Crazy Horse — လူဖြူများကိုဆန့်ကျင်တော်လှန်ခဲ့သည့် ဒေသခံအမေရိကန် Sioux လူမျိုး လူငယ်ခေါင်းဆောင် တဦးဖြစ်သည် ။ မြင်းစီးပြီး နွားရိုင်းများကို အမဲလိုက်ခဲ့သည့် လူငယ်တဦးဖြစ်ကာ စစ်ပွဲ အချိန်က ရဲစွမ်းသတ္တိ နှင့်ပြည့်စုံသဖြင့် သူ့အား Crazy Horse ဟု အမည်ပြောင်ပေးထားခြင်းဖြစ်သည် ။

Crazy Horse 1877

ယနေ့အချိန်တွင် Crazy Horse သည် အမေရိကန် စစ်တပ်ကို အောင်နိင်ခဲ့သည့် ဒေသခံ လူငယ်တဦး အဖြစ်မှတ်မိနေကြဆဲ ဖြစ်သည် ။

ငယ်ဘ၀ ပြင်ဆင်ရန်

Crazy Horse အား ၁၈၄၉ - ခုနှစ်အချိန်က South Dakota ရှိ ယနေ့ Rapid မြို့အနီးရှိ Sioux လူမျိုးများနေထိုင်သည့် စခန်းတွင် မွေးဖွားခဲ့သည် ။ အသက် ၁၂ - နှစ်အရွယ်မှစ၍ Crazy Horse သည် မြင်းစီးကျွမ်းကျင်သည့် မုဆိုးတဦးဖြစ်လာပြီးခဲ့သည် ။

၁၈၆၈ - ခုနှစ်တွင် သူသည် ဒေသခံ Cheyenne လူမျိုး အမျိုးသမီးတဦးကို လက်ထပ်ယူခဲ့ပြီး နောက် သူသည် Sioux နှင့် Cheyenne လူမျိုး စုများ၏ ခေါင်းဆောင်တဦးဖြစ်လာခဲ့သည် ။ ၁၈၇၄ ခုနှစ်ဝန်းကျင်က အမေရိကန်ပြည်ထောင်စု South Dakota ပြည်နယ် Black Hills ဒေသတွင် ရွှေတူးဖော်တွေ့ရှိကာ လူဖြူများအခြေချနေထိုင်ခဲ့သည် ။

ထိုအချိန်က အမေရိကန်အစိုးရ သည် ဒေသခံ အမေရိကန် လူမျိုးများကို မောင်းထုတ်ရန်ကြိုးစားခဲရာ Crazy Horse သည် သူ့လူမျိုး ၊ သူဒေသ အတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်သည် ။ ၁၈၇၆ - ခုနှစ် ဇွန်လ ၂၅ -ရက်နေ့တွင် အမေရိကန်စစ်ဗိုလ်မှူးကြီး George Armstrong Custer ၏ အမေရိကန်စစ်တပ်သည် Montana ရှိ Little Bighorn ဒေသမှ ဒေသခံများ၏ စခန်းကို ဝင်ရောက် တိုက်ခိုက်သည် ။

သို့သော်လည်း အမေရိကန်စစ်တပ်မှ Custer အပါအဝင် စစ်သည်များ အများအပြားသည် Crazy Horse ခေါင်းဆောင်သည့် ဒေသခံများပြန်လည်ခုခံမှုကြောင့် ကျဆုံးခဲ့ရသည် ။ Crazy Horse သည် အမေရိကန်စစ်ဗိုလ် George Armstrong Custer ဦးဆောင်သည့် အမေရိကန်တပ်ဖွဲ့အား Little Bighorn စစ်ပွဲတွင် အောင်နိင်ခဲ့သဖြင့် ထိုစစ်ပွဲကို Custer’s Last Stand ဟုလည်း ခေါ်ဆိုကြသည် ။

တော်လှန်ရေးခေါင်းဆောင် ပြင်ဆင်ရန်

စစ်ပွဲရှုံးနိမ့်ပြီးနောက် အမေရိကန်အစိုးရသည် အင်အားအများအပြားအသုံးပြုကာ ဒေသခံများကို မောင်းထုတ်ရန်ကြိုးစားလာခဲ့သည် ။ ဒေသခံ လူမျိုးအများအပြားသည် လက်နက်ချ အညံ့ခံခဲ့ကြ သော်လည်း Crazy Horse မှ

ငြင်းပါယ်ခဲ့သည် ။

နောက်ဆုံး Crazy Horse သည် ၁၈၇၇ - ခုနှစ် စက်တင်ဘာလ ၅ -ရက်နေ့တွင် အမေရိကန်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ဖမ်းမိသည့်နေရာမှာပင် စစ်သားတဦး၏ ချွန်ထက်သည့်ဓားဖြင့် ထိုးသတ်ခံရပြီး သေဆုံးခဲ့ရသည် ။

Crazy Horse အောက်မေ့ဖွယ် ပြင်ဆင်ရန်

အထိမ်းအမှတ်ရုပ်တုကို South Dakota ဒေသမှ Black Hills တောင်ပေါ်တွင် ထုလုပ်ထားသည် ။ ဤရုပ်တုကို ၁၉၄၀ ကစတင်ထုလုပ်ခဲ့သော်လည်း ၂၁ -ရာစု မှ အဆုံးသတ်နိင်ခဲ့သည် ။ Crazy Horse ၏ မျက်နှာမှာ ၈၇ - ပေ ရှိပြီး ရုပ်တုတစ်ခုလုံးသည် ပေ -၆၀၀ အမြင့်ရှိသည် ။

ကိုးကား ပြင်ဆင်ရန်

Crazy Horse - Academy Page