Death growl (သို့မဟုတ် growl) သည် အဆိုပုံစံတစ်မျိုးဖြစ်ပြီး (ချဲ့ထွင်ထားသော အဆိုနည်းပညာ) death metal ဂီတအမျိုးအစားမှ အဆိုတော်များသီဆိုကြသည်။ heavy metal ၏ အခြားဂီတပုံစံများတွင်လည်း အသုံးပြုကြသည်။ death growl သည် တစ်ခါတစ်ရံတွင် အကျဉ်းတန်သည် ဟုဝေဖန်ကြသည်။ မည်သို့ပင်ဆိုစေ death growl ၏ကြမ်းတမ်းမှုသည် death metal ၏ ခက်ထန်ကြမ်းတမ်းသော ဂီတပုံစံနှင့် အဆင့်ဆင့် အားမာန်ပါသော အဆိုအဖြစ် heavy metal မွ death metal အထိရှင်းလင်းပြတ်သားစွာ ဖော်ထုတ်ရေးမှတ်ခဲ့ကြသည်။

အဓိပ္ပာယ် ဖွင့်ဆိုချက် ပြင်ဆင်ရန်

death metal သည် မာန်ဖီသည့် အဆိုပုံစံများ( growled vocal) များနှင့်ဆက်စပ်နေသည်။ death metal သည် စာသားဆိုင်ရာများသည် thrash metal ထက်ပို၍ လေးနက်သည်။ ထူးခြားချက်မှာ သေခြင်းတရားနှင့် စိတ်သောကများကို လည်ချောင်းသံများဖြင့် ပေါ်ထွက်လာအောင် အလွန်နက်ရှိုင်းစွာ သီဆိုထားသည်။ Natalie Purcell က ဂရုပြုမိသည်မှာ death metal တီးဝိုင်း အများစုမှာ မသိသာသော မာန်ဖီသီဆိုသံများ များသောအားဖြင့် မြင့်၍ ငှက်ဆိုးသံ (သို့) operatic အဆိုပုံစံ (သို့) အားမာန်ပါသော အဆိုပုံစံများဖြစ်သည်။ လူမှုရေးပညာရှင် Deena Weinstein သည် death metal ကို ရေးမှတ်ထားသည်မှာ “ ထိုပုံစံရှိ အဆိုရှင်များသည် ကွဲပြားသော အသံများရှိကြ သည်။ မာန်ဖီခြင်းနှင့် ဟိန်းဟောက်ခြင်းသည် စကားလုံးများကို သီဆိုခြင်းထက် အတောအသံ သာလွန်သည်။ ကြီးမားသော distortion box အသံကို အသုံးပြုထားသည်။

ပညာရပ် ဝေါဟာရ ပြင်ဆင်ရန်

death growl သည် death metal အဆိုပုံစံဟု သိကြပြီး လည်ချောင်းသံအဆိုပုံစံ၊ မာန်ဖီသော အဆိုပုံစံ၊ မရှင်းလင်းသော အဆိုပုံစံ၊ စူးရှကြမ်းတမ်းသော အဆိုပုံစံနှင့် cookie monster အဆိုပုံစံဟုလည်း သိကြသည်။ “ ဂီတကို အသိအမှတ်ပြုရန် ဝါသနာရှင်များသည် လည်ချောင်းသံများကို ကြားနိုင်သော မာန်ဖီသံထက် လက်ခံခဲ့ကြသည်။ James Hetfield ၏ thrash metal သည် Rob Halford ၏ heavy metal ၏ high note နှင့် ယှဉ်ကြည့်လျင် ကြမ်းတမ်း၍ စူးရှသည်။ Deicide တီးဝိုင်းမှ Glen Benton (death metal ဂီတသမား) ဆွေးမြှေ့နေသော လူသေအလောင်းများဖြင့် ဖော်ပြခဲ့ကြသည်။

နည်းပညာ ပြင်ဆင်ရန်

growl တွင် အမျိုးမျိုးသော အသံအကျိုးသက်ရောက်မှုများပါရှိသည်။ သို့သော် သက်ရောက်မှုများသည် ဖန်တီးမှုထက် အတော်အသင့် အသံတိုးမြှင့်လေ့ရှိသည်။ သို့သော် ကြုံတောင့် ကြုံခဲဖြစ်သည်။ အသံနည်းပြများသည် ထူးခြားသော နည်းပညာကို သင်ပြကြသည်။ ထိုနည်းပညာများသည် အန္တရာယ်များလျော့နည်းစေရန် သတ်မှတ်ထားသည်။ မည်သို့ပင်ဆိုစေ အဆိုရှင်များစွာ ပြသပြီးဖြစ်သည်။ (ဥပမာ - Christian Alvestam ) ထိုနည်းပညာများတွင် ရင်ဝမ်းခြားကြွက်သားနှင့်လေဖိအားကို အသုံးပြု၍ လည်ချောင်းဆီသို့ အသံထွက်စေရန် အသုံးပြုခြင်းများပါဝင်သည်။ overtone singing ပုံစံများပါဝင်သည်။ လူပုဂ္ဂိုလ်သည် သူတို့၏ လည်ချောင်းကိုကြိုးစားဖျစ်ညစ်သကဲ့သို့ အသံသည် ကြီးမားမှု လျော့နည်းလာသည်။ (မြင့်မားသော မာန်ဖီသံ/ စူးစူးဝါးဝါးအော်သံများကို ကော့ဒ်များတွင်း တင်းအားလျော့နည်းစေရန် အသုံးပြုထားသည်) တချို့ အဆိုရှင်များ(ဥပမာ Danny Worsnop, Oliver Sykes ) ဖိအားများကို လည်ချောင်းထဲတွင် အသုံးပြုထားသည်။ ၂၀၀ရဇွန်လတွင် နယ်သာလွန်မှ Radboud University Nijmegen Medical Centre မှတင်ပြထားသည်မှာ growl ၏ ကျော်ကြားလာမှုကြောင့် ပြုစုကုသရသော လူနာအများအပြားရှိလာသည်။ တင်ဆက်ပြသရာတွင် နည်းပညာများ မမှန်ကန်မှုကြောင့် အဆိုအားစိုက်ခြင်းကြောင့် ဖောယောင်ခြင်းများ အဖြစ်များသည်။

သမိုင်းကြောင်းနှင့် အပြောင်းအလဲ ပြင်ဆင်ရန်

အစောပိုင်း အစဉ်အလာများ ပြင်ဆင်ရန်

growl အဆိုသည် viking ဂီတ၏ အပိုင်းတစ်ခုဖြစ်ခဲ့သည်။ ၁၀ ရာစုတွင် အာရပ်ကုန်သည် Abraham Ben Jacob သည် ဒိန်းမတ်နိုင်ငံတွင် လည်ပတ်ခဲ့ပြီး ဒေသခံဂီတကို ထင်မြင်ချက်ပေးခဲ့ သည်မှာ “ Slesvig မှ viking ဂီတကို မကြားခင်က အကျဉ်းတန်သော သီချင်းများကို ဘယ်တုန်းကမှ မကြားခဲ့ဖူးပါဘူး၊ သူတို့၏ လည်ချောင်းသံမှလာသော မာန်ဖီသံများသည် ဝံပုလွေအူသံများကို အမှတ်ရစေခဲ့ပါတယ်” ဟုဆိုသည်။ ၁၂ ရာစုမှ Hildegard of Bingen သည် ကိုယ်ကျင့်တရားကို ဖော်ဆောင်သော Ordo Virtutum ကိုရေးဖွဲ့ခဲ့သည်။ မာလ်နတ်၏ ဇာတ်ကောင်များသည် ပြိုင်ဘက်ကင်းသော တေးသွားသီဆိုပုံများကို အသုံးမပြုခဲ့ပေ။ နည်းဟန်များဖြင့် ဖျော်ဖြေခဲ့ကြသည်။

၁၉၆၆တွင် The Who တီးဝိုင်းသည် Boris the Spider သီချင်းကို ဖြန့်ချိခဲ့သည်။ ထူးခြားချက်မှာ ဘေ့(စ်) ဂီတာသမား John Entwistle ၏ basso profondo ဖြင့် death growl အော်သံများပါဝင်သည်။ ကျော်ကြားလာသော ဂီတမှ death growl အသံအသုံးပြုမှု၏ ပထမဆုံးဖြစ်သည်ဟု ယူဆနိုင်သည်။

မာန်ဖီသံများအသုံးပြုမှုသည် ကြောက်ခမန်းလိလိ အဆိုပုံစံများသည် rock ဂီတမှ ၁၉၅၆ မှ Mike Oldfield ၏ Tubular Bell သီချင်းများတွင် ရှာတွေ့နိုင်သည်။ လည်ချောင်းသံဖြင့် သီဆိုပုံများပါရှိပြီး ခေတ်ပေါ် death growl ပုံစံနှင့် နီးစပ်သည်။

၁၉၆၉နှင့် ၁၉၇၀ အစောပိုင်းမှ King Crimson တီးဝိုင်း၏ “ 21 Century Schizoid Man” သီချင်းသည် Greg Lake ၏ သိပ်သည်းသောအဆိုပုံစံကြောင့် သတိပြုမိခဲ့သည်။ Black Sabbath ၏ Iron Man နှင့် Pink Floyd ၏ One of these Days သီချင်းတို့တွင် တိုတောင်းသော မာန်ဖီသံ၊ အသံနိမ့်သော အဆိုများပါဝင်ပြီး rock ၏ ကြီးမားသော နောက်ခံကို ဆန့်ကျင်ထားသည်။ အခြားဥပမာများမှာ Roger Waters ၏ စူးစူးဝါးဝါးအော်သံများပါရှိသည်။ Pink Floyd ၏ သီချင်းများဖြစ်သည့် Take Up The Stethoscope and Walk (၁၉၆၇)၊ Careful with That Axe၊ Fgenre (၁၉၆၈) နှင့် Punk rock တီးဝိုင်းများဖြစ်သော The Clash နှင့် Stiff Little Fingers တို့တွင် ကြမ်းတမ်းသော အဆိုသံများပါဝင်သည်။ မည်သို့ပင်ဆိုစေ death growl ကဲ့သို့ metal ဂီတနှင့်အများဆုံးသက်ဆိုင်သော ပုံစံများမရှိပေ။

Heavy metal ၏မူရင်း ပြင်ဆင်ရန်

growl သည် ယနေ့အသုံးပြုသော death metal မှ တဖြည်းဖြည်းတိုးတက်လာသော ကြမ်းတမ်းမှုများနှင့် တိုက်ဆိုင်သည်။ နည်းပညာတီထွင်သူများကဲ့သို့ သီးခြားအတိအကျဖော်ထုတ်ရန် ခက်ခဲသည်။ ပုံစံကိုတည်ဆောက်ခဲ့သည်မှာ အချိန်ကြာခဲ့သကဲ့သို့ အဆိုရှင်များလည်း ခြားနားလာခဲ့သည်။ Death တီးဝိုင်းမှ အဆိုရှင်နှစ်ယောက်ဖြစ်သော အစောပိုင်း Kam Lee နှင့် နောက်ပိုင်း Chuck Schuldiner ကိုးကားခဲ့သူများအနက် ပထမဆုံးဖြစ်သည်။ Possessed တီးဝိုင်းသည်လည်း growl ပုံစံကို အသုံးပြုခဲ့သည့် အစောပိုင်းတီးဝိုင်းများမှ တစ်ခုဖြစ်သည်။ Necrophagist နှင့် Master တို့လည်းပါဝင်သည်။ ထိုတစ်ချိန်တည်းတွင် Hellhammer နှင့် Massacre တို့သည် growl အပြောင်းအလဲကို အသုံးပြုထားသည်။ Nic Bullen, Lee Dorrian နှင့် Mark “Barney” Greenway တို့သည် ၁၉၈၀နောက်ပိုင်းတွင် ထိုပုံစံကို အကျိုးပြုထောက်ပံပေးခဲ့သည်။ ရန်မူသော၊ နက်ရှိုင်းသော လည်ချောင်းသံများကို ပေါင်းထည့်ခဲ့သည်။ growl အသံကို နက်ရှိုင်းအောင် တဖြည်းဖြည်း အသုံးပြုခဲ့သော အခြားအဆိုရှင်တစ်ဦးမှာ death metal နှင့် grindcore အဆိုရှင် Chris Barnes ဖြစ်ပြီး Cannibal Corpse တီးဝိုင်းမှ မှုရင်းအဆိုရှင်ဖြစ်သည်။ တီးဝိုင်း၏ အတ္ထုပတ္ထိ ဗီဒီယိုတွင် သူဖော်ပြခဲ့သည်မှာ သူသည် Rob Halford ကဲ့သို့ သီဆိုချင်ခဲ့သော်လည်း သူ၏အသံမှာ အလွန်နိမ့်နေသည်။ သူသည် အခြားတူရိယာများနှင့် အတူ ရောစပ်သီဆိုရန်ကြိုးစားခဲ့သည်။ နက်ရှိုင်းသော လည်ချောင်းသံများသည် သူ၏အမှတ်လက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။