Access to Insight

ထေရဝါဒ ဗုဒ္ဓဘာသာ ဝဘ်ဆိုက်

Access to Insight သည် ထေရဝါဒ ဗုဒ္ဓဘာသာ ဝဘ်ဆိုက်တစ်ခု ဖြစ်သည်။ ဤဝဘ်ဆိုက်တွင် ပိဋကတ်သုံးပုံမှ ဘာသာပြန်များ၊ ဗုဒ္ဓဘာသာထုတ်ဝေရေးအဖွဲ့ (Buddhist Publication Society) နှင့် ထိုင်းတောရ (Thai Forest Tradition) မှ ဆရာများ ထုတ်ဝေသည့် ခေတ်ကာလစာအုပ်များ စသည်တို့ကို ရရှိနိုင်အောင် ထောက်ပံ့ပေးထားသည်။

Access to Insight
ဝဘ်ဆိုဒ် အမျိုးအစား
Informational resource on Buddhism
ဝဘ်ဆိုဒ်accesstoinsight.org
Alexa အဆင့်Negative increase 141,188 (February 2015)[၁]
စီးပွားရေးNo
လွှင့်တင်ခြင်း၁၉၉၃

သမိုင်း ပြင်ဆင်ရန်

Access to Insight ကို ၁၉၉၃ ခုနှစ်တွင် Barre Center for Buddhist Studies ၏ ထောက်ပံ့မှုဖြင့် စေတနာ့ဝန်ထမ်းတစ်ဦးက Bulletin Board System (BBS) စနစ်ဖြင့် စတင်ခဲ့သည်။ မူလက Access to Insight သည် ဓမ္မနက်ဓမ္မစာပေများစီမံကိန်း၏ ရလဒ်များဖြစ်ကြသည့် များစွာသော ထုတ်ဝေမှုများထဲမှ တစ်ခုဖြစ်ခဲ့သည်။ အင်တာနက်အသုံးပြုမှု ကြီးထွားလာသည့်အခါတွင် Access to Insight (ATI) သည် ဝဘ်ကို အခြေခံသည့်ဘက်သို့ ကူးပြောင်းခဲ့သည်။ ၁၉၉၅ ခုနှစ် မတ်လတွင် ဝဘ်ဆိုက်သည် ATI ၏ အဓိကကျသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ ထိုနှစ်အကုန်ပိုင်းမတိုင်မီအထိ BBS စနစ်ကို ရပ်တန့်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ATI သည် ဝဘ်ဆိုက်ခေါင်းစဉ် အား A Handful of Leaves ဟု အမည်ပေးထားသည့် စီဒီဗားရှင်းကို ထုတ်ဝေခဲ့သည်။

၂၀၀၅ ခုနှစ် နွေဦးရာသီတွင် တည်းဖြတ်သူသည် ဓမ္မစာပေကူးယူမှုစီမံကိန်းကို စတင်ခဲ့သည်။ ၎င်းတွင် ယခင်နှစ်အနည်းငယ်က လေ့လာထားသည့် တရားစာပေများကို ဖောမတ် (format) ပြောင်းကာ ကူးယူခဲ့သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် တည်းဖြတ်သူသည် to Access to Insight အဖြစ်သို့ ပြောင်းလဲလိုက်ကြောင်း ကြေညာခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အခြားသော ကိုယ်ရေးကိုယ်တာဆောင်ရွက်မှုများကို ရပ်နားလိုက်ကြောင်း ကြေညာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ဓမ္မလေ့လာသူများအား အွန်လိုင်းကိရိယာများ (Online Tools) ဖြင့် လေ့လာနိုင်အောင် လုပ်ဆောင်နိုင်ရန် ဖြစ်သည်။ သူသည် သူ၏ နှစ်ပတ်လည် အမေရိကန်ဒေါ်လာ ၁၅၀၀ ငွေကြေးထောက်ပံ့မှု ကို ရပ်နားခဲ့ကြောင်းလည်း ပြောကြားခဲ့သသည်။ သူသည် လွတ်လပ်စွာရှာဖွေနိုင်မည့် ငွေရေးကြေးရေးကင်းရှင်းသည့် ထိန်းသိမ်းမှုနှင့် အနာဂတ်ကာလ ထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ဘာရီဓမ္မလေ့လာသူများစင်တာ ဝဘ်ဆိုက်၏ ထိန်းသိမ်းမွမ်းမံမှုများနှင့် ဒိုမိန်းအမည်၏ ပိုက်ဆိုင်သူအဖြစ် ခံယူခဲ့သည်။

အကြောင်းအရာ ပြင်ဆင်ရန်

ATI ဝဘ်ဆိုက်ပေါ်ရှိ အရာအားလုံးကို အခမဲ့ ဖြန့်ဝေနိုင်သည်။ ပြင်ဆင်ခြင်းမရှိ၊ အခကြေးငွေဖြင့် ရောင်းစားခြင်း မရှိဘဲ ကူးယူးမှု၊ ဖြန့်ဝေမှုတို့ကို ခွင့်ပြုထားသည်။ သို့သော် မူပိုင်ခွင့်ဖြင့်မူ ကာကွယ်ထားသည်။

ATI တွင် နေ့စဉ်လူနေမှုဘဝအတွက် အသုံးဝင်သည့် သင်ကြားပြသမှုများ၊ ဗုဒ္ဓဘာသာ၏ အခြေခံသင်ကြားပြသမှုများကို လေ့လာနိုင်သည့် ပိဋကတ်သုံးပုံမှ ဓမ္မစာပေများကို ရရှိနိုင်သည်။ ထို့ပြင် သုတ္တန်ပိဋကတ်မှ ပါဠိစာပေများကိုလည်း ရရှိနိုင်သည်။ အခြားသော ဝိနည်းပိဋကတ်များ၊ အဘိဓမ္မာပိဋကတ်များ စသည်တို့ကိုလည်း ရရှိနိုင်ပေသည်။ ATI တွင် ဗုဒ္ဓစာပေဖြန့်ဝေရေးအဖွဲ့မှ ဖြန့်ဝေထားသည့် ပါဠိစာပေများလည်း ရှိသည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးပြည်နယ်၊ San Diego အနီးရှိ မေတ္တာတောရကျောင်းတော်၏ ကျောင်းထိုင် born Thanissaro Bhikkhu က ထိုင်းဘာသာမှ ပြန်ဆိုထားသည့် သင်ကြားပြသမှုများကိုလည်း ရရှိနိုင်သည်။

၂၀၁၄ ခုနှစ်တွင် ဝဘ်ဆိုက်တွင် ရရှိနိုင်သည်များသည် သုတ္တန်ပေါင်း ၉၀၀ ကျော်နှင့် မျာစွာသောစာအုပ်နှင့် ဆောင်းပါးပေါင်း ရာပေါင်းများစွာ၊ ဘာသာပြန်စာပေများ နှင့် ရဟန်းများနှင့် ပညာရှင်တို့မှ ထုတ်ဝေခဲ့သည့် စာအုပ်များကို ရရှိနိုင်သည်။ စာအုပ်များအားလုံးကို HTML နှင့် plain text စသည့် ပုံစံများဖြင့် ရရှိနိုင်သည်။

ဗုဒ္ဓဘာသာအဖွဲ့တွင် အသုံးပြုမှု ပြင်ဆင်ရန်

Access to Insight ကို ဗုဒ္ဓဘာသာကို လေ့လာကြသည့် ကမ္ဘာတစ်လွှားရှိ ကျောင်းသားများသည် ကောင်းစွာသိကြသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Accesstoinsight.org Site InfoAlexa Internet။ 3 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-02-17 တွင် ပြန်စစ်ပြီး။
  2. Thanissaro Bhikkhu. "Thai forest monk Thanissaro Bhikkhu answers questions from Tricycle readers." Tricycle: The Buddhist Review