Clamp meter

လျှပ်စီးဆင်းမှုကိုတိုင်းသောကိရိယာ

Clamp Meter ဆိုသည်မှာ Iron Core Transformer အမျိုးအစားကို တခုတည်းမဟုတ်ပဲ ၂ ပိုင်းခွဲခြားထားခြင်းဖြင့် လျှပ်စစ်စီးကြောင်းအတွင်းမှ Electron များ သို့မဟုတ် Current စီးဆင်းမှု့ပမာဏကို ဖမ်းယူတိုင်းတာသည့် ကိရိယာ တမျိုးဖြစ်ပေသည် ။

Clamp Meter
Clamp Meter

ယင်းသို့ တိုင်းတာရာတွင် လျှပ်စစ်ဝါယာကြိုးများကို လက်ဖြင့် ထိတွေ့ကိုင်တွယ်ရန် အကြောင်းမရှိသဖြင့် လူကို ဓာတ်လိုက်ခြင်းအန္တရာယ်မှ ကင်ဝေးစေမှာဖြစ်ပါတယ် ။ လျှပ်စစ်ဖြတ်သန်းစီးဆင်းခြင်းကြောင့် ဝါယာကြိုးတလျှောက်တွင် လျှပ်စစ်စက်ကွင်းများဖြစ်ပေါ်လာတတ်ပါတယ် ။ ယင်းလျှပ်စစ်စက်ကွင်းများ၏ ညှို့အားကို Clamp Meter မှ လျှပ်ညှို့ခြင်း ဂုဏ်သတ္တိကိုအသုံးပြု၍ မီတာတွင် Electron မည်မျှစီးဆင်းနေသည်ဆိုခြင်းကို တွက်ချက်ဖော်ပြပေးခြင်းဖြင့် လူမှ သိရှိပြီး စက်ပစ္စည်းများ ၏ သက်တမ်း နှင့် ဝါယာကြိုးများ၏ သက်တမ်းကိုပါ ထိန်းသိမ်း နိုင်မှာဖြစ်ပါတယ် ။

Iron Core Transformer များတွင် Primary Coil  နှင့် Secondary Coil ဟူ၍ ကွိုင်ထုတ် ၂ ခုပါဝင်ရာတွင် ၊ ယခု Clamp Meter တွင်မူ ဝါယာကြိုးမှာ Primary Coil အဖြစ်တည်ရှိမှာဖြစ်ပြီး ၊ Clamp Meter မှ Iron Core မှာမူ Secondary Coil အဖြစ် တည်ရှိနေပါလိမ့်မည်။