassionate and Merciful" ဟူသော စာသားအား ဂဏန်းသင်္ကေတ ၇၈၆ ဖြင့် ကိုယ်စားပြု ဖော်ပြကြပြီး စီးပွားရေးလုပ်ငန်းများတွင် ထိုဂဏန်းကို ဖော်ပြထားခြင်းဖြင့် မွတ်ဆလင်များ ပိုင်ဆိုင်ကြောင်း ပြသကြသည်။ ၇၊ ၈ နှင့် ၉ ဂဏန်းများ ပေါင်းခြင်းသည် ၂၁ ဖြစ်သဖြင့် ဤသည်ကို ၂၁ ရာစုတွင် မြန်မာနိုင်ငံအား မွတ်ဆလင်များက သိမ်းပိုက်မည့် အကြံအစည်ဟု မြန်မာအစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြသည်။[၁]

ဦးဝီရသူ ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဝီရသူ (မစိုးရိမ်)

ဆရာတော် ဦးဝီရသူသည် ဤလှုပ်ရှားမှု၏ ဦးဆောင်သူအဖြစ် သတ်မှတ်ထားကြသည်။ မွတ်ဆလင်များ ပိုင်ဆိုင်သည့် ဈေးဆိုင်များကို သပိတ်မှောက်ခြင်းအား ဦးဝီရသူက အားပေးထောက်ခံခဲ့သည်ဟု ဆိုသည်။[၁၀][၁၁][၁၂] ၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခ ကဲ့သို့သော ဖြစ်ရပ်များကြောင့် ဤလှုပ်ရှားမှုသည် ကြားခံဖြစ်ရကြောင်းနှင့် ၉၆၉ သည် အကြမ်းမဖက် လှုပ်ရှားမှု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၄][၃]

၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်းမျက်နှာဖုံးတွင် ဦးဝီရသူအား "The Face of Buddhist Terror" ဟု ရည်ညွှန်းဖော်ပြခဲ့သည်။[၁၃]တိုင်းမ် ဆောင်းပါးပါ အချက်များအား ဦးဝီရသူက ငြင်းဆိုခဲ့သည်။[၁၄][၂] ယင်းမကြာမီ ဦးဝီရသူ မျက်နှာဖုံးဆောင်းပါးပါ ၂၀၁၃ ဇွန်လထုတ် တိုင်းမ် မဂ္ဂဇင်းအား မြန်မာနိုင်ငံတွင် ပိတ်ပင်ခဲ့သည်။[၁၅]

၂၀၁၄ စက်တင်ဘာလတွင် Bodu Bala Sena အဖွဲ့က "သံဃာ့အစည်းအဝေး" ကို ကိုလံဘိုမြို့တွင် ပြုလုပ်ခဲ့ရာ ဦးဝီရသူ တက်ရောက်ခဲ့ပြီး ၉၆၉ လှုပ်ရှားမှုကြီးအနေဖြင့် Bodu Bala Sena နှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့သည်။[၁၆]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ 969: The Strange Numerological Basis for Burma's Religious Violence - Alex Bookbinder။ The Atlantic (9 April 2013)။ 19 October 2013 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Extremism builds among Myanmar’s Buddhists | Seattle Times Newspaper။ Seattletimes.com (21 June 2013)။ 19 October 2013 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Matthew J Walton။ "Buddhism turns violent in Myanmar"၊ 2 April 2013။ 14 March 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 14 September 2014။ 
  4. ၄.၀ ၄.၁ Root Out the Source of Meikhtila Unrest။ Irrawaddy.org။ 19 October 2013 တွင် ပြန်စစ်ပြီး။
  5. Downs၊ Ray (27 March 2013)။ Is Burma's Anti-Muslim Violence Led by Buddhist Neo-Nazis ?။ Vice.com။ 19 October 2013 တွင် ပြန်စစ်ပြီး။
  6. Sardina၊ Carlos (10 May 2013)။ Who are the monks behind Burma’s ’969′ campaign? | DVB Multimedia Group။ Dvb.no။ 24 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 October 2013 တွင် ပြန်စစ်ပြီး။
  7. Lindsay Murdoch။ "Anti-Muslim movement hits Myanmar"၊ Smh.com.au၊ 15 April 2013။ 19 October 2013 တွင် ပြန်စစ်ပြီး 
  8. Myanmar’s extremist Buddhists get free rein။ Nation.com.pk။ 24 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 October 2013 တွင် ပြန်စစ်ပြီး။
  9. "Religious radicals driving "Myanmar's" unrest"၊ 31 March 2013။ 14 March 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 24 December 2018။ 
  10. "Burma's Bin Laden, the Buddhist monk who fuels hatred - video | World news"၊ London: theguardian.com၊ 16 April 2013။ 19 October 2013 တွင် ပြန်စစ်ပြီး 
  11. Fanatical Buddhist Monk Saydaw Wirathu Calling for Boycott of Myanmar Muslims [VIDEO] - IBTimes UK။ Ibtimes.co.uk (26 March 2013)။ 19 October 2013 တွင် ပြန်စစ်ပြီး။
  12. The 'Burmese bin Laden' fomenting violence against Myanmar's Muslims | The National။ Thenational.ae (29 March 2013)။ 19 October 2013 တွင် ပြန်စစ်ပြီး။
  13. Beech၊ Hannah။ "The Buddhist Monks Advocating Intolerance in Asia"၊ TIME၊ 1 July 2013။ 19 October 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 24 December 2018။ 
  14. Myanmar Monk Rejects Terrorist Label Following Communal Clashes။ Rfa.org။ 19 October 2013 တွင် ပြန်စစ်ပြီး။
  15. Williams၊ Alex (28 June 2013)။ Myanmar bans TIME Magazine over ‘Buddhist Terror’ cover story (video)Inside Investor။ 15 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 June 2013 တွင် ပြန်စစ်ပြီး။
  16. "Ashin Wirathu Thera of Myanmar to work with BBS"၊ Daily Mirror (Sri Lanka)၊ 28 September 2014။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်