BOL4

တောင်ကိုရီးယား ဂီတအဖွဲ့
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ဘိုလ်ပါလ်ဂါန် ဆာချူန်ဂီ (ကိုရီးယား볼빨간 사춘기, BOL4 သို့မဟုတ် Bolbbalgan4) သည် ၂၀၁၆ ခုနှစ်တွင် Shofar Music မှ ဖွဲ့စည်းခဲ့သော တောင်ကိုရီးယား ဂီတအဖွဲ့ ဖြစ်သည်။ ဘိုလ်ပါလ်ဂါန် ဆာချူန်ဂီ သည် ယခင်က အန်ဂျီယောင်း (ကိုရီးယား안지영) နှင့် ဝူဂျီယွန်း (ကိုရီးယား우지윤) တို့ပါဝင်ဖွဲ့စည်းထားသော နှစ်ယောက်တွဲအဖွဲ့ ဖြစ်ခဲ့သည်။[၁] ၂၀၁၉ ခုနှစ်၊ ဂျွန်လ ၅ ရက်နေ့တွင် King Records နှင့် လက်မှတ်ရေးထိုးပြီး[၂][၃] "Red Planet" ဂျပန်ဗားရှင်းမီနီအယ်လ်ဘမ်ဖြင့် ဂျပန်နိုင်ငံတွင်လည်း မိတ်ဆက်ပွဲဦးထွက်ခဲ့သည်။[၄][၅]

ဘိုလ်ပါလ်ဂါန် ဆာချူန်ဂီ
ဘိုလ်ပါလ်ဂါန် ဆာချူန်ဂီ (၂၀၁၈)
ဝူဂျီယွန်း (ဝဲ) နှင့် အန်ဂျီယောင်း (ယာ)
ကိုယ်ရေး အချက်အလက်များ
မူလတိုင်းပြည်Yeongju, Gyeongsang, တောင်ကိုရီးယား
ဂီတဟန်
တက်ကြွသည့်နှစ်များ2016–present
တေးသံသွင်း ကုမ္ပဏီ
ဝက်ဘ်ဆိုက်
လက်ရှိအဖွဲ့ဝင်များ
  • အန်ဂျီယောင်း
အဖွဲ့ဝင်ဟောင်းများ
  • ဝူဂျီယွန်း

၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ဝူဂျီယွန်းသည် အဖွဲ့မှနုတ်ထွက်သွားပြီဖြစ်ကြောင်း၊ မည်သည့်အဖွဲ့ဝင်အသစ်ကိုမှ ထပ်မံထည့်သွင်းခြင်းမရှိပဲ အဆိုရှင် အန်ဂျီယောင်းတစ်ယောက်သာ Bolbbalgan4 အဖွဲ့တွင် ဆက်ရှိနေမည်ဖြစ်ကြောင်းကို Shofar Music မှကြေညာခဲ့သည်။

အတွေ့အကြုံ ပြင်ဆင်ရန်

အန်ဂျီယောင်းနှင့် ဝူဂျီယွန်းတို့သည်အထက်တန်းကျောင်းအတန်းဖော်များဖြစ်ပြီး နှစ်ဦးစလုံးမှာ Gyeongsang ပြည်နယ်မြောက်ပိုင်း Yeongju မြို့ ဇာတိသူများဖြစ်ကြသည်။ သူတို့နှစ်ယောက်သည် အဆိုတော်ဂီတအနုပညာရှင်များဖြစ်ချင်သည့် သူတို့၏အိပ်မက်ကိုအတူတကွဖော်ဆောင်နိုင်ခဲ့ကြသည်။

အုပ်စုအမည်၏မူလအစ ပြင်ဆင်ရန်

ဆယ်ကျော်သက်အရွယ်တွင်သာကြုံတွေ့နိုင်သည့် ရိုးသားဖြူစင်သောခံစားချက်တို့ကိုရေးဖွဲ့သီကုံးသောသီချင်းများကို ဖန်တီးလို၍ "볼빨간 사춘기" ဟု အဖွဲ့အမည်ပေးခြင်းဖြစ်သည်။[၆] ဝူဂျီယွန်းသည် ရှက်ရွံ့တတ်မှုကို ဖော်ညွှန်းသော "볼빨간" (မြန်မာအသံထွက်: ဘိုလ်ပါလ်ဂါန်) (Blushing) ကို၎င်း၊ အန်ဂျီယောင်းသည် ဆယ်ကျော်သက်ဆန်ဆန်ပြုမူနေထိုင်တတ်မှုကို ဖော်ညွှန်းသော "사춘기" (မြန်မာအသံထွက်: ဆာချူန်ဂီ) (Puberty or Youth) ကို၎င်း ပုံဖော်ကိုယ်စားပြုသည်။‌

ဂီတလုပ်ငန်း ပြင်ဆင်ရန်

၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် "Half album RED ICKLE" မီနီအယ်လ်ဘမ်ဖြင့် ပွဲဦးထွက်ခဲ့သည်။

ထိုနှစ် ဩဂုတ်လ 29 ရက်နေ့တွင် ပထမဦးဆုံးအယ်လ်ဘမ် "Full Album RED PLANET" ကိုဖြန့်ချိခဲ့သည်။ ထိုအယ်လ်ဘမ် မှခေါင်းစဉ်သီချင်းဖြစ်သော "우주를줄게"(Galaxy) သီချင်းသည် ကိုရီးယားအများပြည်သူကြား၌ အလွန်ရေပန်းစားခဲ့ပြီး အဖွဲ့သည်လည်း ပြည်တွင်းအောင်မြင်မှုကျော်ကြားမှုကို စတင်ရရှိခဲ့သည်။[၇][၈]

ထို့နောက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် "Red Diary Page.1" ဒုတိယမီနီအယ်လ်ဘမ်၊ ၂၀၁၈ ခုနှစ်၊ မေလတွင် "Red Diary Page.2" တတိယမီနီအယ်လ်ဘမ်၊ ၂၀၁၉ ခုနှစ် ဧပြီနှင့်စက်တင်ဘာလတို့တွင် "Puberty Book I Bom" နှင့် "Two Five" မီနီအယ်လ်ဘမ်တို့ ထွက်ရှိခဲ့သည်။[၉] ၂၀၂၀ ခုနှစ်၊ မေလတွင် "Puberty Book II Pum" မီနီအယ်လ်ဘမ် ထွက်ရှိခဲ့သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် "Red Lipstick" နှင့် "Dancing Cartoon" သီချင်းနှစ်ပုဒ်ပါဝင်သည့် "Filmlet" မီနီအယ်လ်ဘမ် အသစ်ကိုလည်း ထွက်ရှိထားသည်။

အဖွဲ့ဝင်များ ပြင်ဆင်ရန်

လက်ရှိ ပြင်ဆင်ရန်

  • အန်ဂျီယောင်း (Ahn Ji-young) (ကိုရီးယား안지영) ( 1995 -09-14) စက်တင်ဘာ ၁၄၊ ၁၉၉၅ (အသက် ၂၈) – အဓိကအဆို[၁၀]

ယခင် ပြင်ဆင်ရန်

  • ဝူဂျီယွန်း (Woo Ji-yoon) (ကိုရီးယား우지윤) ( 1996 -01-06) ဇန်နဝါရီ ၆၊ ၁၉၉၆ (အသက် ၂၈) – ဂီတာ, ဘေ့စ်, ရက်ပ်, နောက်ခံအဆို[၁၁][၁၂]

ကိုးကား ပြင်ဆင်ရန်

  1. 볼빨간 사춘기', 슈스케6 출연 이후로 "영주 시장과 통화했다 (in Korean)။ Sisun News (2016-09-21)။
  2. "볼빨간사춘기, 6월 일본 정식 데뷔..'우주를 줄게' 日 버전 출시 [공식]" (in Korean)၊ Daum၊ 2019-04-04။ 
  3. 赤頬思春期、日本デビューALより『宇宙をあげる』MVフルバージョンが公開 (in Japanese)။ Dwango News (2019-05-22)။ 29 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 April 2020 တွင် ပြန်စစ်ပြီး။
  4. 韓国シティポップの大本命・赤頬思春期、「宇宙をあげる」MV公開&先行配信スタート (in Japanese)။ Billboard Japan (2019-05-22)။
  5. 韓国のストリーミング女王・赤頬思春期、サマソニ出演 (in Japanese)။ Oricon News (2019-05-23)။
  6. 올드스쿨' 볼빨간 사춘기 "음원차트 역주행 신기해" 발랄 입담 '눈길 (in Korean)။ ENews24 (2016-09-21)။ 26 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 April 2020 တွင် ပြန်စစ်ပြီး။
  7. 구둘래။ "‘볼빨간 사춘기’ 안에 음원차트 장기집권 비밀 있다" (in Korean)၊ 2016-10-11။ 
  8. 서민정갑။ "(서정민갑의 수요뮤직) 볼빨간사춘기의 인기, 무엇 때문인가?" (in Korean)၊ 2016-10-11။ 
  9. Bol4's Ahn Is a 'Workaholic' With a Twist in New Music Video: Watch (in English)။ Billboard (2019-10-09)။
  10. 안지영 (in Korean)။ Naver။
  11. 볼빨간사춘기 프로필 (in Korean)။ Naver။
  12. 우지윤 (in Korean)။ Naver။