သောင်တင်ကျွန်းပေါ်မှ သီချင်းခွေများ

(Desert Island Discs မှ ပြန်ညွှန်းထားသည်)

သောင်တင်ကျွန်းပေါ်မှ သီချင်းခွေများ (Desert Island Discs) သည် ဘီဘီစီရေဒီယို ၄ ၏ လူပုဂ္ဂိုလ်ရာဇဝင် နှင့် စစ်မှန်သည့်အဖြစ်အပျက်များအပေါ်မူတည်ကာ ထုတ်လွှင့်သည့် ပရိုဂရမ်တစ်ခုဖြစ်သည်။ ၎င်းကို ၁၉၄၂ခုနှစ် ဇန်နဝါရီ ၂၉မှ စတင်ထုတ်လွှင့်ခဲ့ပြီး၊ ဗြိတိန်ရှိ ယနေ့ချိန်အထိ ကာလာအကြာဆုံး ဆက်လက်ထုတ်လွှင့်နေသည့် သမိုင်းဝင် ရေဒီယိုအစီအစဉ်တစ်ခုဖြစ်သည်။ ၂၀၁၂ အစောပိုင်းကာလတွင် ထုတ်လွှင့်သည့်သက်တမ်း နှစ်၇၀ကျော်ကြာခဲ့ပြီဖြစ်သည်။[၁]

အစီအစဉ် ပုံစံ ပြင်ဆင်ရန်

အသံလွှင့်အစီအစဉ်၌ ပါဝင်မည့် ဧည့်သည်သည် အကယ်၍ လူမနေသည့် ကျွန်းတစ်ကျွန်းပေါ်သို့ရောက်ရှိသွားပါက၊ သီချင်း ၈ပုဒ်၊ မူလအစတွင် သီချင်းအခွေချပ် သယ်ယူခွင့် နှင့် အဘယ့်ကြောင့် ကိုယ့်ဘဝအတွက် အရေးကြီးပုံကို ပြန်လည်ပြောဆိုဖော်ပြသည့် အစီအစဉ်ဖြစ်သည်။ ရွေးချယ်သည့်သီချင်းမှ အပိုင်းတချို့ သို့ တိုတောင်းပါက သီချင်းအဆုံးအထိ ထုတ်လွှင့်လေ့ရှိသည်။ အစောပိုင်းကာလတွင် ထုတ်လွှင့်မည့် သီချင်းကြာချိန်ကို ကြိုတင်သိရှိခန့်မှန်းနိုင်သော်လည်း၊ နည်းပညာမြင့်မားမှုနှင့် သီချင်းအချိန်များ ပို၍ကြာရှည်လာမှုကြောင့် အစီအစဉ်၏ ၄၅မိနစ်ကန့်သန့်ချိန်အတွင်း ထုတ်လွှင့်ပေးနိုင်ရန် ဖြတ်တောက်မှုများ ပြုလုပ်လာခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. "Desert Island Discs: Britain's longest-running radio show"၊ The Telegraph၊ 29 January,2012။