Disk Cleanup (cleanmgr.exe) သည် မိုက်ခရိုဆော့ဝင်းဒိုးတွင် ပါဝင်သည့် ကွန်ပျူတာထိန်းသိမ်းမှုဆိုင်ရာဆော့ဝဲ ဖြစ်သည်။ ၎င်းဆော့ဝဲကို ကွန်ပျူတာ၏ ဟာ့ဒစ်နေရာများ ရှင်းလင်းရန်အတွက် အသုံးပြုသည်။ ဤဆော့ဝဲကို မိုက်ခရိုဆော့သည် ဝင်းဒိုး ၉၈ တွင် စတင်မိတ်ဆက်ခဲ့ပြီး ထိုအချိန်မှစတင်ကာ မိုက်ခရိုဆော့ဝင်းဒိုးဗားရှင်းများတွင် ပါဝင်သည့် ဆော့ဝဲတစ်ခု ဖြစ်လာခဲ့သည်။

Disk Cleanup
Screenshot of Disk Cleanup in Windows 11
ဆော့ဖ်ဝဲလ်ရေးသူ(များ)Microsoft
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Microsoft Windows
ဆော့ဖ်ဝဲလ် အမျိုးအစားDisk maintenance application

၂၀၁၈ ခုနှစ်တွင် ဝင်းဒိုး ၁၀ ၏ ဗားရှင်း 1803 နှင့်အတူ Settings app တွင် ဒုတိယ cleanup utility တစ်ခုကို မိတ်ဆက်ခဲ့သည်။ သို့သော်လည်း Disk Cleanup ဆော့ဝဲသာ ဝင်းဒိုးနှင့်အတူ ကျန်ရှိခဲ့သည်။[၁]

အကြောင်းအရာ ပြင်ဆင်ရန်

ဤဆော့ဝဲသည် အချိန်ကြာမြင့်စွာ အသုံးပြုမှုမရှိသည့် ဖိုင်များကို ရှာဖွေပြီး အသုံးပြုသူသည် ထိုဖိုင်များကို ဖျက်ပစ်နိုင်ရန် လုပ်ဆောင်ပေးသည်။ ဖျက်ပစ်နိုင်ရန် ရှာဖွေပေးသည့် ဖိုင်အမျိုးအစားများတွင် အောက်ပါတို့ ပါဝင်သည်။

  • "Windows Update Cleanup": ကွန်ပျူတာစနစ်အတွင်း ထည့်သွင်းပြီး ဖြစ်သည့် Windows updates ၏ ကော်ပီဖိုင်များ
  • "Microsoft Defender Antivirus": Microsoft Defender Antivirus မှ လိုအပ်မှုမရှိတော့သည့် ယာယီဖိုင်များ
  • "Windows Update log files": troubleshooting ပြုလုပ်ရန်အတွက် ဝင်းဒိုးမှ ဖန်တီးထားသည့် Log files များ
  • "Downloaded Program Files" (deprecated): အင်တာနက်မှတဆင့် Internet Explorer ဆော့ဝဲက ဒေါင်းလုပ်ပြုလုပ်ခဲ့သည့် ActiveX controls and Java applets
  • "DirectX Shader Cache": လုပ်ဆောင်မှုအရှိန်ကို မြှင့်တင်ရန် DirectX က ဖန်တီးလိုက်သည့် ဗီဒီယိုဂိမ်းများ
  • "Delivery Optimization Files": Delivery Optimization က ဒေါင်းလုပ်ပြုလုပ်ခဲ့သည့် ယာယီ ဖိုင်များ
  • "Device driver packages": device drivers ထည့်သွင်းရန် အသုံးပြုခဲ့သည်များနှင့် အခြားမလိုအပ်သည်များ
  • "Language Resource Files": ဖောင်းပွနေသည့် ဖိုင်များအား မလိုအပ်ပါက ဖယ်ရှားခြင်း
  • "Recycle Bin": လက်ရှိအသုံးပြုနေသူအတွက်သာ ခွင့်ပြုထားသည့် Recycle Bin ရှိ အချက်အလက်ဖိုင်များ
  • "Temporary Files": အသုံးပြုခြင်း မရှိသော၊ အနည်းဆုံး ၄၈ နာရီမတိုင်မီက ဖန်တီးထားခဲ့သည့် ယာယီဖိုဒါအတွင်းရှိ ဖိုင်များ

ကိုးကား ပြင်ဆင်ရန်

  1. Deprecated features for Windows client။ Microsoft (2024-01-26)။